အရက်မူးလွန်ပြီး အိပ်ပျော်သွားစဉ် ရေခဲတိုက်ထဲ အပို့ခံလိုက်ရသူ

ရေခဲတိုက်စောင့်တဲ့ အစောင့်က သရဲဆိုပြီး ပြန်မသတ်လိုက်လို့တော်သေးတာပေါ့..။
ပိုလန်နိုင်ငံမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကမ်မေးဟာ ဗော့ဒ်ကာတွေ အများကြီးသောက်ပြီးနောက် လဲကျမေ့မြောသွားခဲ့တဲ့အတွက် ဆေးရုံပို့လိုက်ရာ ဆေးရုံက သူ့အား သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ဆေးရုံစောင့်ဟာ ရေခဲတိုက်ထဲက ဆူညံသာတွေကြားတဲ့အတွက် တံခါးကို ဖွင့်လိုက်ရာ အဝတ်မပါတဲ့ အလောင်းကောင်ကြီးက စောင်ပေးဖို့ တောင်းဆိုတာကို တွေ့လိုက်ရပါတယ်။ အစောင့်က ရဲကို ခေါ်ခဲ့ပြီး ကမ်မေးကို ဆေးစစ်ပြီးတဲ့နောက် သူ့ကို အိမ်ပြန်လွှတ်ခဲ့ပါတယ်။ သေရွာက ပြန်ထလာခဲ့တဲ့ ကမ်မေးဟာ ချက်ချင်းပဲ အရက်ဆိုင်ကို ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : Metro
Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...