အစိုးရကခြင့္ျပဳပါက ဓမၼေစတီေခါင္းေလာင္းအား ၁၀ ရက္အတြင္း ႀကိဳးခ်ည္ၿပီးျဖစ္ရမည္ဟု ဦးစံလင္းေျပာ


ဓမၼေစတီေခါင္းေလာင္း ဆယ္ယူရန္အတြက္ အစုိးရက ခြင့္ျပဳမည္ဆုိပါက ၁၀ ရက္အတြင္း ေခါင္းေလာင္းအား ႀကိဳးခ်ည္အၿပီးျဖစ္ရမည္ဟု ဓမၼေစတီေခါင္းေလာင္း ဆယ္ယူရန္ ႀကိဳးစားေနသူ ဦးစံလင္းက တူေမာ႐ိုးသို႔ ေျပာၾကားလိုက္သည္။

ဓမၼေစတီေခါင္းေလာင္းရွာေဖြရန္အတြက္ လြန္ခဲ့သည့္ ၁၂ ႏွစ္ခန္႔မွစ၍ ရန္ကုန္ျမစ္အတြင္း ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္လည္း ဓမၼေစတီေခါင္းေလာင္းကို တြင္တြင္က်ယ္က်ယ္ ထပ္မံရွာေဖြရန္ ရန္ကုန္တုိင္းအစုိးရထံသုိ႔ ခြင့္ျပဳမိန္႔ ေတာင္းခံခဲ့ရာ ခြင့္ျပဳခဲ့သည့္အတြက္ရွာေဖြခဲ့ေၾကာင္း၊ လက္ရွိ အေျခအေနမွာလည္း ရွာေဖြေတြ႕ရွိထားၿပီျဖစ္သည့္အတြက္ ေခါင္းေလာင္းႀကီးအား ဆယ္ယူရန္သာ က်န္ေတာ့ေၾကာင္း ဦးစံလင္းက ဆိုသည္။

 “၂၀၁၆ ခုႏွစ္က ရန္ကုန္တုိင္းမွာ ေလွ်ာက္ခဲ့တယ္။ မုိးတြင္းျဖစ္လုိ႔ မေပးဘူးဆုိၿပီး စာျပန္ခဲ့တယ္။ စာျပန္တဲ့အေပၚမွာ ကၽြန္ေတာ္တုိ႔အလုပ္က မုိးတြင္းပဲ လုပ္ရတာျဖစ္တယ္။ ရန္ကုန္တုိင္းအစုိးရအေနနဲ႔ ဒီအလုပ္အေပၚ မွာ နားမလည္တဲ့အတြက္ ကၽြန္ေတာ့္ကုိ ေခၚယူေတြ႕ပါလုိ႔ ထပ္မံအေၾကာင္းျပန္ခဲ့ေပမယ့္ အေၾကာင္းျပန္ျခင္းမရွိတဲ့အတြက္ ၂၀၁၇ ခုႏွစ္ မတ္လ ၁၆ ရက္မွာ ႏုိင္ငံေတာ္သမၼတႀကီးထံကို ထပ္မံၿပီး စာတင္ခဲ့ပါတယ္။ တစ္လေက်ာ္ၾကာတဲ့အထိ အေၾကာင္းျပန္ျခင္းမရွိတဲ့အတြက္ ဇူလုိင္ ၆ ရက္မွာ စာတင္ထားတာနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္စုံစမ္းခဲ့တယ္။ အဲဒီမွာ သက္ဆုိင္ရာ႐ုံးက မၾကာခင္ စာျပန္ပုိ႔ပါမယ္ဆုိတာေတာ့ ေျပာခဲ့ပါတယ္။ အခုအခ်ိန္ထိေတာ့ ေရာက္မလာေသးပါဘူး။ တကယ္လုိ႔ အစုိးရက ကၽြန္ေတာ့္ကုိ ဓမၼေစတီေခါင္းေလာင္းဆယ္ယူခြင့္ ခ်ေပးမယ္ဆုိရင္ ၁၀ ရက္ အတြင္း ေခါင္းေလာင္းကုိ ႀကိဳးခ်ည္ၿပီးေအာင္ လုပ္ေဆာင္ႏုိင္ပါတယ္”ဟု ဓမၼေစတီေခါင္းေလာင္း ဆယ္ယူရန္ႀကိဳးစားေနသူ ၄င္းက ေျပာၾကားခဲ့သည္။

 ၂၀၁၄ ခုႏွစ္တြင္ ဓမၼေစတီေခါင္းေလာင္းအား ရွာေဖြခြင့္အတြက္ ခြင့္ျပဳမိန္႔ေတာင္းခံခဲ့ေၾကာင္း၊ ယခုအခါေခါင္းေလာင္းအား ေတြ႕ရွိၿပီျဖစ္သည့္အတြက္ အစုိးရအား ဆယ္ယူခြင့္ ေတာင္းခံထားေသာ္လည္း လက္ရွိအစုိးရက ခြင့္ျပဳမိန္႔ခ်ေပးျခင္းမရွိေသးေၾကာင္း သိရသည္။
“ေခါင္းေလာင္းကုိ ဆယ္ယူဖုိ႔အတြက္ ကၽြန္ေတာ့္အေနနဲ႔ကေတာ့ လုပ္ေဆာင္ႏုိင္ပါတယ္။ အဲဒီအတြက္ အစုိးရအေပၚမွာလည္း အမ်ားႀကီးမူတည္ပါတယ္။ ဆယ္ယူခြင့္ေပးမွာလား၊ မေပးဘူးလားဆုိတာေပါ့။ တကယ္လုိ႔ အစိုးရက ခြင့္ျပဳမယ္ဆုိရင္ ၾသဂုတ္လ ၂၀ ရက္မွာ ဆယ္ယူဖုိ႔စီစဥ္ထားပါတယ္။ တကယ္လုိ႔ သူတုိ႔ဘက္က ခြင့္ျပဳမိန္႔ကုိ ေနာက္က်မွေပးရင္ေတာ့ ကၽြန္ေတာ္တုိ႔လည္း ဆယ္ယူဖုိ႔ကုိ ေနာက္ထပ္ ရက္ေရႊ႕ရမွာပါ”ဟု ဦးစံလင္းက ထပ္မံေျပာၾကားခဲ့သည္။

၂၀၁၄ ခုႏွစ္ ဇူလိုင္ ၁၄ ရက္တြင္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ခြင့္ျပဳမိန္႔ေပးခဲ့ၿပီး ၾသဂုတ္ ၈ ရက္တြင္ စတင္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရာ ႏွစ္ပတ္အတြင္း ကုန္းေပၚသို႔ ပရေလာကသားမ်ား အကူအညီျဖင့္ ဆယ္ယူမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ကာ ဆယ္ယူစဥ္ အခက္အခဲမ်ားရွိသျဖင့္ ေနာက္ထပ္ႏွစ္ပတ္ခန္႔ ထပ္တိုးရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။

 Creidit to Tomorrow Journal
========
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်အတွက် အစိုးရက ခွင့်ပြုမည်ဆိုပါက ၁၀ ရက်အတွင်း ခေါင်းလောင်းအား ကြိုးချည်အပြီးဖြစ်ရမည်ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် ကြိုးစားနေသူ ဦးစံလင်းက တူမောရိုးသို့ ပြောကြားလိုက်သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရန်အတွက် လွန်ခဲ့သည့် ၁၂ နှစ်ခန့်မှစ၍ ရန်ကုန်မြစ်အတွင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်လည်း ဓမ္မစေတီခေါင်းလောင်းကို တွင်တွင်ကျယ်ကျယ် ထပ်မံရှာဖွေရန် ရန်ကုန်တိုင်းအစိုးရထံသို့ ခွင့်ပြုမိန့် တောင်းခံခဲ့ရာ ခွင့်ပြုခဲ့သည့်အတွက်ရှာဖွေခဲ့ကြောင်း၊ လက်ရှိ အခြေအနေမှာလည်း ရှာဖွေတွေ့ရှိထားပြီဖြစ်သည့်အတွက် ခေါင်းလောင်းကြီးအား ဆယ်ယူရန်သာ ကျန်တော့ကြောင်း ဦးစံလင်းက ဆိုသည်။

 “၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်းမှာ လျှောက်ခဲ့တယ်။ မိုးတွင်းဖြစ်လို့ မပေးဘူးဆိုပြီး စာပြန်ခဲ့တယ်။ စာပြန်တဲ့အပေါ်မှာ ကျွန်တော်တို့အလုပ်က မိုးတွင်းပဲ လုပ်ရတာဖြစ်တယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဒီအလုပ်အပေါ် မှာ နားမလည်တဲ့အတွက် ကျွန်တော့်ကို ခေါ်ယူတွေ့ပါလို့ ထပ်မံအကြောင်းပြန်ခဲ့ပေမယ့် အကြောင်းပြန်ခြင်းမရှိတဲ့အတွက် ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်မှာ နိုင်ငံတော်သမ္မတကြီးထံကို ထပ်မံပြီး စာတင်ခဲ့ပါတယ်။ တစ်လကျော်ကြာတဲ့အထိ အကြောင်းပြန်ခြင်းမရှိတဲ့အတွက် ဇူလိုင် ၆ ရက်မှာ စာတင်ထားတာနဲ့ပတ်သက်ပြီး ကျွန်တော်စုံစမ်းခဲ့တယ်။ အဲဒီမှာ သက်ဆိုင်ရာရုံးက မကြာခင် စာပြန်ပို့ပါမယ်ဆိုတာတော့ ပြောခဲ့ပါတယ်။ အခုအချိန်ထိတော့ ရောက်မလာသေးပါဘူး။ တကယ်လို့ အစိုးရက ကျွန်တော့်ကို ဓမ္မစေတီခေါင်းလောင်းဆယ်ယူခွင့် ချပေးမယ်ဆိုရင် ၁၀ ရက် အတွင်း ခေါင်းလောင်းကို ကြိုးချည်ပြီးအောင် လုပ်ဆောင်နိုင်ပါတယ်”ဟု ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်ကြိုးစားနေသူ ၄င်းက ပြောကြားခဲ့သည်။

 ၂၀၁၄ ခုနှစ်တွင် ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေခွင့်အတွက် ခွင့်ပြုမိန့်တောင်းခံခဲ့ကြောင်း၊ ယခုအခါခေါင်းလောင်းအား တွေ့ရှိပြီဖြစ်သည့်အတွက် အစိုးရအား ဆယ်ယူခွင့် တောင်းခံထားသော်လည်း လက်ရှိအစိုးရက ခွင့်ပြုမိန့်ချပေးခြင်းမရှိသေးကြောင်း သိရသည်။
“ခေါင်းလောင်းကို ဆယ်ယူဖို့အတွက် ကျွန်တော့်အနေနဲ့ကတော့ လုပ်ဆောင်နိုင်ပါတယ်။ အဲဒီအတွက် အစိုးရအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ ဆယ်ယူခွင့်ပေးမှာလား၊ မပေးဘူးလားဆိုတာပေါ့။ တကယ်လို့ အစိုးရက ခွင့်ပြုမယ်ဆိုရင် သြဂုတ်လ ၂၀ ရက်မှာ ဆယ်ယူဖို့စီစဉ်ထားပါတယ်။ တကယ်လို့ သူတို့ဘက်က ခွင့်ပြုမိန့်ကို နောက်ကျမှပေးရင်တော့ ကျွန်တော်တို့လည်း ဆယ်ယူဖို့ကို နောက်ထပ် ရက်ရွှေ့ရမှာပါ”ဟု ဦးစံလင်းက ထပ်မံပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်ပြုမိန့်ပေးခဲ့ပြီး သြဂုတ် ၈ ရက်တွင် စတင်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နှစ်ပတ်အတွင်း ကုန်းပေါ်သို့ ပရလောကသားများ အကူအညီဖြင့် ဆယ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ဆယ်ယူစဉ် အခက်အခဲများရှိသဖြင့် နောက်ထပ်နှစ်ပတ်ခန့် ထပ်တိုးရှာဖွေမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

 Creidit to Tomorrow Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...