မျက်မမြင် အဘွားအိုကြီးပြောခဲ့တဲ့ ၂၀၁၆ အလွန် အနာဂါတ်ဟောကိန်းများ

သူမဟာ ဒုတိယကမ္ဘာစစ်မီးကိုလည်း ခန့်မှန်းနိုင်ခဲ့ပြီး ထိုအချိန်ကတည်းက သူမရဲ့သတင်းဟာ ပြန့်နှံ့ကျော်ကြားခဲ့တာပါ။ 
သူမနာမည်က Baba, Vanga ဖြစ်ပြီး ကမ္ဘာ့အရေးအကြီးဆုံး အဖြစ်အပျက်တွေကို ကြိုတင်ခန့်မှန်းနိုင်ခဲ့တာကြောင့် နာမည်ကျော်သူတစ်ဦးပါ။ သူမဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့် သူမအသက် ၈၅ နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ပြီး သူမအသက် ၁၆ နှစ်လောက်ကတည်းက အနာဂါတ်ခန့်မှန်းချက်တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ မုန်တိုင်းတစ်ခုရဲ့ ဒဏ်ကြောင့် အသက် ၁၂ နှစ်အရွယ်မှာ အမြင်အာရုံ ကွယ်ပျောက်ခဲ့ရတာဖြစ်ပြီး ထိုအချိန်က သူမရဲ့ခန့်မှန်းချက်တွေထဲမှာ ISIS အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ၊ ၂၀၀၄ ခုနှစ်က ဖြစ်ပွားတဲ့တဲ့ ဆူနာမီ၊ အမေရိကန် အမြွှာမျှော်စင် တိုက်ခိုက်ခံရမှုတို့လည်း ပါဝင်ခဲ့ပါတယ်။

သူမဟာ ဒုတိယကမ္ဘာစစ်မီးကိုလည်း ခန့်မှန်းနိုင်ခဲ့ပြီး ထိုအချိန်ကတည်းက သူမရဲ့သတင်းဟာ ပြန့်နှံ့ကျော်ကြားခဲ့တာပါ။ အောက်မှာဖော်ပြထားတာကတော့ သူမရဲ့ခန့်မှန်းဟောပြောချက်တွေထဲက ၂၀၁၆ ခုနှစ်အလွန် ကာလတွေအတွက် ခန့်မှန်းထားချက်တွေဖြစ်ပြီး အချို့အချက်တွေဟာလည်း အတော့်ကို ဖြစ်နိုင်ချေရှိတာ တွေ့ရမှာပါ။

၁ - အမေရိကန်ရဲ့ ၄၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲမှာ အာဖရိကန်-အမေရိကန် လူမျိုးတစ်ဦး (အိုဘားမား) ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး သူဟာလည်း အမေရိကရဲ့ နောက်ဆုံးသမ္မတ ဖြစ်လိမ့်မယ်။

၂ - မူဆလင်တွေဟာ ဥရောပကို ကျူးကျော်ဝင်ရောက်ကြမှာဖြစ်ပြီး ဆီးရီးယားမှာတော့ ကြီးကျယ်တဲ့ မူဆလင်စစ်ပွဲကြီး ဖြစ်လိမ့်မယ်။

၃ - ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်။

၎ - လူသားတွေဟာ ဗီးနပ်စ်ဂြိုလ်ကို အရောက်သွားပြီး စွမ်းအင်အရင်းအမြစ် အသစ်တွေကို ရှာဖွေကြလိမ့်မယ်။

၅ - ၂၀၄၅ မှာ ကမ္ဘာ၀န်ရိုးစွန်းက ရေခဲပြင်တွေ အရေပျော်ကုန်လိမ့်မယ်။

၆ - ၂၀၄၆ မှာ လူသားတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံတူပွားနိုင်လာမယ်။

၇ - ၂၀၇၆ ခုနှစ်မှာ ကွန်မြူနစ်ဝါဒဟာ ဥရောပနဲ့ အခြားကမ္ဘာ့နေရာတွေကို ပြန့်နှံ့သွားလိမ့်မယ်။

၈ - ၂၁၃၀ မှာ လူသားတွေဟာ ရေအောက်မှာ အခြေချနေထိုင်ဖို့ နည်းလမ်းတွေကို ဂြိုလ်သားတွေ အကူအညီနဲ့ ရှာတွေ့ကြလိမ့်မယ်။

၉ - ၃၇၉၇ မှာ ကမ္ဘာပေါ်က အရာအားလုံး ပျောက်ကွယ် အဆုံးသတ်သွားလိမ့်မှာဖြစ်ပြီး လူသားတွေကတော့ အခြားနေအဖွဲ့အစည်းတစ်ခုကို ပြောင်းပြီးဖြစ်လိမ့်မယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...