“ဆီလီကွန်အရုပ်တွေဟာ လူမှုဝန်းကျင်ညစ်ညမ်းမှုဖြစ်ပါက အရေးယူမည်”

ရန်ကုန်။ နိုဝင်ဘာ ၃၀၊

အမျိုးသမီး ဆီလီကွန်အရုပ်တွေကို မြန်မာနိုင်ငံမှာ နေပြည်တော်ကနေ အ၀ယ်အများဆုံး ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြခြင်းခံရပြီးနောက်မှာ အကောက်ခွန်ဦးစီးဌာနမှ လုမှုပတ်ဝန်းကျင်တွေ ညစ်ညမ်းမှုများဖြစ်ပေါ်လာပါက အရေးယူတာတွေပြုလုပ်သွားမယ်လို့ အကောက်ခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်ကပြောပါတယ်။

“အကောက်ခွန် ဦးစီးဌာနရဲ့ဥပဒေထဲမှာ ညစ်ညမ်းတဲ့စာရွက်စာတမ်းတွေ၊ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ပစ္စည်းတွေပါမယ်ဆိုရင် အရေးယူလို့ရတယ်လို့ပါတယ်။ပတ်ဝန်းကျင်အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုရင်တော့ တားဆီးထိန်းသိမ်းတာတွေလုပ်ဆောင်သွားမယ်”လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က ဒီကနေ့ ရန်ကုန်မြို့မှာအကောက်ခွန်ဦးစီးဌာနမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သိန်း ၃၀ခန့် တန်ဖိုးရှိတဲ့ဆီလီကွန်အမျိုးသမီးအရုပ်( sex-dolls)တွေဝယ်အများဆုံးဆိုပြီး သတင်းဌာန တစ်ခုကနေ ဖော်ပြရာကနေ စတင် ပြီး လူမူကွန်ယက်စာမျက်နှာတွေမှာလည်း ဆီလီကွန်အရုပ်နဲ့ပတ်သတ်တာတွေက နာမည်ကြီးပြီးဝေမျှမှုအများဆုံးအကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။

Author  မို့မို့သန္တာ
Credit - kumudranews

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...