ရွှေတိဂုံစေတီတော် ကြေသွန်းဘုရားတွင် သံဃာနှင့် လူပုဂ္ဂိုလ်အချို့ အစိုးရကို သပိတ်မှောက်








ရေတိဂုံစေတီတော် မဟာဇေယျအတုလမာရဇိန် ကြေးသွန်းဘုရားသို့ ယနေ့ သြဂုတ် ၂ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် သံဃာနှင့်လူပုဂ္ဂိုလ်အချို့ ရောက်ရှိလာပြီး လက်ရှိအစိုးရအား ကံဆောင်သပိတ်မှောက်သည်။
ဆန္ဒပြသူများက ---
အာဏာရှင်အစိုးရ နှုတ်ထွက်ပေးရေး ဒို့အရေး၊
အမျိုးဘာသာ သာသနာအား နှိမ်ချသည့်အစိုးရ အလိုမရှိ၊
စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့်အစိုးရ အလိုမရှိ၊
ကတိမတည်သည့် အစိုးရ အလိုမရှိ၊
အာဏာယူပြီး တိုင်းပြည်အကျိုး မကာကွယ်နိုင်သည့် အစိုးရ အလိုမရှိ၊
တိုင်းရင်းသားများအားပစ်ပယ်ပြီး ပြည်ပပညာရှင်းများကို အထင်ကြီးအားကိုးသည့်အစိုးရ အလိုမရှိ၊
ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ်အောင် ပုံကြီးချဲ့ ၍ နိုင်ငံတကာ အကူအညီရယူကာ ပြည်ပနိုင်ငံများမှ မိမိနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုရရှိစေရန် အခြေအနေဖန်တီးနေသည့် ပြည်ပအားကိုးအစိုးရ အလိုမရှိ၊
ဆန္ဒပြသူများက ကြေးသွန်းဘုရားတောင်ဘက်မုခ်ကို ပိတ်၍ ဗီနိုင်းများကိုင်ဆောင်၍ အထက်ပါကြွေးကြော်သံများကို အော်ဟစ်ကြွေးကြော်လျက်ရှိကြောင်းသိရသည်။
ရွှေတိဂုံစေတီအနီးတွင် သြဂုတ် ၁ ရက် ညပိုင်းအချိန်ကတည်းကစ၍ လုံထိန်းကားနှစ်စီး၊ အချုပ်ကားတစီး၊ မီးတန်းကားလေးစီး၊ ရဲအင်အား ၅၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူထားသည်။
ရန်ကုန် ဆန္ဒပြမှုနှင့်အချိန်ကိုက် မန္တလေး ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ခန်းမရှေ့တွင်လည်း အလားတူကြွေးကြော်သံများဖြင့် သံဃာနှင့်လူပုဂ္ဂိုလ်အချို့ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
ကိုရဲ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...