မႏၱေလး ေစ်းခ်ိဳ နာရီစဥ္နားက ေဆးလိပ္မီးေတာင္းတဲ့ မဲမဲၾကီး ( ေၾကာက္တတ္သူမ်ားမဖတ္ရ )

ငယ္ငယ္တံုးကေက်ာင္းဆင္းက်ဴ႐ွင္ျပီးရင္အိမ္မျပန္ေသးဘူးမႏၲေလးက်ံဳးတစ္ပတ္စက္ဘီးကိုယ္စီနဲ ့ပတ္
ၾကတယ္။
ညေန၅နာရီေလာက္ဆို လမ္း၈၀ကေနအေ႐ွ ့ခ်ိဳး ၆၄လမ္းအထိနင္းေျမာက္ထိပ္၁၁လမ္းေရာက္ရင္အေနာက္ျပန္နင္း၈၀ေရာက္ရင္ေတာင္၂၆ေရာက္ေတာ့တစ္ပတ္ျပည္ ့ျပီေနတိုင္းအခ်ိန္မွန္ဗ်။တရက္ထဲမဟုတ္ဘူး။ေမာလည္းမေမာဘူး။စကားတေျပာေျပာနဲ ့၇နာရီေလာက္က်ေတာ့၂၆လမ္းျပန္ေရာက္လာတယ္။အဲဒီက်မွဇတ္လမ္းစတယ္။အခုဖတ္ေနတဲ ့အထဲမွာပါတဲ ့သူငယ္ခ်င္းတစ္ေယာက္ေဆာ္ပတ္ခ်င္ျပီ။ေဆာ္က၂၆ေအာက္ထဲ ၈၄၀င္းၾကားထဲမွာေခြးတစီစီနဲ ့။အိမ္ေ႐ွ ့ျဖတ္နင္းျပီးလွမ္း႐ွိဳး ဟိုကအေပါက္၀ထြက္ရပ္ ဒီလို ဒီလို အ
ၾကာၾကီး ဇတ္ေမ်ာေနေတာ ့ပ်င္းတာေပါ ့။စက္ဘီးနင္းရတာလည္းေျခသလံုးေတာင္ ့ေနျပီ။့
ေနာက္ရက္ေတြက်ေတာ ့သူ ့ဘာသာစက္ဘီးတစ္စီးေပးလိုက္တယ္။က်ေနာ္နဲ ့သူငယ္ခ်င္းႏွစ္ေယာက္က လမ္းေပၚထြက္နာရီစင္ေအာက္ေဆးလိပ္ခိုးေသာက္ေနၾကတာေပါ့အဲဒီတံုးကေစ်းခ်ိဳက အေ႐ွ ့ဖက္
တိုက္တန္းအေနာက္ဖက္မွာတစ္ထပ္အေဆာက္အဦး A ႐ံု B ႐ံု စသျဖင့္ခြဲထားတာ ညေနဆိုပိတ္ျပီ
ညေစ်းတန္းကေတာင္ဖက္တစ္လမ္းမွာဆိုေတာ့လွ်ပ္စစ္မီးကလဲမပ်က္ေပမဲ ့အလင္းအားနဲတယ္။အေနာက္ဖက္တိုက္တန္းကမဲေမွာင္ေနေတာ ့နာရီစင္ေအာက္ေမွာင္ရိပ္ခိုလို ့ရတယ္။ေဆးလိပ္ေလးတစ္ဖြာႏွစ္ဖြာ ဖြာ႐ံု႐ွိေသး မဲမဲအရိပ္ၾကီးတစ္ခုက်ေနာ္တို ့စက္ဘီး၂စီးၾကား ဘယ္လိုလုပ္ေရာက္လာမွန္းမသိဘူး။ကိုယ္ေဇာနဲ ့ကိုယ္ေဆးလိပ္ကိုမဲေနလို ့မွတ္တာ ေပါ ့့့အ၀တ္မဲမဲ(အလင္းေရာင္နဲလို ့စိတ္ထဲထင္တာလည္းျဖစ္နိုင္)ၾကီးထဲကျဖဴျဖဴလက္ၾကီးထြက္လာျပီးေဆးေပါလိပ္ၾကီးတရမ္းရမ္းလုပ္ေနတယ္။့ေဆးလိပ္မီးေတာင္းတာမွတ္
္ျပီးက်ေနာ္လက္ထဲကေဆးလိပ္လွမ္းေပးေနတံုးေဆာ္သြားပတ္တဲ့တစ္ေယာက္ျပန္ေရာက္လာတယ္။သူ ့ကိုေခြးလိုက္ဆြဲတဲ ့အေၾကာင္းေျပာျပလို ့ရီေနၾကတာနဲ ့ေဆးလိပ္ကိုေမ ့ေနတာေပါ ့။သြားၾကစို ့ေဟ ့ဆိုမွေဆးလိပ္ကိုသတိရျပီး ေဟ့ေကာင္ငါ ့ေဆးလိပ္ေကာ ဆိုေတာ့ေစာင္က်န္ေနတဲ ့၁ေယာက္က ဘယ္သိမလဲ ဟ တဲ ့။ဒါကငါ ့စီးကရက္ပါဟ တဲ ့။
ဟုတ္သားအဲလိုေျပာမွေဆးလိပ္မီးေပးတဲ့ကိစၥေပၚလာတယ္။ ေျပာျပမယ္သရဲတို ့တေစၦတို ့ေျခာက္တဲ ့အခ်ိန္မွာ အေျခာက္ခံရတဲ ့လူကေမ့ေဆးေပးထားသလို သိေတာ့သိတယ္မွတ္မိသလိုမမွတ္မိသလို နားေ၀
တိမ္ေတာင္ျဖစ္သြားတတ္ပါတယ္။(သရဲအေျခာက္ခံထိတိုင္းသတိျပဳမိတာပါ )အဲဒီက်မွေဆးလိပ္မီးျပန္ေတာင္းမလို ့လိုက္႐ွာေတာ့ မ႐ွိေတာ့ဘူးဗ်။ေမွာင္တယ္ဆိုေပမဲ ့ဟိုလိုပိန္းပိတ္ေနတာမဟုတ္ေတာ ့လူရိပ္သူရိပ္ အုပ္ထုပ္ ေဘာင္းဘီ အေရာင္သာတိတိက်က်ခြဲမရခ်င္မရမယ္ထင္ထင္႐ွား႐ွားျမင္ရတာကိုး။ဟိုေကာင္ႏွစ္ေယာက္က နင္းထြက္သြားျပီ။က်ေနာ္အနီးအနားပတ္႐ွာတာလူေ၀းလို ့ေခြးတစ္ေကာင္
ေၾကာင္တစ္ျမီးမွမ႐ွိဘူး။ေဆးလိပ္ကိုေတာ့ႏွေမ်ာပါရဲ ့သူတို ့မမွီမွာစိုးလိုကမန္းကတန္းနင္းလိုက္ခဲ ့ရ။
အမွန္ေျပာရရင္အဲဒီအခ်ိန္ထိေၾကာက္လည္းမေၾကာက္ေျခာက္မွန္းေတာင္မသိခဲ ့ပါဘူး။
ကိုက္၁၀၀ေလာက္နင္းေတာ့ေ႐ွ ့ကေကာင္ေတြကိုလွမ္းျမင္ရျပီ။သူတို ့က၂စီးယ်ဥ္နင္းေနတယ္။ဒါေပမဲ ့ေဆာ္သြားပတ္တဲ ့သူရဲ ့ေနာက္မွာတစ္ေယာက္ထိုင္လိုက္ပါလာတာေတြ ့တယ္။အစေတာ ့စိတ္ထဲသိပ္အမွတ္မထားပါဘူးေနာက္မွျပန္စဥ္းစားမိတာကအဲေကာင္စက္ဘီးက ကယ္ရီယာခံုမပါတဲ ့ရယ္ေလးေယာကၤ်ားစီးဘီး။အေဖာ္တစ္ေယာက္ပါရေအာင္ကလည္း၃ေယာက္ထဲလာတာ။ပိုျပီးထိတ္လန္ ့ေသြးပ်က္ေစတာက
စက္ဘီးေနာက္မွာေနာက္ျပန္လွည္ ့စီးေနတဲ ့မဲမဲ၀တ္ထားတဲ ့လူက ေစာေစာကလိုပဲေဆးလိပ္မီးၾကီးတရမ္းရမ္းလုပ္ျပေနတာပါ။မ်က္ႏွာလည္းမျမင္ရဘူးေခါင္းငံု ့ထားသလိုလို။အဲအခ်ိန္က်ေတာ့ၾကက္သီးေတြထ
ျပီးေၾကာက္တာနဲ ့ဒီဖက္၁ေယာက္ေဘးကပတ္ေက်ာ္ျပီးအသားကုန္နင္းေတာ့တာပဲ ပါးစပ္ကလည္းအေမေတြ အေဖေတြ ငယ္သံပါေအာင္ၾကံဳးေအာ္တာကိုး။က်ေနာ္တို ့ငယ္တံုးကစက္ဘီးကို
အမ်ိဳးစံုေအာင္ စတန္ ့ထြင္စီးၾကတယ္ ေမာင္ေမာင္သန္း ဆပ္ကပ္ကလည္းနာမည္ၾကီးေတာ့အတုခိုးတာေပါ ့၃ေယာက္၄ေယာက္ေ႐ွ ့လက္ကိုင္ေပၚ ေအာက္ေျခနင္းတံခြၾကား လုပ္လို ့ရသမွ် ေက်ာင္းဆင္းခ်ိန္ အျပိဳင္က်င္ ့ၾကတယ္။ဆိုင္ကယ္ကအိုတူးတို ့ဘီအက္ေအတို ့စီဂ်ီ ကာ၀ါစကီ အနဲအက်င္းပဲ႐ွိ
တယ္။စက္ဘီးသရဲေတြေပါ ့။နို ့ေပမဲ ့နင္းေနတံုးတစ္စီးေပၚကေနတစီးေတာ့ခုန္ကူးျပီးစီးနိုင္ေလာက္ေအာင္ဘယ္သူမွမစီးတတ္ၾကပါဘူး။အခုဟာက က်ေနာ္ေၾကာက္လန္ ့တၾကားေအာ္ဟစ္နင္းျပီးဒီဘက္ကတစ္ေယာက္ကိုေက်ာ္တက္ေနတံုး အဲဒီ ေဆးလိပ္မီးေတာင္းတဲ့မဲမဲၾကီးကဒီဖက္စက္ဘီး
ေပၚေရာက္လာျပီး လုပ္ေနျပန္တာေတြ ့ေတာ့အူယားဖားရားနင္းတာ
ညေစ်းထဲက ထိုးမုန္ ့ဆိုင္တန္းထဲအိုးနင္းခြက္နင္း ကလံုးကလြမ္းျဖစ္က်န္ခဲ ့ပါတယ္။သူငယ္ခ်င္းေတြက
ဘယ္လိုထင္ၾကမလဲမသိပါဘူး။၃ေယာက္မွာ ၁ေယာက္ထဲ ေျခာက္ခံရတာကတစ္ေၾကာင္း အဲတံုးကက်ေနာ္ကေတာ္ေတာ္စံုေနျပီဆိုေတာ ့မားေၾကာင္သလိုလိုတက္ပလက္ေၾကာင္သလိုလိုအေျပာခံရမွာေၾကာက္တဲ ့အတြက္မေျပာျပခဲ ့ပါဘူး။အခုမွ Kogyi ေျပာတာေရာစာဖတ္တဲ ့သူအားနာတာေရာျဖစ္ညစ္စဥ္းစား ေရးသားလိုက္ရပါသည္။တစ္ဆက္ထဲေျပာခ်င္တာကစာေရးတယ္ဆိုတာစိတ္ကူး႐ွိအံုးဖီလင္ တနည္းအားျဖင္ ့အာ႐ံုလာမွ ျဖစ္တာပါ။က်ေနာ္တို ့fri ေတြကိုေတာ္အိေရာ္အိ ျဖစ္ကတတ္ဆန္းမေရးျပခ်င္ေတာ ့ပိုၾကာပါတတ္ပါတယ္။နို ့မင္းတို ့ဘာလို ့ေပ့ေထာင္ထားသလဲေမးရင္ေတာ့က်ေနာ္တို ့က၀ါသနာပါလို ့ပါ
ပေရာ္ဖက္႐ွင္နယ္ မဟုတ္တဲ ့အတြက္ အဆင္သင္ ့စက္နဲ ့႐ိုက္ထုတ္သလိုမတင္နိုင္တာ နားလည္ေပးဖို ့ေတာင္းပန္ပါရေစ။အခုသေဘာထားဟာလည္းက်ေနာ္သိသေလာက္ေရးရတာပါSky သရဲေလးတို ့kogyi သရဲၾကီးတို ့ဆီမွာက်ေနာ္၀ါသနာအရ၀င္ေရးတာျဖစ္တဲ ့အတြက္ ေပ့ အေၾကာင္းအလံုးစံုမသိပါဘူး။က်ေနာ္ေရးတာမွားခဲ ့ရင္သရဲညီေနာင္ကိုလည္းတစ္ဆက္ထဲေတာင္းပန္ပါဧ။္
==============

Unicode
•ငယ်ငယ်တုံးကကျောင်းဆင်းကျူရှင်ပြီးရင်အိမ်မပြန်သေးဘူးမန္တလေးကျုံးတစ်ပတ်စက်ဘီးကိုယ်စီနဲ ့ပတ်
ကြတယ်။
ညနေ၅နာရီလောက်ဆို လမ်း၈၀ကနေအရှေ ့ချိုး ၆၄လမ်းအထိနင်းမြောက်ထိပ်၁၁လမ်းရောက်ရင်အနောက်ပြန်နင်း၈၀ရောက်ရင်တောင်၂၆ရောက်တော့တစ်ပတ်ပြည် ့ပြီနေတိုင်းအချိန်မှန်ဗျ။တရက်ထဲမဟုတ်ဘူး။မောလည်းမမောဘူး။စကားတပြောပြောနဲ ့၇နာရီလောက်ကျတော့၂၆လမ်းပြန်ရောက်လာတယ်။အဲဒီကျမှဇတ်လမ်းစတယ်။အခုဖတ်နေတဲ ့အထဲမှာပါတဲ ့သူငယ်ချင်းတစ်ယောက်ဆော်ပတ်ချင်ပြီ။ဆော်က၂၆အောက်ထဲ ၈၄၀င်းကြားထဲမှာခွေးတစီစီနဲ ့။အိမ်ရှေ ့ဖြတ်နင်းပြီးလှမ်းရှိုး ဟိုကအပေါက်ဝထွက်ရပ် ဒီလို ဒီလို အ
ကြာကြီး ဇတ်မျောနေတော ့ပျင်းတာပေါ ့။စက်ဘီးနင်းရတာလည်းခြေသလုံးတောင် ့နေပြီ။့
နောက်ရက်တွေကျတော ့သူ ့ဘာသာစက်ဘီးတစ်စီးပေးလိုက်တယ်။ကျနော်နဲ ့သူငယ်ချင်းနှစ်ယောက်က လမ်းပေါ်ထွက်နာရီစင်အောက်ဆေးလိပ်ခိုးသောက်နေကြတာပေါ့အဲဒီတုံးကဈေးချိုက အရှေ ့ဖက်
တိုက်တန်းအနောက်ဖက်မှာတစ်ထပ်အဆောက်အဦး A ရုံ B ရုံ စသဖြင့်ခွဲထားတာ ညနေဆိုပိတ်ပြီ
ညဈေးတန်းကတောင်ဖက်တစ်လမ်းမှာဆိုတော့လျှပ်စစ်မီးကလဲမပျက်ပေမဲ ့အလင်းအားနဲတယ်။အနောက်ဖက်တိုက်တန်းကမဲမှောင်နေတော ့နာရီစင်အောက်မှောင်ရိပ်ခိုလို ့ရတယ်။ဆေးလိပ်လေးတစ်ဖွာနှစ်ဖွာ ဖွာရုံရှိသေး မဲမဲအရိပ်ကြီးတစ်ခုကျနော်တို ့စက်ဘီး၂စီးကြား ဘယ်လိုလုပ်ရောက်လာမှန်းမသိဘူး။ကိုယ်ဇောနဲ ့ကိုယ်ဆေးလိပ်ကိုမဲနေလို ့မှတ်တာ ပေါ ့အဝတ်မဲမဲ(အလင်းရောင်နဲလို ့စိတ်ထဲထင်တာလည်းဖြစ်နိုင်)ကြီးထဲကဖြူဖြူလက်ကြီးထွက်လာပြီးဆေးပေါလိပ်ကြီးတရမ်းရမ်းလုပ်နေတယ်။့ဆေးလိပ်မီးတောင်းတာမှတ်
်ပြီးကျနော်လက်ထဲကဆေးလိပ်လှမ်းပေးနေတုံးဆော်သွားပတ်တဲ့တစ်ယောက်ပြန်ရောက်လာတယ်။သူ ့ကိုခွေးလိုက်ဆွဲတဲ ့အကြောင်းပြောပြလို ့ရီနေကြတာနဲ ့ဆေးလိပ်ကိုမေ ့နေတာပေါ ့။သွားကြစို ့ဟေ ့ဆိုမှဆေးလိပ်ကိုသတိရပြီး ဟေ့ကောင်ငါ ့ဆေးလိပ်ကော ဆိုတော့စောင်ကျန်နေတဲ ့၁ယောက်က ဘယ်သိမလဲ ဟ တဲ ့။ဒါကငါ ့စီးကရက်ပါဟ တဲ ့။
ဟုတ်သားအဲလိုပြောမှဆေးလိပ်မီးပေးတဲ့ကိစ္စပေါ်လာတယ်။ ပြောပြမယ်သရဲတို ့တစ္ဆေတို ့ခြောက်တဲ ့အချိန်မှာ အခြောက်ခံရတဲ ့လူကမေ့ဆေးပေးထားသလို သိတော့သိတယ်မှတ်မိသလိုမမှတ်မိသလို နားဝေ
တိမ်တောင်ဖြစ်သွားတတ်ပါတယ်။(သရဲအခြောက်ခံထိတိုင်းသတိပြုမိတာပါ )အဲဒီကျမှဆေးလိပ်မီးပြန်တောင်းမလို ့လိုက်ရှာတော့ မရှိတော့ဘူးဗျ။မှောင်တယ်ဆိုပေမဲ ့ဟိုလိုပိန်းပိတ်နေတာမဟုတ်တော ့လူရိပ်သူရိပ် အုပ်ထုပ် ဘောင်းဘီ အရောင်သာတိတိကျကျခွဲမရချင်မရမယ်ထင်ထင်ရှားရှားမြင်ရတာကိုး။ဟိုကောင်နှစ်ယောက်က နင်းထွက်သွားပြီ။ကျနော်အနီးအနားပတ်ရှာတာလူဝေးလို ့ခွေးတစ်ကောင်
ကြောင်တစ်မြီးမှမရှိဘူး။ဆေးလိပ်ကိုတော့နှမျောပါရဲ ့သူတို ့မမှီမှာစိုးလိုကမန်းကတန်းနင်းလိုက်ခဲ ့ရ။
အမှန်ပြောရရင်အဲဒီအချိန်ထိကြောက်လည်းမကြောက်ခြောက်မှန်းတောင်မသိခဲ ့ပါဘူး။
ကိုက်၁၀ဝလောက်နင်းတော့ရှေ ့ကကောင်တွေကိုလှမ်းမြင်ရပြီ။သူတို ့က၂စီးယျဉ်နင်းနေတယ်။ဒါပေမဲ ့ဆော်သွားပတ်တဲ ့သူရဲ ့နောက်မှာတစ်ယောက်ထိုင်လိုက်ပါလာတာတွေ ့တယ်။အစတော ့စိတ်ထဲသိပ်အမှတ်မထားပါဘူးနောက်မှပြန်စဉ်းစားမိတာကအဲကောင်စက်ဘီးက ကယ်ရီယာခုံမပါတဲ ့ရယ်လေးယောင်္ကျားစီးဘီး။အဖော်တစ်ယောက်ပါရအောင်ကလည်း၃ယောက်ထဲလာတာ။ပိုပြီးထိတ်လန် ့သွေးပျက်စေတာက
စက်ဘီးနောက်မှာနောက်ပြန်လှည် ့စီးနေတဲ ့မဲမဲဝတ်ထားတဲ ့လူက စောစောကလိုပဲဆေးလိပ်မီးကြီးတရမ်းရမ်းလုပ်ပြနေတာပါ။မျက်နှာလည်းမမြင်ရဘူးခေါင်းငုံ ့ထားသလိုလို။အဲအချိန်ကျတော့ကြက်သီးတွေထ
ပြီးကြောက်တာနဲ ့ဒီဖက်၁ယောက်ဘေးကပတ်ကျော်ပြီးအသားကုန်နင်းတော့တာပဲ ပါးစပ်ကလည်းအမေတွေ အဖေတွေ ငယ်သံပါအောင်ကြုံးအော်တာကိုး။ကျနော်တို ့ငယ်တုံးကစက်ဘီးကို
အမျိုးစုံအောင် စတန် ့ထွင်စီးကြတယ် မောင်မောင်သန်း ဆပ်ကပ်ကလည်းနာမည်ကြီးတော့အတုခိုးတာပေါ ့၃ယောက်၄ယောက်ရှေ ့လက်ကိုင်ပေါ် အောက်ခြေနင်းတံခွကြား လုပ်လို ့ရသမျှ ကျောင်းဆင်းချိန် အပြိုင်ကျင် ့ကြတယ်။ဆိုင်ကယ်ကအိုတူးတို ့ဘီအက်အေတို ့စီဂျီ ကာဝါစကီ အနဲအကျင်းပဲရှိ
တယ်။စက်ဘီးသရဲတွေပေါ ့။နို ့ပေမဲ ့နင်းနေတုံးတစ်စီးပေါ်ကနေတစီးတော့ခုန်ကူးပြီးစီးနိုင်လောက်အောင်ဘယ်သူမှမစီးတတ်ကြပါဘူး။အခုဟာက ကျနော်ကြောက်လန် ့တကြားအော်ဟစ်နင်းပြီးဒီဘက်ကတစ်ယောက်ကိုကျော်တက်နေတုံး အဲဒီ ဆေးလိပ်မီးတောင်းတဲ့မဲမဲကြီးကဒီဖက်စက်ဘီး
ပေါ်ရောက်လာပြီး လုပ်နေပြန်တာတွေ ့တော့အူယားဖားရားနင်းတာ
ညဈေးထဲက ထိုးမုန် ့ဆိုင်တန်းထဲအိုးနင်းခွက်နင်း ကလုံးကလွမ်းဖြစ်ကျန်ခဲ ့ပါတယ်။သူငယ်ချင်းတွေက
ဘယ်လိုထင်ကြမလဲမသိပါဘူး။၃ယောက်မှာ ၁ယောက်ထဲ ခြောက်ခံရတာကတစ်ကြောင်း အဲတုံးကကျနော်ကတော်တော်စုံနေပြီဆိုတော ့မားကြောင်သလိုလိုတက်ပလက်ကြောင်သလိုလိုအပြောခံရမှာကြောက်တဲ ့အတွက်မပြောပြခဲ ့ပါဘူး။အခုမှ Kogyi ပြောတာရောစာဖတ်တဲ ့သူအားနာတာရောဖြစ်ညစ်စဉ်းစား ရေးသားလိုက်ရပါသည်။တစ်ဆက်ထဲပြောချင်တာကစာရေးတယ်ဆိုတာစိတ်ကူးရှိအုံးဖီလင် တနည်းအားဖြင် ့အာရုံလာမှ ဖြစ်တာပါ။ကျနော်တို ့fri တွေကိုတော်အိရော်အိ ဖြစ်ကတတ်ဆန်းမရေးပြချင်တော ့ပိုကြာပါတတ်ပါတယ်။နို ့မင်းတို ့ဘာလို ့ပေ့ထောင်ထားသလဲမေးရင်တော့ကျနော်တို ့ကဝါသနာပါလို ့ပါ
ပရော်ဖက်ရှင်နယ် မဟုတ်တဲ ့အတွက် အဆင်သင် ့စက်နဲ ့ရိုက်ထုတ်သလိုမတင်နိုင်တာ နားလည်ပေးဖို ့တောင်းပန်ပါရစေ။အခုသဘောထားဟာလည်းကျနော်သိသလောက်ရေးရတာပါSky သရဲလေးတို ့kogyi သရဲကြီးတို ့ဆီမှာကျနော်ဝါသနာအရဝင်ရေးတာဖြစ်တဲ ့အတွက် ပေ့ အကြောင်းအလုံးစုံမသိပါဘူး။ကျနော်ရေးတာမှားခဲ ့ရင်သရဲညီနောင်ကို
လည်းတစ်ဆက်ထဲတောင်းပန်ပါဧ။်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...