မေသန်းနုတို့ ငွေကြေးကိစ္စ ပွဲကြမ်းပြီ..


လိမ်လည်မှုနဲ့ တရားရုံးမှာ တရားဆွဲ ခံထားရတဲ့ သရုပ်ဆောင် မေသန်းနုကတော့ တရားလိုပြု တိုင်ကြားထားသူ ဒေါ်စန်းစန်းမြင့်ကို အသရေဖျက်မှုနဲ့ ပြန်လည်အမှုဖွင့်ထားပြီး ဂုဏ်သိက္ခာကျဆင်းစေတာနဲ့ နစ်နာစေဖို့အကြံနဲ့ မမှန်မကန် စွပ်စွဲတိုင်ကြားခဲ့တာကို အရေးယူပေးဖို့ ကမာရွတ်မြို့နယ် တရားရုံးမှာ မေသန်းနုကိုယ်တိုင် ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ် (၅)ရပ်ကွက်မှာ နေထိုင်သူ ဒေါ်စန်းစန်းမြင့်ထံက သရုပ်ဆောင်မေသန်းနုက ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့ ငွေကျပ် ၆၂၅သိန်းကို ချေးယူခဲ့တယ်ဆိုပြီး လီဆယ်ပြောဆိုတာကြောင့် ပုဒ်မ ၄၂၀နဲ့ ၂၀၁၆ခုနှစ် ဇူလိုင်(၅)ရက်နေ့ ကမာရွတ်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရတဲ့ ဒေါ်စန်းစန်းမြင့်က မေသန်းနဲ့ နှစ်(၃၀)ကြာ ခင်မင်ရင်းနှီးခဲ့သူတစ်ဦး ဖြစ်ပြီး ၂၀၁၅ခုနှစ် ဇူလိုင်လက သမီးတစ်ကောင် နွားတစ်ထောင်ရုပ်ရှင်ဇာတ်ကားကို မေသန်းနုက ထုတ်လုပ်သူအဖြစ် ရိုက်ကူးရန်ငွေလိုတာကြောင့် ကျပ်သိန်း ၇၀၀ ကို မေသန်းနုအကူအညီတောင်းခဲ့တာကြောင့် ဇူလိုင်လ ၃ရက်နေ့မှာ နာနတ်တောလမ်းရှိ ရွှေကောင်းဟော့ပေါ့ဆိုင်တွင် မေသန်းနုနဲ့ ချိန်းဆိုကာ ဒေါ်စန်းစန်းမြင့်က ငွေကျပ် ၆၂၅သိန်းကို ပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီငွေကို သရုပ်ဆောင်မေသန်းနုက ရိုးမဘဏ်နဲ့ မြန်မာ့အရှေ့တိုင်းဘဏ်ချက်လက်မှတ်များဖြင့် ၂၀၁၅ခုနှစ်သြဂုတ်လမှ ဒီဇင်ဘာလအထိ ခြောက်ကြိမ်ငွေခွဲဆပ်ခဲ့သော်လည်း ငွေသားထုတ်ရာမှာ ဘဏ်များက အဲ့ဒီချက်လက်မှတ်ပါ ငွေစာရင်းများအရ ငွေလက်ကျန် မရှိတာကြောင့် ထုတ်ယူလို့ မရခဲ့ကြောင်း ၊ မေသန်းနုကို ဆက်သွယ်ရာမှာ ငွေသားနဲ့ ပြန်ပေးမယ်လို့ ပြောပေမယ့်လည်း ယနေ့အချိန်ထိ မရရှိတာကြောင့် လိမ်လည်မှုနဲ့ အရေးယူပေးဖို့ကို ကမာရွတ်မြို့မရဲစခန်းမှာ ဒေါ်စန်းစန်းမြင့်က တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ The Voice သတင်းစာမှ ရေးသားထားပါတယ်။ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရသူ ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင်မေသန်းနုကို တိုက်ခန်းဝယ်ယူရန်အတွက် ငွေကျပ် သိန်း၄၀၀ပြန်မပေးဟုဆိုကာ ပုဒ်မ၄၂၀နဲ့ ရန်ကင်းမြို့မရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြားခဲ့ပြီး လက်ရှိယင်းအမှုကို ရန်ကင်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

May Than Nu Source : The voice

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...