သင့်ရဲ့ စိတ်နေ စိတ်ထား ကို ပြောပြပေးမယ်...! (သိပ်ကောင်းတဲ့ ပဟေဠိလေးပါ..သင်တို့ကို ပျော်ရွှင်မှုတွေ ပေးစွမ်းပါလိမ့်မရ်..)

မြန်နိုင်သမျှအမြန်ဆုံး ဖြေဆိုရမှာ ဖြစ်ပါတယ်။ဒီပဟေဠိမှာပါတဲ့ မေးခွန်းတွေကို ဖြေဆိုတဲ့အခါမှာ
 မြန်နိုင်သမျှအမြန်ဆုံး ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်းကို ဖတ်ကြည့်ပြီးတာနဲ့ အတတ်နိုင်ဆုံးအာရုံသေချာစူးစိုက်ပြီး သင့်စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့အဖြေကို ပေါ်လာတဲ့အတိုင်း ချရေးရမှာ ဖြစ်ပါတယ်။

– သင်က လမ်းမတစ်ခုပေါ်မှာ ရပ်နေတယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါ။ အဲဒီလမ်းက ဘယ်လိုပုံစံမျိုးလမ်းလဲဆိုတာကို ပုံဖော်ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ – မြေနီလမ်းလား၊ ကားတွေ အရမ်းကြပ်နေတဲ့လမ်းမကျယ်ကြီးလား၊ အဝေးပြေးအမြန်လမ်းမကြီးလား စသဖြင့် စိတ်ထဲမှာ ချက်ချင်းပေါ်လာတဲ့အတိုင်း ချရေးထားရမှာ ဖြစ်ပါတယ်။

– သင်ရပ်နေတဲ့အချိန်မှာ နေလုံးက ဘယ်နားမှာ ရှိနေတာလဲ။ ဥပမာ – ညဖက်၊ နေ့လည်၊ နေ့ခင်း၊ မနက်အစောကြီးနေမထွက်သေးဘူး။

– သင်က အဲဒီလမ်းအတိုင်းဆက်လျှောက်လာရင်းနဲ့ ခြံစည်းရိုးတစ်ခုကို တွေ့တယ်။ အဲဒီခြံစည်းရိုးက ဘယ်လိုပုံစံမျိုးလေးလဲ ဖော်ပြပေးရပါမယ်။ ဥပမာ – သစ်သား ခြံစည်းရိုးလား၊ ကျောက်တုံးတွေနဲ့စီထားတဲ့ ခြံစည်းရိုးလား၊ သံဗန်းနဲ့ကာထားတဲ့ ခြံစည်းရိုး စသဖြင့်။

– သင်က အဲဒီခြံစည်းရိုးကို ကျော်သွားတဲ့အခါမှာ ဘယ်လိုကျော်သွားလဲ ဆိုတာပြောပြရပါမယ်။

– အဲဒီလို ကျော်ဖြတ်ပြီးနောက်မှာ သစ်တောအုပ်တစ်ခုကို ဖြတ်ပြီး လမ်းလျှောက်သွားရတယ်။ ဥပမာ

– တောအုပ်ထူထူကြီး၊ စိမ်းစိမ်းစိုစိုတောအုပ်လေး၊ ဆူးတောရုံကြီး စသဖြင့်။

– ဒီတောအုပ်ကို ဖြတ်သွားတဲ့အခါမှာ သင်လျှောက်သွားတဲ့လမ်းပေါ်မှာ သော့တစ်ချောင်း ပြုတ်ကျနေပါတယ်။ အဲဒီသော့က ဘယ်လိုသော့အမျိုးအစားလဲ၊ အရောင်၊ အရွယ်အစား။

– အဲဒီသော့ကို ကောက်ယူလိုက်လား၊ အဲဒီမှာပဲ ဒီတိုင်းထားလိုက်တာလား၊ သစ်ပင်ပေါ်မှာ ချိတ်လိုက်လား ဆိုတာကို ပြောပြပေးရမှာဖြစ်ပါတယ်။

– အဲဒီလမ်းအတိုင်းဆက်လျှောက်သွားရင်းကနေ ချောင်းတစ်ခုကို သင်တွေ့တယ်။ ဒီချောင်းက ဘယ်လိုပုံစံရှိလဲ။

– ချောင်းထဲကရေက ရေစီးနေတာလား၊ ရေအနက်ကြီးလား စဉ်းစားပေးရပါမယ်။

– ချောင်းနားရောက်တော့ သင်ဘာလုပ်မိသလဲ။ ဥပမာ – ရေထဲဆင်းမိလား၊ အဲဒီချောင်းဘေးနားမှာပဲ ထိုင်လိုက်လားဆိုတာ ရေးပေးရပါမယ်။

– ချောင်းကို ကျော်သွားတဲ့နောက်မှာတော့ သင်အရမ်းနေချင်တဲ့ သင့်အိပ်မက်ထဲက အိမ်ကြီးကို တွေ့ရမှာပါ။ အဲဒီအိမ်ထဲကနေ အလွန်ချောမောလှပတဲ့သူတစ်ယောက် ထွက်လာပြီး အိမ်ထဲကိုဝင်ဖို့ လှမ်းပြီးဖိတ်ခေါ်တဲ့အခါမှာ သင်ဘာလုပ်ပါသလဲ။ လိုက်ဝင်သွားလား၊ မဝင်ဘဲ လမ်း ဆက်လျောက်သွားသလား။

– အိမ်ရဲ့ အနောက်တည့်တည့်မှာ လမ်းတစ်လမ်းရှိပြီး အဲဒီလမ်းဟာ ဘယ်လိုလမ်းမျိုးလဲ ပြောပြပေးရပါမယ်။ အဲဒီလမ်းပေါ်မှာ ဘာတွေတွေ့သေးလဲ။
သင့်စိတ်ကူးတွေရဲ့ အဓိပ္ပာယ်ကို အောက်မှာ အဖြေရှာကြည့်နိုင်ပါတယ်။

– လမ်းမကြီးက သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝကို ကိုယ်စားပြုပါတယ်။ ကားတွေအများအပြား ဖြတ်သွားနေတဲ့လမ်းမကျယ်ကြီးလို့ ဖြေခဲ့ရင် သင့်ဘဝဟာ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတတ်ပြီး စွန့်စားစရာတွေများပြားတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ တကယ်လို့ မြေနီလမ်းလို့ ဖြေခဲ့ရင် သာမန်အေးချမ်းတဲ့ လူနေမှုဘဝကို နှစ်သက်တဲ့သူဖြစ်ပြီး အရာရာကို ထိန်းချုပ်ချင်တဲ့စိတ်ရှိသူတစ်ဦးဖြစ်ပါတယ်။ မညီမညာဘဲနဲ့ လမ်းမအပေါက်ကြီးတွေ၊ ကျောက်တုံးတွေ ရှိနေတဲ့လမ်းဆိုရင်တော့ တစ်စုံတစ်ခုက သင့်ကို စိတ်အနှောင့်အယှက်ပေးနေပါတယ်။ အဲဒီအရာက ကိစ္စတစ်ခုခုလည်းဖြစ်နိုင်သလို လူတစ်ဦးတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဒီအရာက သင့်ကို စိတ်ရှုပ်စေပြီး တုန်လှုပ်ခြောက်ခြားနေစေတာ ကြာပြီလို့လည်းဆိုပါတယ်။

– နေကတော့ သင့်ရဲ့ အကြံအစည်၊ စိတ်ကူးအကြံဉာဏ်နဲ့ သင့်ဘဝ ရည်မှန်းချက်တွေပါ။ သင့်အဖြေက မနက်ခင်းအချိန်လို့ ဖြေခဲ့ရင် သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ လမ်းစကို ရှာတွေ့နေပြီလို့ဆိုပါတယ်။ မွန်းတည့်နေဆိုရင်တော့ သင့်အကြံအစည်တွေကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ နေဝင်ချိန်ဆိုရင်တော့ သင့်ဘဝရည်မှန်းချက်အချို့ အောင်မြင်ပြီးသွားပါပြီ။

– ခြံစည်းရိုးကသင့်ဘဝရဲ့အခက်အခဲ၊အတားအဆီးတွေ ဖြစ်ပါတယ်။ ခြံစည်းရိုးကအမြင့်ဟာ ပြဿနာတွေကို သင့်ခေါင်းထဲမှာ ပုံကြီးချဲ့မိသလောက်နဲ့ တူပါတယ်။

– ဒီခြံစည်းရိုးကို သင်ဘယ်လိုကျော်ဖြတ်တယ်ဆိုတဲ့အဖြေကတော့ သင့်ဘဝမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကို ဖြေရှင်းတဲ့နည်းလမ်းပါပဲ။ သင်အဖြေက ခုန်ကျော်ပြီးတော့ ကျော်ခွပြီး ဖြတ်ခဲ့တယ်၊ ဘေးကနေပတ်ပြီး သွားတယ်၊ ဒါမှမဟုတ် ဂိတ်ပေါက်ကို လိုက်ရှာခဲ့တယ်ဆိုရင်တော့ သင်ဟာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ လိုက်လျောညီထွေစွာနဲ့ တစ်ခြားသူတွေအတွက်ပါ အဆင်အပြေဆုံးဖြစ်မယ့်နည်းလမ်းကို အမြန်ဆုံးရှာပြီး ဖြေရှင်းတတ်ပါတယ်။ သင့်ခေါင်းနဲ့ ဝင်တိုက်ခဲ့တယ်၊ တွန်းတိုက်ကြည့်တယ်ဆိုရင်တော့ အရာရာကိုလျက်တစ်ပြက်အတွင်းမှာ စိတ်မြန်လက်မြန်နဲ့ ဖြေရှင်းတတ်တဲ့သူတစ်ဦး ဖြစ်ပါတယ်။

– သစ်တောအုပ်ကြီးကတော့ သင့်ရဲ့ အတွင်းစိတ်ပဲ ဖြစ်ပါတယ်။ သစ်တောရဲ့အလင်းနဲ့အမှောင်က သင့်ရဲ့အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ နေရောင်ပြောက်ကြားထိုးနေတဲ့ တောအုပ်ဆိုရင်တော့ သင်ဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီး အသစ်အသစ်တွေကို သင်ကြားဖို့ ဆန္ဒပြင်းပြနေတဲ့သူတစ်ယောက်ပါ။ သစ်တောထူထူ၊ ထင်းရှုးတောလိုမျိုးလို့ဖြေခဲ့ရင်တော့ သင်က ဘဝမှာ ကိုယ်ဘာလိုချင်တယ်ဆိုတာကို အတိအကျသိထားပြီး အခြားသူများက ယုံကြည်အားကိုးရတဲ့သူတစ်ဦး ဖြစ်ပါတယ်။

– သော့ကတော့ သင့်ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်။ သော့သေးသေးလေးတွေ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေ၊ သင်ချစ်တဲ့သူ၊ သင့်မိသားစုနဲ့ သင့်စိတ်ချမ်းသာပျော်ရွှင်မှုကသာ သင့်အတွက်အရေးပါတဲ့အရာဖြစ်ပါတယ်။ သော့ကြီးကြီးလို့ဖြေခဲ့တယ်ဆိုရင်တော့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝနိုင်ဖို့နဲ့ ဘဝမှာခမ်းခမ်းနားနားနဲ့ ဇိမ်ရှိရှိနေနိုင်ဖို့ကို အဓိကထားသူတစ်ဦး ဖြစ်ပါတယ်။ သော့လှလှလေးဆိုရင် ရုပ်ရည်ချောမောလှပမှုဟာ သင့်အတွက် အရေးအကြီးဆုံးပါ။

– သော့ကို သင်ကောက်ယူသွားရင် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး အသုံးချတတ်တဲ့လူ ဖြစ်ပါတယ်။ သော့ကို မယူသွားဘူး၊ ဒါမှမဟုတ် သစ်ပင်ပေါ်မှာချိတ်ထားခဲ့တယ်ဆိုရင် သင့်အတွက် အခွင့်အလမ်းကောင်းတွေက အနီးအနားမှာရှိနေတာတောင် သတိလက်လွတ်နဲ့ မမြင်တတ်တဲ့သူ ဖြစ်ပါတယ်။

– ချောင်းထဲကရေကတော့ သင့်ရဲ့ချစ်ခြင်းသင်္ကေတပါပဲ။ ချောင်းကနက်လေလေ၊ ကြီးလေလေ သင့်ချစ်သူအပေါ် သင်ထားရှိတဲ့ သံယောဇဉ်ကလည်း ကြီးမားလေလေဖြစ်ပါတယ်။ ချောင်းရေဟာ ငြိမ်သက်စွာရှိနေတယ်ဆိုရင် သင်တို့နှစ်ယောက်က တည်တည်ငြိမ်ငြိမ်ရှိပြီး စိတ်တူကိုယ်တူရှိတဲ့ ချစ်သူနှစ်ဦး ဖြစ်ပါတယ်။ အမြန်စီးဆင်းနေတယ်ဆိုရင်တော့ အရမ်းကိုချစ်တတ်ပြီး သည်းသည်းလှုပ်ဖြစ်နေတတ်ပါတယ်။ ဒီထက်ပိုလေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

– ချောင်းဘေးနားမှာ ထိုင်ခဲ့တယ်ဆိုရင်တော့ သင်ချစ်ရတဲ့သူအနားမှာနေနေရတာကို အလွန်နှစ်သက်သူပါ။ ရေထဲဆင်းထိုင်တယ်၊ ရေကူးတယ်ဆိုရင် ခုတစ်လော သင့်ချစ်သူကအချိန်ပေးပြီး တယုတယဂရုစိုက်တာမျိုးကို လိုလားတောင့်တနေပါတယ်။

– အိမ်ကြီးထဲကနေ လူတစ်ယောက်ထွက်လာပြီး သင့်ကိုအထဲဝင်ဖို့ လှမ်းခေါ်တဲ့အခါမှာ သင်လိုက်သွားတယ်၊ လိုက်မသွားဘူးဆိုတာက သင်ဟာလောင်းကစားလုပ်ခြင်းကို ခုံမင်သူတစ်ယောက် ဟုတ်၊ မဟုတ်ကို အဖြေပေးပါတယ်။

– အိမ်ရဲ့အနောက်တည့်တည့်က လမ်းဟာ သင်ရဲ့ နောင်ရှေ့ရေးကို ကိုယ်စားပြုပါတယ်။ တကယ်လို့ အဲဒီလမ်းပေါ်မှာ အတားအဆီးတစ်ခုခုရှိနေတယ်ဆိုရင်တော့ သင်က သင့်ရဲ့ ဘဝအမှားတွေထဲကနေ သင်ခန်းစာပြန်ယူတတ်ဖို့ လိုအပ်နေပါတယ်။

Credit:Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...