မိန်းကလေးတစ်ယောက် မနေ့ကချစ်သူနဲ့ကျူးလွန်ခဲ့ရင် ဒီနေ့သူ့ကို အပြင်ကကြည့်ပြီး သိနိုင်တဲ့အချက် ၅ ချက်…


သင်က Boy ဆိုရင် သင့် ဘော်ဒါ ယောက်ျားလေး တစ်ယောက် မနေ့ညက ကောင်မလေးချောချောလေးနဲ့ တူတူ အိပ်ခွင့်ရခဲ့ရင်တော့ သိသာလွန်းနေမှာပါ။ လေလေး တစ်ချွန်ချွန်နဲ့ အကြောင်းမရှိ အကြောင်းရှာ ပြုံးနေမှာပါ။ ပြီးတော့ အတွေ့အကြုံကို မနေနိုင် မထိုင်နိုင် သင့်ကိုလာပြောပြနေမှာပါ။ 

ဒါပေမယ့် မိန်းမတွေ ဆိုရင်ရော?? သင်ဘားမှာတွေ့တဲ့ မိန်းကလေး၊ လုပ်ဖော်ကိုင်ဖက်ကောင်မလေး၊ Gym က ချိတ်တိတ်တိတ်ဖြစ်နေတဲ့ ကောင်မလေး၊ သူတို့ မနေ့ညက ဆက်ဆံခဲ့ရင် သင် ဘယ်လို သိပါမလဲ?? ဆံပင်ကောက်နေတာလား?? Bite Mark တွေလား?? အဲဒီ ရုပ်ရှင်ထဲက လက္ခဏာတွေဟာ တကယ်တော့ မှားနေပါသေးတယ်။ မိန်းမတွေဟာ ခန့်မှန်းရ ခက်လွန်းပါတယ်။ 

ဒါပေမယ့် သူမ မနေ့ညက ကံကောင်းခဲ့ကြောင်း သေချာတဲ့ လက္ခဏာ ၅ ခု ရှိပါတယ်။ 

အဲဒါတွေကတော့…. 
၁. သင့်ကို ဆွဲဆောင်နိုင်လွန်းပါတယ် 
လိင်ကိစ္စမှာ တက်ကြွလေလေ၊ သူမကိုယ်ခန္ဓာက Pheromone တွေ များများထွက်လေပါ။ Pheromone ဆိုတာ မိန်းကလေးတွေက ထုတ်ပေးတဲ့ သင့်ကို မရိုးမရွ ဖြစ်စေနိုင်တဲ့ အနံ့ပေးတဲ့ ဓာတုပစ္စည်းတွေပါ။ အဲဒီ ပစ္စည်းတွေဟာ ဆန့်ကျင်ဘက်လိင်ကို စိတ်ကြွစေလာပြီး သင် သူမအနားကပ်လိုက်လို့ ကိုယ်နံ့ရတာနဲ့ သင့်ကိုယ်ထဲက အင်ဂျင်တွေ ခုတ်လာရင်တော့ သူမ လိင်ကိစ္စရထားတာ မကြာသေးပါဘူး။ 

၂. သူမ ပိုပျော်နေပါတယ် 
လိင်ဆက်ဆံမှု များလာလေလေ၊ ပျော်ရွှင်မှု မြင့်တက်လာလေလေပါ။ လူ ၁၅၀၀၀ လောက်ကို ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တစ်ပါတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် လိင်ဆက်ဆံသူတွေဟာ လုံးဝ မဆက်ဆံသူတွေထက် ပျော်ရွှင်မှု ၅၅ ရာနှုန်း ပိုပါတယ်။ လူတွေဟာ ကိုယ့်ပါတ်ဝန်းကျင်ကသူတွေထက် လိင်ပိုဆက်ဆံရကြောင်း သိနေရုံနဲ့ကို ပိုပျော်ပါတယ် တဲ့။ 

၃. ပုံမှန်ထက် ပိုလှနေပါတယ် 
လိင်ဆက်ဆံစဉ်မှာ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပါတယ်။ ကြွက်သားတွေ ပြေလျော့သွားပြီး သွေးစီးဆင်းနှုန်း ပိုများလာပါတယ်။ ပါးလေးတွေ ပန်းရောင်သမ်းလာပြီး အီစထရိုဂျင်ဟော်မုန်းလယ်ဗယ် မြင့်လာပါတယ်။ တခြားဟာတွေ တူနေရင် ပါးလေးတွေ သွေးရောင်တောက်နေတာဟာ ကျွန်တော်တို့ ယောက်ျားတွေကို ပိုလှတယ်လို့ ထင်စေပါတယ်။ 

၎. အိပ်ရေးဝလာပါတယ် 
လိင်ပြီးဆုံးခြင်း ရထားတဲ့ အမျိုးသမီးတွေမှာ ဆက်ဆံပြီးပြီးခြင်း Prolactin ဟော်မုန်း ၃၀ ရာနှုန်း ပိုတိုးလာပြီး နောက်တစ်နေ့နေ့လည်မှာ နောက်တစ်ခါ ထပ်တိုးလာပါတယ်။ Prolactin ဟော်မုန်းဟာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် သူမ နေ့လည်နေ့ခင်း အိပ်ဖို့ ထွက်သွားရင်တော့ မနေ့ညက ရခဲ့တဲ့ စည်းစိမ်တွေကြောင့် ဖြစ်နိုင်ပါတယ်။ 

၅. လိုအပ်ချက်တွေ နည်းသွားပါတယ် 
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်ဖြစ်နေဖို့ လိုပါတယ်။ လိင်ကိစ္စဟာ လူတွေကို သံယောဇဉ်ဖြစ်အောင် ကူညီပေးတဲ့ Oxytocin ဟော်မုန်း ထုတ်ပေးပါတယ်။ Oxytocin တိုးလာတာနဲ့ သူမလဲ သံယောဇဉ် ပိုရှိလာသလို ခံစားလာစေရမှာ ဖြစ်ပြီး သင့်ကိုပို စိတ်ချလာလို့ အမြဲ တွယ်ကပ်မနေစေတော့ပါဘူး။ Oxytocin ဟာ မိန်းမတွေကို လူမှုဆက်ဆံရေးမှာ သံသယ နည်းစေတဲ့အတွက် အစစ်ဆေးပိုတာ၊ သင့် စကားလုံးတိုင်း၊ ဖုန်းပြောတိုင်း လိုက်စစ်ဆေးနေတာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။ 

Credit : Gentleman

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...