အမျိုးသမီး လစဉ်သုံး ပစ္စည်းများနဲ့ ကင်ဆာရောဂါ အန္တရာယ်..အပြည့်အစုံ နှိပ်ကြည့်လိုက်.

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျမ္မာရေး အသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာတို့ ဖြင့် လာရောက် ကုသမှုခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များ ကို ဆေးမှတ်တမ်း ပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည် အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံး ပစ္စည်းကို အတွင်းခံ ဘောင်းဘီမှာ အချိန်ကြာမြင့်စွာ ထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိ ခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်းက အပြင် အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူု ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲ စေပြီး၊ အနီရောင်မှ အစိမ်းရောင် မှိုဖြစ်သွားပါတော့တယ်။

ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတေ လျှာက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့  သားအိမ်တို့ ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital က အကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။

၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲ ခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ် စက်တင်္ဘာလ လယ်အထိ ၅၆ ဦး ရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်း ကျမ္မာရေး အတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ အပေါင်းအသင်းများ အား ကျယ်ကျယ် ပြန့် ပြန့် မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။

Credit:ပေါက်ပေါက်…

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...