ကိုဝင္းထြန္းဘက္မွ တံခါးကိုသြားဖြင့္ၿပီး ဆြဲထုတ္ရာ ေျခေထာက္ညပ္ၿပီးး ထုတ္မရသျဖင့္ ကိုဝင္းထြန္းမွ သူ႔ကိုမထုတ္ပဲ ေနာက္ခန္းမွလူမ်ား ကိုကယ္ရန္ ေျပာ...
အျမန္လမ္း ကားမီးလာင္မႈျဖစ္စဥ္ ေနာက္ဆံုးရ..သတင္းဇန္နဝါရီ ၂၃-ည၇း၃၀
(၂၁.၁.၂၀၁၇) ေန႔ အျမန္လမ္း ၄ မိုင္ ၂ ဖာလုံ ယာဥ္မီးေလာင္မႈနဲ႔ပတ္သက္ၿပီး အခင္းျဖစ္ပြားခ်ိန္တြင္ ယာဥ္ေမာင္းသူမွာ တစ္ဦးတည္းအသက္ရွင္လြတ္ ေျမာက္သူ ကိုေအာင္ခန္႔ ကိုယ္တိုင္ျဖစ္ေၾကာင္း ၄င္းကိုယ္တိုင္ ယေန႔ နံနက္ပိုင္းတြင္ အျမန္လမ္း ၁၁ မိုင္ရဲစခန္းတြင္ ဝန္ခံထုတ္ေဖာ္ေျပာၾကား လိုက္ၿပီျဖစ္ၿပီး ရဲစခန္းမွလည္း အျဖစ္မွန္ကို ထုတ္ျပန္ေပးမည္ဟု သိရွိခဲ့ရပါသည္။
၃၉ မိုင္နားေနစခန္းထြက္ကတည္းကကားကိုယာဥ္ေမာင္း ကိုေအာင္ခန္႔ ေမာင္းလာေၾကာင္း၊ ကားမွာ အခင္းျဖစ္ေနရာအေရာက္တြင္ဘယ္ေရွ႕တာယာ ပြင့္၊ ဘယ္ဘက္သို႔ဆြဲသြားၿပီး အလူမီနီယမ္ တန္းအုတ္ခုံႏွင့္တိုက္မိစဥ္ ေရွ႕ေခါင္းဘယ္ျခမ္း အတြင္းသို႔ကၽြံဝင္သျဖင့္ ကိုဝင္းထြန္းေျခေထာက္ ၂ ဖက္လုံးညပ္ေနခဲ့ေၾကာင္း၊ ကိုေအာင္ခန္႔မွာ ညာဘက္တံခါးဖြင့္ထြက္ၿပီး ကိုဝင္းထြန္းဘက္မွ တံခါးကိုသြားဖြင့္ၿပီး ဆြဲထုတ္ရာ ေျခေထာက္ညပ္ၿပီးး ထုတ္မရသျဖင့္ ကိုဝင္းထြန္းမွ သူ႔ကိုမထုတ္ပဲ ေနာက္ခန္းမွလူမ်ား ကိုကယ္ရန္ ေျပာရာ ေနာက္ခန္း ဘယ္တံခါးမွာ တန္းမ်ားႏွင့္တိုက္မိေသာအရွိန္ျဖင့္ လုံးဝဖြင့္မရေၾကာင္း၊ ၄င္းအခ်ိန္တြင္ကားအတြင္းမွ မီးခိုးမ်ားအရမ္းထြက္လာေနၿပီ ျဖစ္သျဖင့္ အနီးသို႔ေရာက္လာသူမ်ားက သူ႔အားေနာက္ ဆုတ္ရန္ေျပာစဥ္ ေပါက္ကြဲမႈ ျဖစ္ပြားေၾကာင္း ရဲစခန္းမွကနဦးစစ္ေဆးခ်က္မ်ားအရမိသားစုထံရွင္းလင္း ေျပာၾကားခဲ့ေသာ သတင္းျဖစ္ပါသည္။ ကိုေအာင္ခန္႔အား မည္သည့္ဥပေဒႏွင့္တရားစြဲဆိုသြားမည္ကိုအတည္ မျပဳႏိုင္ ေသးဘဲလက္ရွိရဲလုပ္ထံုးလုပ္ နည္းမ်ားအတိုင္းတရား ပေဒေဘာင္အတြင္းမွေဆာင္ရြက္လ်က္ရွိပါေၾကာင္း။
Zaw Win Khaing
ျမတ္သူထြန္း
==========================
အမြန်လမ်း ကားမီးလာင်မှုဖြစ်စဉ် နောက်ဆုံးရ..သတင်း
ဇန်နဝါရီ ၂၃-ညရး၃၀
(၂၁.၁.၂၀၁၇) နေ့ အမြန်လမ်း ၄ မိုင် ၂ ဖာလုံ ယာဉ်မီးလောင်မှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားချိန်တွင် ယာဉ်မောင်းသူမှာ တစ်ဦးတည်းအသက်ရှင်လွတ် မြောက်သူ ကိုအောင်ခန့် ကိုယ်တိုင်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် ယနေ့ နံနက်ပိုင်းတွင် အမြန်လမ်း ၁၁ မိုင်ရဲစခန်းတွင် ဝန်ခံထုတ်ဖော်ပြောကြား လိုက်ပြီဖြစ်ပြီး ရဲစခန်းမှလည်း အဖြစ်မှန်ကို ထုတ်ပြန်ပေးမည်ဟု သိရှိခဲ့ရပါသည်။
၃၉ မိုင်နားနေစခန်းထွက်ကတည်းကကားကိုယာဉ်မောင်း ကိုအောင်ခန့် မောင်းလာကြောင်း၊ ကားမှာ အခင်းဖြစ်နေရာအရောက်တွင်ဘယ်ရှေ့တာယာ ပွင့်၊ ဘယ်ဘက်သို့ဆွဲသွားပြီး အလူမီနီယမ် တန်းအုတ်ခုံနှင့်တိုက်မိစဉ် ရှေ့ခေါင်းဘယ်ခြမ်း အတွင်းသို့ကျွံဝင်သဖြင့် ကိုဝင်းထွန်းခြေထောက် ၂ ဖက်လုံးညပ်နေခဲ့ကြောင်း၊ ကိုအောင်ခန့်မှာ ညာဘက်တံခါးဖွင့်ထွက်ပြီး ကိုဝင်းထွန်းဘက်မှ တံခါးကိုသွားဖွင့်ပြီး ဆွဲထုတ်ရာ ခြေထောက်ညပ်ပြီးး ထုတ်မရသဖြင့် ကိုဝင်းထွန်းမှ သူ့ကိုမထုတ်ပဲ နောက်ခန်းမှလူများ ကိုကယ်ရန် ပြောရာ နောက်ခန်း ဘယ်တံခါးမှာ တန်းများနှင့်တိုက်မိသောအရှိန်ဖြင့် လုံးဝဖွင့်မရကြောင်း၊ ၄င်းအချိန်တွင်ကားအတွင်းမှ မီးခိုးများအရမ်းထွက်လာနေပြီ ဖြစ်သဖြင့် အနီးသို့ရောက်လာသူများက သူ့အားနောက် ဆုတ်ရန်ပြောစဉ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရဲစခန်းမှကနဦးစစ်ဆေးချက်များအရမိသားစုထံရှင်းလင်း ပြောကြားခဲ့သော သတင်းဖြစ်ပါသည်။ ကိုအောင်ခန့်အား မည်သည့်ဥပဒေနှင့်တရားစွဲဆိုသွားမည်ကိုအတည် မပြုနိုင် သေးဘဲလက်ရှိရဲလုပ်ထုံးလုပ် နည်းများအတိုင်းတရား ပဒေဘောင်အတွင်းမှဆောင်ရွက်လျက်ရှိပါကြောင်း။
Zaw Win Khaing
မြတ်သူထွန်း
0 comments :
Post a Comment