အပျိုလေးတွေ မသိသေးပါဘူး

ပူပူနွေးနွေး မင်္ဂလာဦးညပြီး နောက်နေ့မနက် ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ် မရမကမေးသည်။
အစတော့ ဘယ်မေးလို့ရမလဲ ရှက်တာပေါ့။ မေးတဲ့သူတွေက သူငယ်ချင်းအရင်းကြီးတွေဆိုတော့ နေလို့မတော့ မထူးပါဘူးဆိုပြီး ပြောလိုက်ရတယ်..။


"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? 
မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?" 
"တော်ပါပြီဟာ မပြောချင်ပါဘူး" 
"ပြောပါဟာ နင်ကလည်း ငါတို့တွေ ဗဟုသုတရတာပေါ့" 
"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး" 
"ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ" 
"ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ 
မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ" 
"ဟင်… ဒီလောက်တောင်လား!!!" 
"အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း သူ့ဆွေမျိုးက နည်းတယ် ငါ့ဆွေမျိုးက များတယ်ဆိုပြီး 
လင်မယားနှစ်ယောက် အငြင်းပွားပြီး ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…" 

ကနောင်သားလေး

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...