ဝင်းနဲ့ဇော်နောက်ဆုံးအယူခံအတွက် ကြိုတင်ပြင်ဆင်ကြမလား? ဖြစ်ပြီးမှငိုကြမလား?

ဝင်းနဲ့ဇော်နောက်ဆုံးအယူခံအတွက်
Prevention or Cure?
ကြိုတင်ပြင်ဆင်ကြမလား? ဖြစ်ပြီးမှငိုကြမလား?
==============================
ဒီပို့စ်က နိုင်ငံတော် အစိုးရဆီကိုပဲ တိုက်ရိုက်ရေးတင်ပြခြင်းဖြစ်တယ်။
အစကောင်းမှ အနှောင်းသေချာ၊ မိုးလွန်မှ ထွန်ချ၊ စတဲ့ စကားလေးတွေဟာ
ရှေးလူကြီးတွေ အလကားထားခဲ့တဲ့ စကားတော့မဟုတ်ပါဘူး။
ဝင်းနဲ့ဇော် အယူခံမှာ ရှုံးတယ်။
မတရားဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘလိုင်းကြီး။ များနေပြီ။
စတဲ့ ပေါက်ကွဲသံတွေ ကြားနေရတယ်။
(အမှန်က မတရားခဲ့တာ အမှု စကတည်းပါ။)
ယူကျုံးမရဖြစ်ခြင်း၊ ခံပြင်းခြင်းတွေ ဖြစ်ကြတယ်။
ကိစ္စအရပ်ရပ်ကို နားမလည်တဲ့ လိပ်ကျွန်းပရိတ်သတ်တွေက ပိုဒေါသထွက်ကြပါတယ်။
အယူခံကို သေသေချာချာ ပြင်ဆင်ထားလို့
နိုင်မယ်လို့ ထင်ထားသူတွေလည်း
အံ့သြကြရတယ်။
တချို့က နောက်တဆင့် အယူခံမှာနိုင်ဘို့မျှော်လင့်ကြဆဲ။
+++++++
ဒီပုံစံဆို ကျနော်အတိကျပြောပါမယ်။
နောက်ဆုံးမှာလည်း ကျနော်တို့သေချာရှုံးမှာပါ။
အဲ့အချိန်မှာ တနိုင်လုံး ၀မ်းနည်းကြေကွဲပြီး
ဝင်းနဲ့ဇော်တို့ရဲ့ သေဒါဏ်ပေးမယ့်နေ့မှာ
ရင်ထုမနာဖြစ်ရတဲ့အထိ ကျနော်တို့စောင့်ကြမှာလား။
အဲ့နေ့ထိမရောက်အောင် ကြိုတင်ပြင်ကြမလား။
ဒီမေးခွန်းဟာ ကျနော်တို့မြန်မာပြည်သူတွေအတွက်
သိပ်ကို အရေးကြီးလွန်းပါတယ်။
+++++++
အခု မြန်မာအစိုးရလုပ်ရမှာက
ကျွမ်းကျင်(ကျွမ်းကျင်နော်)
ပညာရှင်တွေ (နယ်ပယ်အသီးသီးမှ)တွေစုပြီး
အဖွဲ့တခုကို သေချာဖွဲ့ပါ။
ဘာကြောင့်ရှုံးခဲ့သလဲ။ဘယ်လို လုပ်ရင် နိုင်မလဲ ဆိုတဲ့ အဖြေကိုပဲဝိုင်းဝန်းအဖြေရှာပါ။
ကျနော်တို့အခုသွားရမယ့်အနေထားက
ဥပဒေခြင်း ဖိုက်လို့မရနိုင်ဘူး။
နိုင်ငံရေးနည်းလမ်းတွေ ရှာရပါတော့မယ်။
ကျနော်အမြဲပြောခဲ့သလိုပါပဲ ၀င်းနဲ့ဇော်ကို နိုင်ငံရေး နည်းဗျူဟာကပဲကယ်နိုင်မှာဖြစ်ပါတယ်။
ဥပဒေကြောင်းအရ ဘယ်လို အချက်လက်ခိုင်မာပါစေ။
တရားသူကြီးက သူတို့(လူယုတ်မာများ)ပြောတဲ့အတိုင်းပဲ စီရင်ချက်ချမှာပဲဖြစ်ပါတယ်။
ဒီလိုစီရင်ချက်မရရင်လည်း ပြသနာက
သူတို့ဘက်ကိုမြှားဦးလှည့်လာတော့မှာပါ။
ရဲချုပ်အထိပြုတ်မယ့် ဇတ်လမ်းတွေဖြစ်တာမို့ အမှုကို ယုတ်မာစွာ တည်ဆောက်ခဲ့ကြပြီး
မတရားစွာစီရင်နေကြခြင်းသာဖြစ်တယ်။
ဝင်းနဲ့ဇော်ရဲ့ အသက်နဲ့သွေးကို သူတို့ဂုဏ်သိက္ခာအတွက် သေချာခင်းပြီးလျှောက်ကြမှာပါ။
ဒါကြောင့် ဒီနိုင်ငံရေးနည်းဗျူဟာသုံးခြင်းကသာလျှင်
သူတို့တရားစီရင်ရေးကိုတည့်မတ်စေနိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးဗျူဟာလို့ဆိုရာမှာ နိုင်ငံတော်ကတာဝန်ရှိသူတွေသာ
ဘာလုပ်ရမလဲအကောင်းဆုံးသိကြပါတယ်။
ထိုင်းအစိုးရရဲ့ချက်ကောင်းကို
ထိုးနှက်နိုင်မယ့်ဗျူဟာတွေကိုသုံးရပါမယ်။
ထိုင်းအစိုးရက ၂ နိုင်ငံချစ်ကြည်ရေးကို အလေးထားခဲ့ရင်
ဝင်းနဲ့ဇော်ကိစ္စကို လက်လွတ်စပယ်မလုပ်သင့်ပေမယ့် အခုတော့သူတို့ကမြန်မာအစိုးရကို
စတင်သွေးတိုးစမ်းနေပါပြီ။
++++++++++
သို့ပါ၍
နောက်ဆုံးတဆင့်အယူခံမှာ
အကောင်းဆုံးပြင်ဆင်ထားတဲ့
အယူခံစာရွက်စာတမ်းနဲ့
မြန်မာအစိုးရရဲ့ နိုင်ငံရေး နည်းဗျူဟာကို
ပေါင်းသုံးမှသာလျှင်
အပြစ်ကင်းတဲ့သူ၂ယောက်ဖြစ်တဲ့
ဝင်းနဲ့ဇော်အသက်ကိုလုံးဝ (လုံးဝ) ကယ်နိုင်မှာဖြစ်ပါကြောင်း
နောက်ဆုံးအကြံပေးပြောကြားလိုပါသည်။
ကြိုတင်ပြင်ဆင်ခြင်းကို သာ၍ နှစ်သက်တဲ့
လင်းယုန်မာန်

credit to Pyi Moe Aung

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...