ဒီ စီလီကွန်ရုပ်မတွေကို ရဟန်းတွေ ဟိုလို အသုံပြု ရင် ပါရာဇိက ကျသလားတဲ့..။

ဂျပန်ကလာတဲ့ စီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလားတဲ့။

ဘုရားရှင်ခေတ်ကတော့ ပန်းချီကားနဲ့ သစ်သားပန်းပုရုပ်ကို ဟိုဒင်းဟိုဟာပြုတဲ့ ရဟန်းနှစ်ပါးရှိခဲ့ဖူးတယ်။

သူတို့ဟာ ဘုရားရှင်ထံ ကိုယ်တိုင်သွားလျှောက်ကြတော့ ဘုရားရှင်က ပါရာဇိကတော့မကျဘူး။

ဒုက္ကဋ်အာပတ်သာ သင့်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။

သုတ်လွှတ်ရင်တော့ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်အရ သံဃာဒိသေသ်အာပတ်သင့်တယ်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့်

ဂျပန်စီလီကွန်ရုပ်ကို ဟိုဒင်းဟိုဟာပြုရင် ဒုက္ကဋ်အာပတ်သင့်တယ်။

သုတ်လွှတ်ရင် သံဃာဒိသေသ်အာပတ်သင့်တယ်..။

( မိုးသု - မန္တလေး )
ကျမ်းကိုး
ပဌမပါရာဇိက ဝိနီတဝတ္ထု
ပါရာဇိကပါဠိတော် အဋ္ဌကထာ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...