ဆယ်နှစ်ဝန်းကျင် မိန်းကလေးကို လည်လှီးသတ်ပြီး လှည်းတန်းဘူတာအနီးတွင် စွန့်ပစ်ထား

ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ည ၇ ရီကျော်ခန့်မှာ တွေ့ရှိခဲ့တာပါ။
အသက် ဆယ်နှစ်ဝန်းကျင် မိန်းကလေးငယ်တစ်ဦးကို လည်ပင်းလှီးသတ်ဖြတ်ကာ လှည်းတန်းဘူတာအနီး လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ပါတယ်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ည ၇ နာရီကျော်ခန့်မှာ အလောင်းကို စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဟံသာဝတီဘူတာကနေ လှည်းတန်းကို ထွက်ခွာလာတဲ့ ရထားက သံလမ်းပေါ်မှာ အလောင်းကို တွေ့ရှိခဲ့တဲ့အတွက် ရပ်နားထားခဲ့ရတာဖြစ်ကြောင်း ကမာရွတ်အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးသန်းရဲ့ ပြောကြားချက်ကို ကိုးကားကာ 7Day သတင်းတစ်ရပ်က ဖော်ပြပါတယ်။
အလောင်းကို သယ်ယူသွားဖို့အတွက် အမျိုးသားအချို့ရှိနေပေမယ့်လည်း အလောင်းကို မြင်ပြီးနောက်မှာ ဆက်မကြည့်ရက်လို့ အလောင်းသယ်ဖို့ အချိန်ကြာမြင့်ခဲ့ရတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ကလေးမှာအ၀တ်တွေရှိပါတယ်။လည်ပင်းမှာတော့ဓားနဲ့လှီး ဖြတ်ထားတာသုံးလက်မလောက်ရှိမယ်။ကလေးကဘယ်ကကလေးငယ်လဲတော့မသိဘူး။ဒီမှာရထား ကြိတ်လို့သေတဲ့သူတွေရှိဘူးတယ်။ခုလိုတော့တစ်ခါမှဖြစ်ဘူးတာမရှိပါဘူး” လို့ အုပ်ချုပ်ရေးမှူး ဦးအေးသန်းက ဆိုခဲ့ကြောင်း သိရပါတယ်။
.
Source & Photo: 7Day News

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...