တောင်ငူမြို့တွင်သက်တော် ၈၆ နှစ်ရှိသည့်ဆရာတော်အား အနုကြမ်းစီးသည့်လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ


ပွားခဲ့သည်။
ဇော်ဝင်းချစ်(တောင်ငူ)

 တောင်ငူမြို့တွင်သက်တော် ၈၆ နှစ်ရှိသည့်ဆရာတော်အား အနုကြမ်းစီးလုယက်ထွက်ပြေးသွားသည့်လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၁ ရက်နေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က တောင်ငူမြို့ ၆ ရပ်ကွက် မြတောင်ကျောင်းတိုက်မှ သက်တော် ၈၆ နှစ်ရှိသည့် ဆရာတော်တစ်ပါးထဲရှိနေ စဉ်လူငယ်နှစ်ဦးမှအနုကြမ်းစီးလုယက်ထွက်ပြေးမှုဖြစ်
ပွားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူလူငယ်နှစ်ဦးဖြစ် သည့်မောင်လမင်းထွန်း(ခ)မင်းမင်း(ဘ)ဦးမောင်လတ်၊ မိချောင်းခေါင်းကျေးရွာ၊ထန်းတပင်မြို့နေသူအား ကရင်ပြည်နယ်မြဝတီမြို့တွင်ဖမ်းဆီးရမိခဲ့ပြီး၊၄င်းနှင့် အတူပြစ်မှုကျူးလွန်ရာတွင်ပူးပေါင်းပါဝင်ခဲ့သည့် ကျော်ရှင်းမောင်၊ ၁၇ နှစ်ခန့်၊အဝေးသင်တက္ကသိုလ် (သမိုင်း) ဗိုလ်တဲရပ်၊ကညွတ်ကွင်းမြို့နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ရာအခင်းဖြစ်ပြီး ၄ ရက်မြောက်နေ့
တွင်အနုကြမ်းစီးလုယက်ခဲ့သူလူငယ်နှစ်ဦးလုံးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တောင်ငူမြို့အမှတ် ၂ နယ်မြေရဲစခန်းမှတာဝန်ရှိသူများက မြဝတီတွင်ဖမ်းဆီးရမိသည့်မောင်လမင်းထွန်း(ခ)မင်းမင်း
နှင့်ကညွတ်ကွင်းမြို့တွင်ဖမ်းဆီးရမိခဲ့သည့်ကျော်ရှင်း မောင်တို့ နှစ်ဦးလုံးအားဇန်နဝါရီ ၂၄ ရက်နေ့တွင် သွားရောက်လွှဲပြောင်းဖမ်းဆီးခေါ်ဆောင်နေပြီဖြစ် ကြောင်းသိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)

Credit အောင် အောင် ခိုင်






Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...