ငါ သေဆုံးသွားတဲ့အခါ နေ့မကူးပဲ င်္သဂြိုဟ်ပေးပါ။ သုံးရက် ငါးရက် အယူမသည်းပါနဲ့။

ဗဟုသုတအဖြစ် Share ယူထားလိုက်ပါ။
သေပြီး ငါ့အား ဓာတ်ပုံထောင်၍ နံနက်၊ ညနေ စားစရာတွေ မကျွေးပါနဲ့။ ငါ့အား ကျွေးမည့် စားကောင်း သောက်ဖွယ်များအား ဆာလောင် မွတ်သိပ်နေသူများကို ကျွေးပေးပါ။
အသက်မရှိတော့တဲ့ ငါ့ခန္ဓာအား ရေချိုးအလှပြင်ဖို့ မလုပ်ပါနဲ့ ။ ကမ္ဘာမှာ ရေချိုတွေ ရှားပါးနေတာ သတိရပါ။
မသာကောင်ကို အလှဆင်ဖို့ ငွေကုန်ခံပြီး ပန်းတွေ မဝယ်ပါနဲ့။ ဘုရားကို လှူလိုက်ခြင်းက သင်တို့အတွက် ပိုမြတ်ပါတယ်။
ငါ့ခန္ဓာအား အရှက်လုံလောက်သော အဝတ်အဟောင်းသာ ဝတ်ပေးလိုက်ပါ။ ပြာကျမည့်အစား ချို့တဲ့သူအတွက် လုံခြုံအောင် လှူလိုက်ပါ။
ငါ့ခြေထောက်မှာ မွေးကတည်းက ဖိနပ်မပါလာ၍ ဖိနပ်ထည့်ပေးရန် မလိုပါ။ ပြာကျမည့် ဖိနပ်တစ်ရံအား ဖိနပ်မရှိသူကို လှူလိုက်ပါ။
ရေအိုးခွဲမည့် လွဲမှားသော အယူများနဲ့ ငါ့အား လမ်းမခွဲလိုက်ပါနဲ့။ အိုးမခွဲလည်း ငါ ဖက်တွယ်မထားပါဘူး၊ ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှာပါ။
ကူးတို့ခလည်း ထည့်ပေးစရာမလိုပါ။ လိုအပ်တဲ့နေရာ လှူလိုက်ပါ။ ငါ့မှာ ကူးတို့ခအဖြစ် ကုသိုလ် အကုသိုလ်အထုတ် ယူသွားမှာပါ။
ဝမ်းနည်းခြင်း ပန်းခြင်းများအစား ငါ့အား ကြည့်၍ သံဝေဂယူပါ။
ခန်းမအလယ်၌ ငါ့အား ပြင်ပြီး လူမြင်ကောင်းအောင် မငိုကြပါနဲ့။ ခန်းမငှားခအား ဘိုးဘွားရိပ်သာကို လှူလိုက်ပါ။
သေပြီးခန္ဓာ ငါ့မသာအား အခေါင်းလှလှ ထည့်ဖို့ အကြံဉာဏ် မပေးပါနဲ့။ ခေါင်းပျဉ်ပြာကျ ဆုံးရှုံးရမယ့်အစား အခင်းအကာမဲ့သူတွေ အများကြီးကို မြင်တတ် စာနာတတ်ပါစေ။
ငါ့ဝိညာဉ်အား ပုတ်ကာခေါ်၍ သင်တို့အိမ်ကို ခေါ်ဆောင်ခြင်းအမှု အယူလွဲစွာ မပြုပါနှင့်။ ငါ သင်တို့နှင့် အပြီးတိုင် လမ်းခွဲသွားသူပါ။
ငါ့ခန္ဓာကိုယ်ကို မြေ၌ရှိသော ဆာလောင်မွတ်သိပ်နေသည့် သတ္တဝါတို့အား ငါ့အသွေး ငါ့အသား စားသောက်စေရန် မီးင်္သဂြိုဟ်ခြင်း ပြုမည့်အစား မြေ၌ မြုပ်နှံပေးကြပါ။
ငါ့အား မြုပ်နှံသည့်အခါ အုတ်ဂူမလုပ်ပဲ မြေတူးကာ မြုပ်၍ သစ်ပင်ငယ်တစ်ပင်သာ စိုက်ပေးခဲ့ပါ။ ငါ၏ ယိုယွင်းပျက်စီးသော ခန္ဓာအား ငါ့မြေ၊ ငါ့ရေအတွက် မြေဆီ၊ မြေနှစ်အဖြစ် အသုံးပြုခွင့် ပြန်ရပါစေ။
#Credit_to_Original_Uploader

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...