လူေျခာက္-ဟူသည္ ဘံုဘ၀ တစ္မ်ိဳးမွ သတၱ၀ါ မဟုတ္ပါ၊ ခႏၶာငါးပါး ရွိသည့္ လူ႔ဘ၀ ၌ပင္ ဇလာဗုဇ ပဋိသေႏၶေနၾက သူမ်ား ျဖစ္ပါသည္။ အမိ ၀မ္းတြင္း ငါး {၅} ပတ္ အလြန္ တြင္ အမိ၀မ္းတြင္ ကြယ္လြန္ ခဲ့ပါသည္။
၄င္း၏ အသက္ ၀ိညာဥ္ သည္ ၁၀ ၊ ၁၂- ပတ္ အတြင္း ေသဆံုး ၍ သေႏၶ ၂-လေက်ာ္ ၃-လ နီးပါးအရြယ္ လူသားေလာင္း ရုပ္ၾကြင္း သာ အမိ ၀မ္းတြင္က်န္ ခဲ့ျပီး ကံအားေလ်ာ္ စြာ ေပတဘ၀ (ဂႏၶဗၺ ေ၀မာနိကၿပိတၱာ) မ်ိဳး တြင္ ျဖစ္ေလသည္။
(ေရွးဘ၀ ေကာင္မႈ အက်ိဳးေၾကာင္႔ သုဂတိဘံု ကို ပဋိသေႏၶေတာ႔ ေနခြင္႔ရသည္။ ရွင္သန္ ခံစားခြင္႔ မရ ဘဲ ေသသြား ရရွာသည္။)
အသက္၀ိညာဥ္ မဲ့ေသာ သေႏၶသား မွာ ပ်က္က် ရမည္ျဖစ္ေသာ္ လည္း တစံု တခုေသာ အေၾကာင္း ( ဥပမာ-ေတေဇာ ဓာတ္ လြန္ကဲမႈ) ေၾကာင့္ ပ်က္က် မသြားဘဲ တျဖည္းျဖည္း ေျခာက္သြားရပါသည္။ ၄င္း ေျခာက္ သြားသည္ႏွင့္ ၂-၃ လ အရြယ္ ႀကီးေနေသာ အမိ ၀မ္းသည္ လည္း ျပန္လည္ ပိန္ၾကံဳ၍ သြားကာ ေန႔ေစ့ ခ်ိန္ (၄၂-သတၱာဟ ခန္႔ ) တြင္ ဖြားျမင္သည္။
ထိုအခါ မရင့္ မာမီ အမိ ၀မ္းတြင္း မွာပင္ ေသဆံုးေျခာက္ကပ္ သြားရ၍ မႀကီးျပင္းႏိုင္ဘဲ ခက္မ ငါးျဖာ မ်က္စိ နား ႏွာေခါင္း အရာပါရံု မွ် ရွိသည့္ လူသားေလာင္း အေျခာက္ကေလး ( ၄-လက္မ အရြယ္ ) မွ်သာ ေမြးဖြား လာခဲ့ရသည္။
ထိုအခါ ၌ ၄င္း လူသားေလာင္း ကေလးမွ ဘ၀ေျပာင္း ၍ ျဖစ္ေနေသာ ဂႏၶဗၺ (သို႔မဟုတ္) ေ၀မာနိကျပိတၱာ မွာ ေလခၽြန္နတ္ သူငယ္ ကဲ့သို႔ အသင့္ အတင့္တန္ခိုး ရွိသျဖင့္ ၄င္း၏ ရုပ္ၾကြင္း လူေျခာက္ ကေလးကို တြယ္တာ စြဲ၀င္ ၍ ေနလာေလသည္။ ထို႔ေၾကာင့္ ဆိုင္ရာ မိဘ စသည္တို႔အား အိပ္မက္ေပးျခင္း၊ အရိပ္ အေရာင္ျပျခင္း စသည္ ျပဳလုပ္ႏိုင္ေလသည္။
အထက္ပါ တို႔ကို ေထာက္၍ လူေျခာက္ သည္ အသက္ ရွင္ျခင္း၊ အာဟာရ မွီ၀ဲျခင္း၊ က်င္လည္ လႈပ္ရွားျခင္း မရွိ၊ ၄င္းအား မွီတြယ္ စြဲ၀င္ေနေသာ ေ၀မာနိက ေပတ၊ ဂႏၶဗၺ ၏ သေဘာ သဘာ၀ အတိုင္း သာလွ်င္ ျဖစ္ေၾကာင္း မွတ္သား သင့္ပါသည္။
( အမိ၀မ္းတြင္းတြင္ ေသဆံုးျပီး ေ၀မာနိကေပတ ဂႏၶဗၺ မျဖစ္၊ သို႔မဟုတ္ မွီတြယ္ စြဲကပ္မႈ မရွိ ၍ မထူးမျခား အေသ အတိုင္း ေမြး၍ စြန္႔ပစ္ ရေသာ လူေျခာက္ မ်ားလည္း ရွိေသးေၾကာင္း သိရပါသည္ ) ။
၄င္းလူေျခာက္ျပႆနာ ကို ေဆးပညာ ရႈေထာင့္ မွလည္း ေလ့လာသင့္ေသးသည္။
==============
လူခြောက်-ဟူသည် ဘုံဘဝ တစ်မျိုးမှ သတ္တဝါ မဟုတ်ပါ၊ ခန္ဓာငါးပါး ရှိသည့် လူ့ဘဝ ၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြ သူများ ဖြစ်ပါသည်။ အမိ ဝမ်းတွင်း ငါး {၅} ပတ် အလွန် တွင် အမိဝမ်းတွင် ကွယ်လွန် ခဲ့ပါသည်။
၄င်း၏ အသက် ၀ိညာဉ် သည် ၁၀ ၊ ၁၂- ပတ် အတွင်း သေဆုံး ၍ သန္ဓေ ၂-လကျော် ၃-လ နီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်း သာ အမိ ဝမ်းတွင်ကျန် ခဲ့ပြီး ကံအားလျော် စွာ ပေတဘဝ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုး တွင် ဖြစ်လေသည်။
(ရှေးဘဝ ကောင်မှု အကျိုးကြောင့် သုဂတိဘုံ ကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန် ခံစားခွင့် မရ ဘဲ သေသွား ရရှာသည်။)
အသက်ဝိညာဉ် မဲ့သော သန္ဓေသား မှာ ပျက်ကျ ရမည်ဖြစ်သော် လည်း တစုံ တခုသော အကြောင်း ( ဥပမာ-တေဇော ဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျ မသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက် သွားသည်နှင့် ၂-၃ လ အရွယ် ကြီးနေသော အမိ ဝမ်းသည် လည်း ပြန်လည် ပိန်ကြုံ၍ သွားကာ နေ့စေ့ ချိန် (၄၂-သတ္တာဟ ခန့် ) တွင် ဖွားမြင်သည်။
ထိုအခါ မရင့် မာမီ အမိ ဝမ်းတွင်း မှာပင် သေဆုံးခြောက်ကပ် သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မ ငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံ မျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မ အရွယ် ) မျှသာ မွေးဖွား လာခဲ့ရသည်။
ထိုအခါ ၌ ၄င်း လူသားလောင်း ကလေးမှ ဘဝပြောင်း ၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာ မှာ လေချွန်နတ် သူငယ် ကဲ့သို့ အသင့် အတင့်တန်ခိုး ရှိသဖြင့် ၄င်း၏ ရုပ်ကြွင်း လူခြောက် ကလေးကို တွယ်တာ စွဲဝင် ၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘ စသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ် အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါ တို့ကို ထောက်၍ လူခြောက် သည် အသက် ရှင်ခြင်း၊ အာဟာရ မှီဝဲခြင်း၊ ကျင်လည် လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ် စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ ၏ သဘော သဘာဝ အတိုင်း သာလျှင် ဖြစ်ကြောင်း မှတ်သား သင့်ပါသည်။
( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ ၍ မထူးမခြား အသေ အတိုင်း မွေး၍ စွန့်ပစ် ရသော လူခြောက် များလည်း ရှိသေးကြောင်း သိရပါသည် ) ။
၄င်းလူခြောက်ပြဿနာ ကို ဆေးပညာ ရှုထောင့် မှလည်း လေ့လာသင့်သေးသည်။
0 comments :
Post a Comment