ကာတြန္း ကားေတြထဲကလုိ ထီး ဖြင့္ၿပီး (11)လႊာအျမင့္ကေန ခုန္ခ်တဲ့ ငါးႏွစ္သမီးေလး

တရုတ္ႏုိင္ငံ Xinjiang ၿမိဳ႕မွာ အသက္ ငါးႏွစ္အရြယ္သာရွိေသးတဲ့ ေကာင္မေလးဟာ ကာတြန္း ဇာတ္ေကာင္ေတြလုိ ထီး ကို အသုံးျပဳကာ 11 လႊာကေန ခုန္ခ်ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ မတ္လ 4 ရက္ေန႔မွာ ျဖစ္ပြားခဲ့တာပါ။ သူမရဲ႕ ဖခင္ျပန္ေရာက္လာလုိ႔ အခန္းထဲမွာ သမီးကို မေတြ႕ခဲ့လုိ႔ ေဒါင္းေတာက္ေအာင္ ရွာေဖြခဲ့ပါတယ္။

အနီးအနားက ေရွာပင္းေမာလ္မွာ အလုပ္လုပ္ေနတဲ့ သူရဲ႕ဇနီးဆီကိုလည္း ကေလးကို အလုပ္ကုိေခၚသြားေသးလား၊ ကေလး ဘယ္ေရာက္ေနလဲ စသျဖင့္ ေမးျမန္ခဲ့ပါတယ္။ ဇနီးျဖစ္သူက သမီးကို ကားတြန္းေခြတစ္ေခြျပကာ ထားခဲ့ေၾကာင္းအေၾကာင္းျပန္ခဲ့ပါတယ္။

ဖခင္ျဖစ္သူဟာ ျပဴတင္းေပါက္တစ္ခု ပြင့္ေနတာကို သတိထားမိခဲ့ပါတယ္။ အဲဒီမွာ ေအာက္ကို ငုံ႕ၾကည့္လုိက္တဲ့အခါ 4 လႊာရွိ ေလသာထပ္ခုိးမွာ သတိလစ္ေမ့ေမ်ာ့ေနတဲ့ သမီးကုိ လွမ္းေတြ႕လုိက္ရပါတယ္။ ဖခင္ျဖစ္သူဟာ အေရးေပၚကားကုိ ဖုန္းဆက္ၿပီး သမီးကို ေဆး႐ုံကို အျမန္ပို႔ေပးခဲ့ပါတယ္။

ကေလးမေလးဟာ နာရီေပါင္းမ်ားစြာ သတိေမ့ေနၿပီးေနာက္ အေျခအေန ေကာင္းလာပါတယ္။ ဆရာ၀န္ေတြက ဘာေၾကာင့္ ဒီလုိ ခုန္ခ်ရတာလဲလုိ႔ ေမးတဲ့အခါ ကာတြန္းဇာတ္ေကာင္ေတြလုိပဲ သူမလည္း ထီးကိုဖြင့္ကာ တုပခုန္ခ်ခဲ့တာလုိ႔ အ႐ုိးခံအတုိင္း ေျဖခဲ့ပါတယ္။

ကေလးငယ္ကို ျပသထားခဲ့တဲ့ ဇာတ္ကားဟာ ‘Boonie Bears’ ကာတြန္းကားျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ လူႀကီးေတြအေနနဲ႔လည္း ကာတြန္းကားေတြ ကေလးေတြကို ေပးၾကည့္တာ ကိစၥမရွိေပမယ့္၊ စဥ္းစားေတြးေခၚႏုိ္င္မႈနည္းပါးေသးတဲ့ ကေလးေတြဟာ တစ္ခ်ိဳ႕ျပကြက္ေတြကို အတုခုိးမွားၿပီး၊ အသက္အႏၱရာယ္ထိ ျဖစ္ေစႏုိင္တယ္ဆုိတာ သတိခ်ပ္သင့္ပါေၾကာင္း။

source : viral4real.com
Credit: နတ္စည္ေတာ္ (Shwemom)
တရုတ်နိုင်ငံ Xinjiang မြို့မှာ အသက် ငါးနှစ်အရွယ်သာရှိသေးတဲ့ ကောင်မလေးဟာ ကာတွန်း ဇာတ်ကောင်တွေလို ထီး ကို အသုံးပြုကာ 11 လွှာကနေ ခုန်ချခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မတ်လ 4 ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ သူမရဲ့ ဖခင်ပြန်ရောက်လာလို့ အခန်းထဲမှာ သမီးကို မတွေ့ခဲ့လို့ ဒေါင်းတောက်အောင် ရှာဖွေခဲ့ပါတယ်။

အနီးအနားက ရှောပင်းမောလ်မှာ အလုပ်လုပ်နေတဲ့ သူရဲ့ဇနီးဆီကိုလည်း ကလေးကို အလုပ်ကိုခေါ်သွားသေးလား၊ ကလေး ဘယ်ရောက်နေလဲ စသဖြင့် မေးမြန်ခဲ့ပါတယ်။ ဇနီးဖြစ်သူက သမီးကို ကားတွန်းခွေတစ်ခွေပြကာ ထားခဲ့ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ ပြူတင်းပေါက်တစ်ခု ပွင့်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒီမှာ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ 4 လွှာရှိ လေသာထပ်ခိုးမှာ သတိလစ်မေ့မျော့နေတဲ့ သမီးကို လှမ်းတွေ့လိုက်ရပါတယ်။ ဖခင်ဖြစ်သူဟာ အရေးပေါ်ကားကို ဖုန်းဆက်ပြီး သမီးကို ဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။

ကလေးမလေးဟာ နာရီပေါင်းများစွာ သတိမေ့နေပြီးနောက် အခြေအနေ ကောင်းလာပါတယ်။ ဆရာဝန်တွေက ဘာကြောင့် ဒီလို ခုန်ချရတာလဲလို့ မေးတဲ့အခါ ကာတွန်းဇာတ်ကောင်တွေလိုပဲ သူမလည်း ထီးကိုဖွင့်ကာ တုပခုန်ချခဲ့တာလို့ အရိုးခံအတိုင်း ဖြေခဲ့ပါတယ်။

ကလေးငယ်ကို ပြသထားခဲ့တဲ့ ဇာတ်ကားဟာ ‘Boonie Bears’ ကာတွန်းကားဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လူကြီးတွေအနေနဲ့လည်း ကာတွန်းကားတွေ ကလေးတွေကို ပေးကြည့်တာ ကိစ္စမရှိပေမယ့်၊ စဉ်းစားတွေးခေါ်နို်င်မှုနည်းပါးသေးတဲ့ ကလေးတွေဟာ တစ်ချို့ပြကွက်တွေကို အတုခိုးမှားပြီး၊ အသက်အန္တရာယ်ထိ ဖြစ်စေနိုင်တယ်ဆိုတာ သတိချပ်သင့်ပါကြောင်း။

source : viral4real.com
Credit: နတ်စည်တော် (Shwemom)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...