ပေးလိုက်ပါတယ် တီချယ်ရယ်

အငယ်မ ဗိုက်ကနာတယ်၊ ၀မ်းချုပ်၊ သွေးချုပ်ဖြစ်တယ်။ ဗိုက်ကလည်း တဖြည်းဖြည်းနဲ့ရောင်လာ တယ်။ မာလကာသီးတွေ နင်း ကန်စားတာကိုး ဖြစ်တော့မှာပေါ့။ ရွာက ပယောဂရော၊ ရမ်းကုရော မကုနိုင်တော့ဘူးတဲ့ ကြည်ပြာရေ။ နင်အမြန်ပြန်လာနော်။ နင့်ညီမကို ဆေးခန်းပြရမယ်။

အမေက ဖုန်းဆက်တော့ မကြည် ပြာတစ်ယောက်အပြေးအလွှား ရွာပြန်လိုက်ရတယ်။ အဝေးသင် ကျောင်းက ပြန်တက်ရက်ကနီးနေ တော့ မြို့ပေါ်ကျောင်းရောက် သွားရင် ပြန်လာဖို့ဆိုတာ အဆင် မပြေတာနဲ့ စောစောစီးစီးဆရာ ၀န်ပြခဲ့ပေးမယ်ဆို ညီမလေးကို ခေါ် ၊ စုထားတဲ့ ကျောင်းတက်မယ့်ပိုက်ဆံကိုဖဲ့ပြီး ဆေးခန်းကိုအပြေး သွားပြတယ်။

ဆေးခန်းရောက်တော့ ထုံးစံ အတိုင်းအကုန်စစ်ကြတာ ပိုက်ဆံ ကုန်မှာစိုးလို့ မစစ်ချင်လည်း မရ။ နောက်ဆုံးသွေးစစ်၊ ဆီးစစ်လိုက် တော့ ကိုယ်ဝန်ရှိနေတယ်တဲ့။
ငယ်ထိပ်မြွေပေါက်ခံလိုက် ရသလိုပဲ တီချယ်ရယ်...

(၁၆) နှစ် မပြည့်တပြည့် ညီမလေး၊ ဘုမသိဘမသိ၊ ကလေးတစ်ယောက်လို ပြေးလွှားဆော့ ကစားလို့ ကောင်းတုန်း၊ အရွယ် ကောင်းကလေးမ၊ အခုတော့ ရေ တိမ်နစ်ပြီတီချယ်။ တစ်ခါမှ တွေး မထားမိဘူး။ သမီးတို့ မိသားစုမှာ ဒီလိုအရှက်တကွဲ အကျိုးနည်း စရာကိစ္စကြီး ကြုံရလိမ့်မယ်လို့ မဖြစ်နိုင်ဘူးဆိုပြီး သေချာအောင် အာထရာဆောင်းရိုက်လိုက်တယ်။

ပြီးတော့ ညီမလေးကို ဆု တောင်းပြည့်ဘုရားရှေ့ကိုခေါ် သွားတယ်။ ညီမလေးရယ် နင်မှန် မှန်ပြောစမ်း ဘယ်တုန်းက ရည်း စားထားမိသလဲ...မနည်းစစ်မေး ရတယ်။
ညီမလေးက တအားငို တယ်။ နောက်ဆုံးတော့ ပထွေးက ဓားနဲ့ထောက်ပြီး အဓမ္မပြုကျင့် တာတဲ့ ဘယ်လိုဘယ်ပုံဖြစ်သလဲ၊ ဘယ်တုန်းကဖြစ်သလဲ၊ ဘယ်နေ ရာဖြစ်သလဲ၊ ဘယ်လိုလုပ်လဲဆို တာတွေတောင် သူ့ခမျာရေရေ လည်လည်မပြောတတ်။

နောက်တော့မှ ပထွေးက နင်ပြန်ပြောရင် နင်တို့တစ်မိသားစု လုံးသတ်ပစ်မယ်။ ငါက ထောင် ထွက်၊ တစ်ကြိမ်သာသားမယားပြု ကျင့်ပေမယ့် ကံဆိုးစွာနဲ့ ဒီကလေးမ ကိုယ်ဝန်ရလိုက်တယ် တီချယ် ရယ်။ ငါးလကျော်ပြီ မိန်းကလေး တဲ့။ စော်ကားပြီးနောက်ပိုင်းမှာ ပထွေးက အမေလစ်တိုင်း အမြဲ တမ်းခြိမ်းခြောက်တယ်တဲ့။ က လေးမက ဘယ်သူ့မှမပြောရဲဘူးတီချယ်။

ကြည်ပြာတို့ အဖေဆုံးပြီး တော့ အမေက ဒီလူကို နာဂစ်အ ပြီးမှာယူလိုက်တာပါ။ ပထွေးနဲ့ နေလာတာ နာဂစ်ပြီးကတည်းက ဆိုရင် ကလေးမအသက် (၇) နှစ် လောက်ကတည်းက သူ့လက် ပေါ်ကြီးလာတာပါ တီချယ်။ အခု ဆိုရင် ကလေးမအသက် (၁၆) နှစ်နီးပါးပေါ့။

ဒီကလေးမ တီချယ့်ဆီမှာ ကျောင်းအိပ်ကျောင်းစားနေခွင့် လျှောက်တာမရတော့ ရွာကျောင်းမှာ တက်တယ်တီချယ်။ အခုစာ မေးပွဲက နီးပြီ၊ ဗိုက်တစ်လုံးနဲ့ ကျောင်းတက်ဖို့ စိတ်အားထက် သန်နေသေးပေမယ့် ဒီကလေးမ ကို သူ့သူငယ်ချင်းတွေက နှာခေါင်းရှုံ့ရှောင်ကြတယ်တဲ့။ ဟိုးအရင်ကတည်းက ပေါင်းလာတဲ့ သူငယ် ချင်းတွေဆိုတော့ ကလေးမခမျာ အတော်စိတ်မကောင်းဖြစ်တယ် တီချယ်။

ကြည်ပြာလည်း အခုတီချယ် ကျောင်းမှာမကူနိုင်ဘဲ သူ့ဇောနဲ့ ရွာပြန်ပြီး သူ့နားမှာပဲ စောင့်နေ ရတယ်။ မတော်လို့ သေကြောင်း ကြံလိုက်မှာ ကြည်ပြာအရမ်းစိုးရိမ်လို့ တီချယ်။ တစ်ဦးအသက်လည်း မဟုတ်၊ ကြည်ပြာနဲ့ အမေနဲ့ သိသိချင်း ဒေါသကလည်း အရမ်းထွက်၊ရှက်ကလည်း ရှက်နဲ့ ရွာကရဲကို တိုင်တော့ ရွာရဲကပထွေးကို လာ ဖမ်းကြပါတယ် တီချယ်။ အားကိုး ရတယ်ပြောမယ်မကြံသေးဘူး။ ဖမ်းခ၊ ထိန်းသိမ်းထားခ တစ်ည ၆,၀၀၀ ကျပ်ပေးရမယ်။

တီချယ်ရယ် ပေးလိုက်ပါ တယ်။ ဒီလိုလူမျိုးကို ကြည်ပြာတို့ မိသားစုထဲကအပြီးတိုင် ထုတ်ပစ် ပြီး အပြစ်ဒဏ်ကြီးကြီးလေးလေး ကျခံရအောင်ဆိုတဲ့ စိတ်အဟုန် တစ်ခုပဲရှိတော့တယ်။
နောက်တစ်ခါ ရွာကနေတစ် ဆင့် မြို့နယ်ရုံးကိုသွားပြီး အစစ် ခံရမယ်ဆိုတော့ တရားခံသယ်ခ ဆိုပြီး ၃၀,၀၀၀ ကျပ်တောင်း တယ်။ ပေးလိုက်ပါတယ် တီချယ်။ပြီးတော့ လိုက်ပို့တဲ့ ရဲသုံး ယောက် ကွမ်းဖိုး၊ ဆေးလိပ်ဖိုးက ၁၀,၀၀၀ ကျပ်ကျတယ်တဲ့။ ပေး လိုက်ပါတယ် တီချယ်ရယ်။

တီချယ်ပေးတဲ့ လီဂယ်အိပ် (Legal Aid)လည်း ဖုန်းဆက်ကြည့်ပါတယ်။ ‘‘ဟုတ်ကဲ့’’တစ်ခွန်းပြောပြီး ဖုန်းချသွားတယ် တီချယ်။
နောက်တော့ တီချယ်ပြောမှ သိရတယ်လေ။ သူတို့က ကုလသမဂ္ဂကလေးသူငယ်စောင့်ရှောက်ရေး က ရန်ပုံငွေရတဲ့ လွန်ခဲ့တဲ့ သုံးနှစ်ပဲ ဒီလိုအမှုတွေကို လိုက်လုပ်ပေးတယ်။ ရန်ပုံငွေလည်းရပ်၊ စီမံကိန်းလည်းရပ်၊ ဗဟုသုတရပါတယ် တီချယ်။

မြို့ပေါ်ရောက်တော့ စစ် ဆေးရမယ်။ ဖြစ်ခဲ့စဉ်က အ၀တ် အစားကို ဓာတ်ခွဲခန်းပို့ခက ၆၀,၀၀၀ ကျပ်ကျမယ်တဲ့။ သမီး ဘယ်လိုလုပ်ရမလဲ တီချယ်။
ကြည်ပြာတစ်ယောက် ချွေး ခံအိတ်ထဲနှိုက်ကြည့်လိုက်တော့ လက်ကျန်ငွေက ၈,၀၀၀ ကျပ်။ ညနေက ၄ နာရီခွဲတော့မယ်။ မနက်စာထမင်းမစားရသေးဘူး တီချယ်၊ ....အားတင်းပြီး တံတွေးကို မျိုချ၊ ၂၀ တိုးအပေါင်မပါ ငွေချေးရတဲ့နေရာကို ဗလောင်ဆူရှာနေဆဲ.....
ဆက်ရန်ရှိသည်.....

(မှတ်ချက်- ကလေးသူငယ်မုဒိမ်း မှုတစ်ခုတွင် ကံဆိုးခဲ့သော မိန်း ကလေးငယ်တစ်ဦး၏ အဖြစ်အ ပျက်ကို အမည်ပြောင်း၍ ရေးသား ထားခြင်းဖြစ်ပါသည်။)

By ကလောင်ငကြည်
November 29, 2016
7 days

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...