ဟုတ္တယ္ေနာ္.. ကားမီးေလာင္တဲ့ေနရာမွာ ေက်ာက္တံုးေတြ အမ်ားႀကီးပဲ..။

တစ္ေလာက အျမန္လမ္းမွာ ကားမေတာ္တဆမႈေၾကာင့္ လူ ၈ ေယာက္ေသဆံုးခဲ့တဲ့ ျဖစ္စဥ္က အခုအခ်ိန္အထိ ျပည္သူေတြကို သံသယ ၀င္ေနၾကဆဲပါ။
ဒီေန႔ ျမင္ရတဲ့ပံုအရ ကၽြန္ေတာ့္ရင္ထဲမွာလည္း ေမးခြန္းေတြ အမ်ားၾကီး ျဖစ္သြားတယ္။
(ဒီပံု ဘယ္သူရိုက္သလဲ မသိလို႔ ခရက္ဒစ္မေပးႏုိင္တာ ေတာင္းပန္ပါတယ္။)
၁။ ပံုအရ လမ္းေဘးမွာ ေက်ာက္ခဲေတြ မ်ားၾကီးရွိေနတယ္။ ဘယ္ေက်ာက္ခဲနဲ႔ ေကာက္ထုထု မွန္ကြဲသြားမွာ ျဖစ္ျပီး အတြင္းက လူကို ကယ္ႏုိင္ပါလွ်က္နဲ႔ အသက္ရွင္က်န္သူတစ္ေယာက္က ဘာ့ေၾကာင့္ အဲ့ဒီလို ကယ္ဖို႔ သတိမရတာလဲ... မကယ္တာလဲ။
၂။ ပံုအရ ေရွ႕တံခါး ႏွစ္ခ်ပ္လံုးပြင့္ေနတယ္။ မီးေလာင္ေလာင္ျခင္း ခရီးသည္ေတြဟာ ေနာက္က ထြက္မရ ေရွ႕က ဘာလို႔ထြက္ဖို႔ (တစ္ေယာက္မွ) မၾကိဳးစားတာလဲ။
(ကၽြန္ေတာ္ ပရဟိတ အေနနဲ႔ လမ္းေပၚမွာ ကားမီးေလာင္တာ ၃ ၾကိမ္ေလာက္ ျငိမ္းေပးခဲ့ဖူးတယ္။ ဗံုးကြဲတာ မဟုတ္တဲ့အတြက္ မီးဟာ ထင္သေလာက္ မျမန္ဘူး မဆိုးဘူး ဆိုတာ ကၽြန္ေတာ့္ အေတြ႕အၾကံဳအရ ေကာင္းေကာင္းသိတယ္။)
၃။ ပံုအရ ဓါတ္ဆီတိုင္ကီ မကြဲဘူးလို႔ သံုးသပ္မိတယ္။
တိုက္မိတဲ့ အရွိန္ေၾကာင့္ ဓါတ္ဆီတုိင္ကီကြဲရင္ အရွိန္မေသခင္မွာပဲ ဓါတ္ဆီေတြ ေအာက္ကို ဖိတ္က်လာမယ္။ ကားျဖတ္ခဲ့တဲ့ လမ္းတစ္ေလွ်ာက္ ဓါတ္ဆီေတြကိုဆက္တုိက္ ဖိတ္က်မယ္ က်တဲ့ဆီကို မီးေလာင္ေနရမယ္။ ပံုအရ လမ္းေပၚမွာ မီးေလာင္ေနတာ မေတြ႕ရတာက တစ္ခ်က္၊
ေနာက္တစ္ခ်က္က ပံုအရ ဓါတ္ဆီ တိုင္ကီနဲ႔ တုိက္မိမဲ့ အတားအဆီး မေတြ႕ရတာေၾကာင့္ရယ္ ဓါတ္ဆီတိုင္ကီကြဲလို႔ မီးေလာင္တယ္လို႔ ကၽြန္ေတာ္ မသံုးသပ္မိဘူး။
ကားသမားဟာ ပထမ သူကားေမာင္းတာ မဟုတ္ပါဘူးလို႔ ျငင္းတယ္။ ေနာက္မွ သူေမာင္းပါတယ္လို႔ ၀န္ခံတယ္။
*******
ကၽြန္ေတာ့္ ရင္ထဲက ေမးခြန္းေတြ ခ်ေရးမိတာပါ။
ဘယ္သူ႔ကိုမွေတာ့ ထိခိုက္ေစလိုတဲ့ ဆႏၵမရွိပါဘူး။
က်န္ရစ္သူ မိသားစုရဲ႕ ကာယကံရွင္ေတြကိုအားနာေပမယ့္ သူတို႔လည္း ေသသြားသူေတြ အတြက္ေတာ့ အမွန္တရား တစ္ခု လိုၾကမယ္ ထင္ပါတယ္။ ကၽြန္ေတာ္လည္းလိုခ်င္တယ္။
သူတို႔ေတြ ခပ္လြယ္လြယ္ေလး ေသသြားၾကတာ မွ မဟုတ္တာ..

ေဇာ္လြင္၀င္း
 တစ်လောက အမြန်လမ်းမှာ ကားမတော်တဆမှုကြောင့် လူ ၈ ယောက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်က အခုအချိန်အထိ ပြည်သူတွေကို သံသယ ဝင်နေကြဆဲပါ။
ဒီနေ့ မြင်ရတဲ့ပုံအရ ကျွန်တော့်ရင်ထဲမှာလည်း မေးခွန်းတွေ အများကြီး ဖြစ်သွားတယ်။
(ဒီပုံ ဘယ်သူရိုက်သလဲ မသိလို့ ခရက်ဒစ်မပေးနိုင်တာ တောင်းပန်ပါတယ်။)
၁။ ပုံအရ လမ်းဘေးမှာ ကျောက်ခဲတွေ များကြီးရှိနေတယ်။ ဘယ်ကျောက်ခဲနဲ့ ကောက်ထုထု မှန်ကွဲသွားမှာ ဖြစ်ပြီး အတွင်းက လူကို ကယ်နိုင်ပါလျှက်နဲ့ အသက်ရှင်ကျန်သူတစ်ယောက်က ဘာ့ကြောင့် အဲ့ဒီလို ကယ်ဖို့ သတိမရတာလဲ... မကယ်တာလဲ။
၂။ ပုံအရ ရှေ့တံခါး နှစ်ချပ်လုံးပွင့်နေတယ်။ မီးလောင်လောင်ခြင်း ခရီးသည်တွေဟာ နောက်က ထွက်မရ ရှေ့က ဘာလို့ထွက်ဖို့ (တစ်ယောက်မှ) မကြိုးစားတာလဲ။
(ကျွန်တော် ပရဟိတ အနေနဲ့ လမ်းပေါ်မှာ ကားမီးလောင်တာ ၃ ကြိမ်လောက် ငြိမ်းပေးခဲ့ဖူးတယ်။ ဗုံးကွဲတာ မဟုတ်တဲ့အတွက် မီးဟာ ထင်သလောက် မမြန်ဘူး မဆိုးဘူး ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ ကောင်းကောင်းသိတယ်။)
၃။ ပုံအရ ဓါတ်ဆီတိုင်ကီ မကွဲဘူးလို့ သုံးသပ်မိတယ်။
တိုက်မိတဲ့ အရှိန်ကြောင့် ဓါတ်ဆီတိုင်ကီကွဲရင် အရှိန်မသေခင်မှာပဲ ဓါတ်ဆီတွေ အောက်ကို ဖိတ်ကျလာမယ်။ ကားဖြတ်ခဲ့တဲ့ လမ်းတစ်လျှောက် ဓါတ်ဆီတွေကိုဆက်တိုက် ဖိတ်ကျမယ် ကျတဲ့ဆီကို မီးလောင်နေရမယ်။ ပုံအရ လမ်းပေါ်မှာ မီးလောင်နေတာ မတွေ့ရတာက တစ်ချက်၊
နောက်တစ်ချက်က ပုံအရ ဓါတ်ဆီ တိုင်ကီနဲ့ တိုက်မိမဲ့ အတားအဆီး မတွေ့ရတာကြောင့်ရယ် ဓါတ်ဆီတိုင်ကီကွဲလို့ မီးလောင်တယ်လို့ ကျွန်တော် မသုံးသပ်မိဘူး။
ကားသမားဟာ ပထမ သူကားမောင်းတာ မဟုတ်ပါဘူးလို့ ငြင်းတယ်။ နောက်မှ သူမောင်းပါတယ်လို့ ဝန်ခံတယ်။
*******
ကျွန်တော့် ရင်ထဲက မေးခွန်းတွေ ချရေးမိတာပါ။
ဘယ်သူ့ကိုမှတော့ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။
ကျန်ရစ်သူ မိသားစုရဲ့ ကာယကံရှင်တွေကိုအားနာပေမယ့် သူတို့လည်း သေသွားသူတွေ အတွက်တော့ အမှန်တရား တစ်ခု လိုကြမယ် ထင်ပါတယ်။ ကျွန်တော်လည်းလိုချင်တယ်။
သူတို့တွေ ခပ်လွယ်လွယ်လေး သေသွားကြတာ မှ မဟုတ်တာ..

ဇော်လွင်ဝင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...