ပြည့်တန်ဆာမကိုသတ်ပြီး ရေခဲသေတ္တာထဲမှာ ၀ှက်ထားခဲ့သည့် ဘဏ်မန်နေဂျာ

သေဆုံးသူအမျိုးသမီးဟာ အသက် 25 နှစ်ဖြစ်
ဘဏ်ရင်းနီးမြှုပ်နှံမှု လုပ်ငန်းရှင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Robert S လို့ အမည်ရတဲ့ အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၎င်းအမှုအတွက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တဲ့ တရားခံအား ကာလရှည် စုံ စမ်းရှာဖွေခဲ့ရပြီး နောက်ဆုံး Robert S (49)
နှစ်ကို လူသတ်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် 25 နှစ်ဖြစ်ပြီး J.P လို့သာ ဖော်ပြထားပါတယ်။ သူမဟာ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အနီး ကြယ်ငါးပွင့်အဆင့်ရှိ Dolder Grand Hotel မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ Robert ဟာ ဒေသခံဘဏ်တစ်ခုမှာ ရင်းနီး
မြှုပ်နှံမှုမန်နေဂျာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒီအမှုကို ရှောင်တိမ်းနေခဲ့ပါတယ်။

Robert ဟာ အဆိုပါအမျိုးသမီးကို လည်ပင်းညှစ်သတ်ပြီး အလောင်းကို သူနေထိုင်ရာ Kuesnacht မြို့က အခန်းဆီအထိ သယ်သွားခဲ့ပါတယ်။ နောက် အလောင်းကောင်ကို ၀ိုင်သိုလှောင်တဲ့ ရေခဲ့သေတ္တာထဲကို ထည့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုဖြစ်တဲ့ 2014 ခုနှစ် စက်တင်ဘာ 24 ရက်နေ့နောက်ပိုင်း တစ်ပတ်အကြာမှာ ရဲတပ်ဖွဲ့ဟာ Robert ရဲ့ အခန်းကို ၀င်
ရောက်ရှာဖွေခဲ့ပါတယ်။

သေဆုံးသူ J.P ရဲ့ အလောင်းကို ၀ိုင်လှောင်ရေခဲ့သေတ္တာထဲမှာ တွေ့ခဲ့ရပြီး Robert ကို ပြစ်မှုနဲ့ အလိုရှိကြောင်း ၀ရမ်း
ထုတ်ခဲ့ပါတယ်။ J.P ဟာ မိခင်ပိုလန်နိုင်ငံမှာ သူနာပြုသင်တန်း အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပြီး၊ ဆွဇ်ကိုရောက်တဲ့အထိ မိသားစုနဲ့ နေ့စဉ် ဖုန်းပြောကြပါတယ်။ နောက်ပိုင်း ဆွေမျိုးတွေက ဖုန်း ဘယ်လိုမှ ဆက်လို့မရတော့မှ သက်ဆိုင်ရာကို အကြောင်းကြားခဲ့လို့ အခုလို လူသတ်မှု ပေါ်ပေါက်ခဲ့တယ်ဆိုတာ သိခဲ့ရတာပါ။

J.P ဟာ အလွန်များပြားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းရတဲ့ ပြည်တန်ဆာတစ်ယောက်ဖြစ်ပြီး၊ ၎င်းတို့ သွားရောက်ခဲ့တဲ့ Dolder Grand Hotel ကလည်း တစ်ညတာ တည်းခိုဖို့အတွက် ပေါင် 560 ခန့် ကုန်ကျတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ သူမ သေဆုံးရတဲ့ အကြောင်းအရင်း အမှန်ကို မသိရသေးပါဘူး။

Source : Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...