နတ်သမီးနှစ်ပါး

တစ်ခါတော့ နတ်သမီးနှစ်ပါးဟာ လူယောင်ဆောင်ပြီးတော့ လူ့ပြည်ကို ဆင်းလာသတဲ့။ ညရောက်တော့ အိမ်တစ်လုံးမှာ ၀င်ပြီးတော့ တစ်ညလောက်တည်းခိုဖို့ တောင်းသတဲ့။ အိမ်ရှင်တွေဟာ ချမ်းသာကြတဲ့ သူဌေးတွေဖြစ်တယ်။ သူတို့က နတ်သမီးနှစ်ပါးကို မရိုမသေဆက်ဆံကြတယ်။ အလုပ်လုပ်ခိုင်းတယ် မီးဖိုချောင်အလုပ်တွေပေါ့။ ပြီးတော့ မှ မြေအောက်ခန်းထဲမှာ နေရာပေးပြီး ကြမ်းပြင်ပေါ်မှာ ကောက်ရိုးခင်းပြီး အိပ်ခိုင်းတယ်။ ညရောက်တော့ နတ်သမီးအကြီးက အိမ်ရဲ့ မြေအောက်ထပ်နံရံမှာ အပ်ကွဲပြီး ပေါက်နေလို့ နံရံကို တန်ခိုးနဲ့ ပိတ်ပေးလိုက်တယ်။

နတ်သမီးအငယ်ကမေးတယ်။ ဘာလို့ ဒီလိုမျိုးမကောင်းတဲ့ သူဌေးလင်မယားကို ဘာလို့ ပြင်ပေးလိုက်တာလဲပေါ့။
နတ်သမီးအကြီးကတော့ ” တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ မျက်စိနဲ့မြင်ရတာထက် ဆန်းကြယ်တယ် ”

နောက်တော့ ခရီးထွက်လာရပြန်ရော။ညရောက်တော့ တည်းခိုဖို့အိမ်ကို ရှာကြတယ်။ လယ်သမားလင်မယားရဲ့ အိမ်ကို ရောက်တယ်။ လယ်သမားလင်မယားက နွေးထွေးစွာ ဧည့်ခံတယ်။ သူတို့အိပ်ရာမှာပဲ အိပ်ရာကို သန့်သန့်ရှင်းရှင်းထားပြီတော့ ဧည့်ခံတယ်။ နတ်သမီးနှစ်ယောက်လဲ အိပ်ကြတယ်။ မနက်နိုးတော့ လယ်သမားလင်မယား ငိုနေတယ်။ နတ်သမီးအငယ်က ဘာလို့ ငိုတာလဲလို့မေးတော့ သူတို့မှာရှိတဲ့ တစ်ကောင်တည်းသော နို့စားနွားမကြီး သေဆုံးတဲ့အတွက်ကြောင့်ပါ ဆိုပြီးတော့ ငိုနေတယ်။

နတ်သမီးအငယ်က နတ်သမီးအကြီးကိုမေးတယ်။ သူတို့ဟာ ဧည့်ဝတ်ကျေတယ် မချမ်းသာပေမယ့် ပြူငှာတယ်။ စိတ်ကောင်းရှိတဲ့ သူတို့လင်မယားဟာ ဘာလို့ မကောင်းတာဖြစ်တာလဲ။နတ်သမီးအကြီးက ” ညက သေမင်းဒီအိမ်ထဲရောက်လာတယ်။ လယ်သမားရဲ့ မိန်းမကို သတ်ဖို့ပေါ့။ သူသေနေ့စေ့ပြီ။ ဒါပေမယ့် ငါပြောလိုက်တယ် ဒီလင်မယားဟာ အလွန်စိတ်ထားကောင်းတယ်ပေါ့။ အဲဒါနဲ့ သေမင်းလဲ နွားရဲ့အသက်ကို ယူသွားတာပဲ ဒါသူ့အတွက်ကံကောင်းတာပေါ့။ သူဌေးလင်မယားကတော့ သူတို့အိမ်အောက်မှာ ဘိုးဘွားတွေက ရွှေတွေ မြှုပ်ထားခဲ့တယ်။သူတို့က စိတ်ထားမကောင်းတဲ့အတွက် အဲဒီနံရံကို ပြန်ပြင်လိုက်တယ်။သူတို့မမြင်နိုင်အောင်လို့ပေါ့”

တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ မျက်စိနဲ့မြင်တာထက်ပိုမိုဆန်းကြယ်တယ်။

Credit - မောင်စိုင်း

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...