အပြာကားတွေ အမြဲကြည့်တဲ့ ဖခင်က ၉ နှစ်သမီးကို ညစဉ်တိုင်း မုဒိမ်းကျင်နေ

မည်သူမျှ ကွန်မန့်မှာ မဆဲကြပဲ သက်ငယ်မူဒိမ်းမှုတိုင်းကို သေမိန့်ပေးရန် တောင်းဆိုပြီး Share သွားလိုက်ပါ။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်တွင် ဖခင်မှ ၉ နှစ်အရွယ် သမီးအရင်းအား အဓမ္မပြုကျင့်မှုကို နိုဝင်ဘာ ၁၇ ရက်နေ့က မြောက်ဥက္ကလာပရဲစခန်းသို့ လာရောက်တိုင်းတန်းခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်နေ ဦးရွှေထွန်း(အသက် ၄၁နှစ်)ဆိုသူသည် ညသံခေါင်ယံအချိန်တွင် ညစ်ညမ်းကားများကြည့်ကာ သမီးဖြစ်သူကို ညစဉ် အဓမ္မပြုကျင့်ကြောင်း၊ ၎င်း၏လုပ်ရပ်ကို မည်သည့်ကိုမျှ ပြန်မပြောရန် ခြိမ်းခြောက်ကြောင်း ရဲတိုင်ချက်တွင် ပါရှိသည်။
ယင်းသို့ ပြုကျင့်ခံရသူမိန်းကလေးငယ်မှာ အဆိုပါဖြစ်ရပ်ကို အိမ်နီးချင်းအမျိုးသမီးထံပြောပြရာမှ အကြောင်းစုံသိရသည့်အတွက် အဆိုပါအမျိုးသမီးက ရပ်ကွက်အမျိုးသမီးရေးရာဥက္ကဌထံ သွားရောက်ပြောဆိုခဲ့ပြီးနောက် အဓမ္မပြုကျင့်ခဲ့သူဦးရွှေထွန်းကို အရေးယူပေးရန် ရပ်ကွက်အမျိုးသမီးရေးရာဥက္ကဌက တရားလိုပြုတိုင်ကြားသဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၁၅၆၉/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...