ကုိယ္ဝန္ေဆာင္ခ်ိန္မွာ မိဘေမတၱာကို ပိုနားလည္လာတယ္ဆိုတဲ့ သဥၨာႏြယ္ဝင္း


သရုပ္ေဆာင္သဥၨာႏြယ္ဝင္းကေတာ့ ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလအကုန္ ဒီဇင္ဘာလ မွာ သားဦးေလးေမြးဖြားမယ္လုိ႔သိရပါတယ္။ အရင္က သမီးေလးလုိခ်င္ေပမယ့္ သားေလးလုိ႔သိလုိက္ရတဲ့အခ်ိန္မွာလည္း ေပ်ာ္ရႊင္ရပါတယ္ လို႔ Duwun Media ကုိေျပာျပခဲ့ပါ တယ္။ 
Image may contain: 2 people, people smiling, people standing
'' သားဦးေလးပဲျဖစ္ျဖစ္၊သမီးဦးေလးပဲျဖစ္ျဖစ္ခ်စ္ပါတယ္။ ကေလးေလးရွိလာၿပီဆုိကတည္းက ေပ်ာ္ရႊင္ခဲ့ရပါတယ္။ ကုိယ္ဝန္ရွိေနတဲ့ အခ်ိန္မွာ မိဘေမတၱာဆုိတာကုိ ပုိနားလည္လာတယ္။မိခင္တစ္ေယာက္ျဖစ္ေတာ့မယ္ဆုိတဲ့ စိတ္နဲ႔ ေျပာင္းလဲ သြားတာေလးေတြ လည္းရွိပါတယ္။ က်န္းမာေရးနဲ႔ပတ္သက္လုိ႔ကေတာ့ အသီးဆုိရင္ နာနာတ္သီးတုိ႔၊သေဘာၤသီးတုိ႔စားလုိ႔မရဘူး၊ ဒါေပမယ့္ ကိုယ္ဝန္ ေဆာင္ ေနတဲ့အခ်ိန္မွာ အဲ့ဒီအစားအစာေတြ အရမ္းစားခ်င္ေနတယ္။ ဒါေပမယ့္ ဘယ္လိုအစားအေသာက္ကုိစားရင္ ကုိယ့္ ရင္ေသြး အတြက္ဘာေတြထိခုိက္ႏုိင္သလဲဆုိတာ ေလ့လာၿပီး ဆင္ျခင္ျဖစ္ပါတယ္။ အဝတ္အစားဆုိရင္လည္း ဝတ္ရတာအဆင္မေျပ ျဖစ္တယ္၊ အိပ္ရင္လည္း အလွည့္အေၿပာင္းေတြလုပ္ရတာခက္တယ္ သက္ေသာင့္သက္သာမျဖစ္ဘူး'' လုိ႔ သူကဆုိပါတယ္။ 
Image may contain: 3 people, people standing and outdoor
သရုပ္ေဆာင္သဥၨာႏြယ္ဝင္းကေတာ့ ၂၀၁၇ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္ေန႕က မဂၤလာဆြမ္းေကၽြးအလွဴျပဳလုပ္ခဲ့ၿပီး ေဖေဖာ္ဝါရီ(၂)ရက္ေန႕က ႏွစ္ဦးသေဘာတူ ရံုးတက္လက္မွတ္ထုိးခဲ့ၾကပါတယ္။ ေဖေဖာ္ဝါရီ(၃)ရက္ေန႕ကေတာ့ Melia ဟိုတယ္မွာ မဂၤလာပြဲကို ေပ်ာ္ရႊင္စြာနဲ႔ က်င္းပ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ ေမလ ၂၂ ရက္ေန႔ကစၿပီး ပထမဆုံးရင္ေသြးေလးျဖစ္တဲ့ သားဦးရတနာ ေလးလြယ္ထားရၿပီ ဆုိတာကုိ သိၿပီးေနာက္ အခုထိ ကုိယ္ဝန္ကုိလည္း တစ္ပတ္တစ္ခါ ျဖစ္ျဖစ္၊ ႏွစ္ပတ္တစ္ခါျဖစ္ျဖစ္ ကေလး က်န္းမာေရး နဲ႔ပတ္သက္လုိ႔ စစ္ေဆးျဖစ္တယ္လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

Photo:သဥၨာႏြယ္ဝင္းေဖ့စ္ဘြတ္
Credit: Duwun

#Unicode Version#
သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအကုန် ဒီဇင်ဘာလ မှာ သားဦးလေးမွေးဖွားမယ်လို့သိရပါတယ်။ အရင်က သမီးလေးလိုချင်ပေမယ့် သားလေးလို့သိလိုက်ရတဲ့အချိန်မှာလည်း ပျော်ရွှင်ရပါတယ် လို့ Duwun Media ကိုပြောပြခဲ့ပါ တယ်။

'' သားဦးလေးပဲဖြစ်ဖြစ်၊သမီးဦးလေးပဲဖြစ်ဖြစ်ချစ်ပါတယ်။ ကလေးလေးရှိလာပြီဆိုကတည်းက ပျော်ရွှင်ခဲ့ရပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ မိဘမေတ္တာဆိုတာကို ပိုနားလည်လာတယ်။မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုတဲ့ စိတ်နဲ့ ပြောင်းလဲ သွားတာလေးတွေ လည်းရှိပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ အသီးဆိုရင် နာနာတ်သီးတို့၊သဘောၤသီးတို့စားလို့မရဘူး၊ ဒါပေမယ့် ကိုယ်ဝန် ဆောင် နေတဲ့အချိန်မှာ အဲ့ဒီအစားအစာတွေ အရမ်းစားချင်နေတယ်။ ဒါပေမယ့် ဘယ်လိုအစားအသောက်ကိုစားရင် ကိုယ့် ရင်သွေး အတွက်ဘာတွေထိခိုက်နိုင်သလဲဆိုတာ လေ့လာပြီး ဆင်ခြင်ဖြစ်ပါတယ်။ အဝတ်အစားဆိုရင်လည်း ဝတ်ရတာအဆင်မပြေ ဖြစ်တယ်၊ အိပ်ရင်လည်း အလှည့်အပြောင်းတွေလုပ်ရတာခက်တယ် သက်သောင့်သက်သာမဖြစ်ဘူး'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့ကစပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးရတနာ လေးလွယ်ထားရပြီ ဆိုတာကို သိပြီးနောက် အခုထိ ကိုယ်ဝန်ကိုလည်း တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါဖြစ်ဖြစ် ကလေး ကျန်းမာရေး နဲ့ပတ်သက်လို့ စစ်ဆေးဖြစ်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

Photo:သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်
Credit: Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...