ပုလင်းထဲမှာ ငယ်ပါ တစ်နေလို့ ပုလင်းကို လွှနဲ့ဖြတ် သွေးတွေထွက်တော့ ဟိုးလေးကျော်သွားတဲ့ အမျိုးသား

အသက် 21 အရွယ် အမျိုးသားတစ်ယောက်ဟာ ပုလင်းထဲကို အပေါ့သွားရင်းနဲ့ ငယ်ပါက ပြန်ထုတ်မရတော့ဘဲ ညပ်နေခဲ့တယ်လို့ သိရပါတယ်။ သူရဲ့ အကြောင်းပြချက်ကတော့ ညသန်းခေါင်ခန့် အချိန်မှာ အပေါ့သွားချင်လာတဲ့အတွက်၊ ဒါ့အပြင် သန့်စင်ခန်းကို ရောက်အောင်သွားဖို့ အချိန်မမီနိုင်လို့ ပုလင်းကို အသုံးပြုခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ Teluk Gong မြို့မှာ ဖြစ်ခဲ့တာပါ။ Selangor Fire and Rescue Department မှ လက်ထောက် ဒါရိုက်တာ Mohd Sani Harul ရဲ့ အဆိုအရ ကာယကံရှင်အမျိုးသားဟာ ပုလင်းကို မိမိဘာသာဖြတ်ပစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မီးသတ်တပ်ဖွဲ့ရောက်သွားတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 Sani ” သူက ပုလင်းကို သံဖြတ်တဲ့လွှနဲ့ တိုက်ဖြတ်နေပါတယ် … ဒါက သူရဲ့ ငယ်ပါကို ဒဏ်ရာရစေပြီး၊ သွေးတွေ ထွက်စေခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။ အခင်းဖြစ်ရာနေရာကို Port Klang နဲ့ Andalas မှာတည်ရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ရောက်လာခဲ့ပြီး အုန်းအုန်းကျွတ်ကျွတ် ဖြစ်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ ကာယကံရှင်အမျိုးသားကို Tengku Ampuan Rahimah Hospital ဆေးရုံကို တင်ပို့ခဲ့ကြပြီး၊ အခုအခါမှာတော့ ၎င်းအမျိုးသားဟာ အစစအဆင်ပြေသွားတဲ့အနေအထားကို ရောက်နေပြီလိုသိရပါတယ်။ ယခင်ကလည်း အိမ်ထောင်မရှိတဲ့ အသက် 50 အရွယ်အမျိုးသားကြီးတစ်ယောက်ဟာ ပုလင်းတစ်ခုကို မဖွယ်မရာ ပြုမူခဲ့ရာက လေးရက်အထိ ပုလင်းထဲမှာ လိင်တံညှပ်နေခဲ့လို့ နောက်ဆုံး ဖြတ်ပစ်လိုက်ရတဲ့အထိ ဖြစ်ပွားခဲ့ဖူးပါသေးတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...