“တိုင်းရုံးအစည်းအဝေးခန်းထဲကနေ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်”
ဇန်န၀ါရီ(၂၄)၊ရန်ကုန်။
ပေါက်ကွဲသံအကျယ်ကြီးကို မကွေးတိုင်းဒေသကြီး တိုင်းရုံးထဲမှာ အစည်းအဝေးပြု လုပ်နေချိန်မှာ ကြားလိုက်ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ဦးမြင့်ဦးကပြောပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မှ ဦးမြင့်ဦးက “အဲဒါနဲ့ပတ်သတ်ပြီး မင်းဘူးဘက်ကိုလှမ်းစုံစမ်းတယ်။ မင်းဘူးဘက်ကဘာပြောလဲဆိုရင် သုံးခါတောင်ကြားရတယ်ပြောတယ်။ပေါက်ကွဲသံပေါ့နော်။ မြင်တာတွေဘာတွေမရှိဘူး။ ကြားတာပဲကြားလိုက်ရတယ်”လို့ပြောပါတယ်။
ဘာပေါက်ကွဲသံမှန်းလည်း သူတို့မသိသေးဘူး။သူတို့စုံစမ်းနေတယ်လို့ ဦးမြင့်ဦးကဆက်ပြောပါတယ်။
မင်းဘူးရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေး နေဆဲဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။
(အသေးစိတ်ကိုထပ်မံဖော်ပြပေးပါမယ်)
Author ထင်လင်းထက်
Credit - kumudranews
Photo - ဟာသညီနောင် ပန်ကာ ကွာစိ
0 comments :
Post a Comment