H1 N1 ရောဂါကြောင့် မွေးနေ့ပွဲလေး ပျက်ပါပြီဆိုတဲ့ စွမ်းဇာနည်


ဆယ်စုနှစ်နဲ့ချီပြီး ဇာတ်သဘင်လောကမှာ အောင်မြင်မှုရနေသူ မင်းသားစွမ်းဇာနည်ကတော့ သူ့ရဲ့ မွေ့နေ့ပွဲလေးတွေကို နှစ်စဉ် ပြုလုပ်လေ့ရှိသည်။ ဇာတ်ကားအချို့ကိုလည်း ရိုက်ကူးသူဖြစ်သလို စတိက်ရှိုးမင်းသားအဖြစ်လည်း လူကြိုက်များသူဖြစ်သည်။

မန္တလေးဘက် ပွဲများစွာကို ကပြရလေ့ရှိသလို တစ်နိုင်ငံလုံးကိုလည်း ဖျော်ဖြေရသူုဖြစ်သည်။ ဒီနှစ်တော့ မြန်မာနိုင်ငံတွင် ကပ်ရောဂါတစ်ခုသဖွယ် ကျရောက်လာသော ၀က်တုပ်ကွေရောဂါပိုးကြောင့် နိုင်ငံတံဝှမ်းမှ လာရောက်ကြသည့် တောင်ပြုံးနတ်ပွဲပင် ပိတ်လိုက်သည်အထိ ဖြစ်ခဲ့သည်။

တစ်ဆက်တည်းပဲ စွမ်းဇာနည်ကလည်း သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်တွင် ဒီနှစ်မွေးနေ့ကို H1 N1 ရောဂါရက်စက်မှုကြောင့် ဖျက်လိုက်ရကြောင်း ရေးသားထားသည်။ '' H1N1 ရဲ့ရက်စက်မှုကတော့ ကျွန်တော့်ရဲ့ မွေးနေ့ပွဲပါပျက်ပြီဗျာ....
အစတည်းကမပျော်ရွှင်တဲ့မွေးနေ့ ချစ်တဲ့ခင်တဲ့လူတွေ ဘယ်လိုပဲထွေးပွေ့ပေးလည်း ဆွေးမြည့်စွာနဲ့ပဲ ကျွန်တော်ငိုပြီ....😤''
'' လို့ ရေးသားထားတာဖြစ်ပါတယ်။

PannPwint
Source-Swan Zarni

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...