သူနာပြုဝတ်စုံနဲ့ Sexy ကျလွန်းလို့ အလုပ်ထွက်ခဲ့ရတဲ့ သူနာပြုဆရာမလေး












ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Isan ပြည်နယ်က ပုဂ္ဂလိကဆေးရုံလေးမှာ ယခင်က သူနာပြုဆရာမအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တဲ့  Parichat ‘Pang’ Chatsri အမည်ရ အသက် 26 နှစ်အရွယ် အမျိုးသမီးဟာ လုပ်ငန်းခွင်မှာ သူနာပြုဝတ်စုံ နဲ့ Sexy selfie တွေ ရိုက်ကူးရတာ ၀ါသနာပါပါတယ်။
Pang ရဲ့ ချပ်ချပ်ရပ်ရပ်ရှိတဲ့ သူနာပြုဝတ်စုံနဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက် Facebook မှာတော့ အလွန်ရေပန်းစား နေပြီး မင်းသမီးတစ်ယောက်လောက်ကို Follower တွေ ရနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလို Sexy ပုံတွေ ရိုက်ကူး တာကို ဆေးရုံတာဝန်ရှိသူတွေက သဘောမကျကြပါဘူး။
အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲဝါဒီတွေက Pang ဟာ သူနာပြုအလုပ်ကို လေးစားမှုမရှိဘူးလို့ အပြစ်ပြောခဲ့ကြသလို၊ တမင်သက်သက် လိင်စိတ်ကို နှိုးစွနေသူလို့လည်း စွပ်စွဲခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူမကို အလုပ်က ထွက်ပေးဖို့  ဆေးရုံတာဝန်ရှိသူတွေက တောင်းဆိုပါတော့တယ်။ Pang ကလည်း သူနာပြုအလုပ်က ထွက်ခဲ့ပါတယ်။
ဒါပေမယ့် Pang ရဲ့ ဓာတ်ပုံတွေကတော့ Thai Nurse Lovers Association အမည်ရ Facebook Page မှာ တော်တော်လေးကို လူကြိုက်များနေပါပြီ။ သူမ အလုပ်က မထွက်ခင်မှာ Thailand Nursing and Midwifery Council (ထိုင်းနိုင်ငံ သူနာပြုနဲ့သားဖွားမီးယပ်ကောင်စီ)ဆီကိုလည်း တောင်းပန်စာတင်ခဲ့ပြီး၊ သူမကြောင့် သူနာပြုတွေကို အမြင်တစ်မျိုးစောင်း သွားစေမှာကို မလိုကြောင်း ဆိုပါတယ်။
Pang က “ကျမ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့ကို ရှင်းပြခဲ့ပါသေးတယ် … ဒါပေမယ့် သူတို့က ဆေးရုံရဲ့ပုံရိပ်ဆိုတာ ကိုပဲ ဦးတည်ပြောနေကြတယ် … ကျမ သူတို့ကို နားလည်ပါတယ် .. ဒါကြောင့် တာဝန်ခံမှုရှိစွာနဲ့ နှုတ်ထွက်ခဲ့တာပါ .. ကောင်စီကိုလည်း တောင်းပန်စာတင်ခဲ့ပါတယ် .. ကျမကြောင့်တော့ သူနာပြုတွေကို လူတွေ တစ်မျိုးမမြင်စေချင်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : thesun.co.uk

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...