နွားဝယ်ဖို့ ငွေမရှိလို့ သမီးနှစ်ယောက်ကို ကျောင်းထုတ်ပြီး၊ ထွန်တုံးဆွဲခိုင်းရတဲ့ဖခင်





အိန္ဒိယနိုင်ငံမှာ ငွေမည်းခ၀ါချမှု တိုက်ဖြတ်ရေးကြောင့် ထိခိုက်နစ်နာမှုတွေ များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က အိန္ဒိယအစိုးရဟာ တရားဝင်အသုံးပြုနေတဲ့ ငွေတွေကို ငွေမည်းအဖြစ် ကြေငြာခဲ့ပြီး၊ သတ်မှတ်ကာလအတွင်းမှာ ယင်းငွေတွေကို အစိုးရဘဏ်တွေဆီအရောက်သွားပြီး လဲလှယ်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါဟာ ငွေမည်းထုတ်လုပ်မှု၊ ငွေစက္ကူထုတ်လုပ်မှုနဲ့၊ ငွေကြေးထိန်းချုပ်ဖို့ကြိုးစားနေတဲ့သူတွေကို ရည်ရွယ်ပြီး၊ အစိုးရက ဆောက်ရွက်ခဲ့တဲ့ စီမံကိန်းပါ။
ဒါပေမယ့် အထိနာခဲ့သူတွေထဲမှာ မရှိဆင်းရဲသားတွေလည်း ပါဝင်ခဲ့ပြီး၊ အစိုးရထုတ်ပြန်တဲ့ သတင်းအချက်အလတ်နဲ့ အလှမ်းကွာဝေးတဲ့နေရာတွေ၊ ငွေလဲဖို့ဘဏ်တွေနဲ့ အလှမ်းကွာဝေးတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ တောကြိုအုံကြား ရွာကလေးတွေက မရှိဆင်းရဲသားတွေအတွက်တော့ ဘ၀ပျက်စေခဲ့တဲ့အထိ ထိုးနှက်ချက်က ပြင်းထန်ခဲ့ပါတယ်။
ဒီငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ ဆင်းရဲသားတွေထဲမှာ တောင်သူ Sardar Kahla လည်း ပါဝင်ခဲ့ပါတယ်။ Kahla ဟာ Madhya Pradesh ပြည်နယ်အစွန်အဖျား Banantpur Pangri ရွာကလေးမှာ နေထိုင်ပါတယ်။ သူ့မှာ နွားဝယ်ဖို့ ပိုက်ဆံ လုံးဝမရှိတဲ့အတွက် သူဟာ သမီးနှစ်ယောက်စလုံးကို ကျောင်းထုတ်ပြီး၊ ထွန်တုံးမှာ နွားတွေအစား ဆွဲစေပါတယ်။

ဒီလိုမှ မလုပ်ရင် သူ့တောင်သူလုပ်ငန်းလည်း နားလိုက်ရမှာ ဖြစ်ပြီး၊ မိသားစုစီးပွားရေးက ပိုပြီးဆိုးဝါးမယ့် အခြေအနေကို ရောက်သွားမှာပါ။ Khala က ” ကျွန်တော့်မှာ နွားဝယ်ဖို့ ပိုက်ဆံက တစ်ပြားမှ မရှိပါဘူး … စီးပွားပျက်ကပ်က အခုအချိန်ထိ ဒုက္ခပေးနေတုန်းပါ … သမီးနှစ်ယောက်ကို ကျောင်းထုတ်ပြီး လယ်ယာလုပ်ငန်း လုပ်ခိုင်းနေရပါတယ် “လို့ ပြောခဲ့ပါတယ်။
ဒီသတင်းကို ကြားသိရပြီး၊ တောင်သူကြီး Kahla ကို ဒေသခံအစိုးရ ပြည့်သူ့ဆက်ဆံရေးအရာရှိ Ashish Sharma က အစိုးရရဲ့ စီမံချက်နဲ့အတူ အကူအညီတစ်ခုခု ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အခုအချိန်မှာတော့ Khala ရဲ့ သမီးဖြစ်သူ Radhika (14)နှစ်နဲ့ Kunti (11)နှစ်တို့ဟာ နွားတွေအစား ဖခင်၊ မောင်လေးနဲ့အတူ တစ်လှည့်ဆီ ပင်ပင်ပန်းပန်း ရုန်းကန်နေရပါတယ်။

စီးပွားပျက်ကပ်ဒဏ်ကို မခံမရပ်နိုင်တဲ့ တောင်သူမြောက်များစွာ ယခုနှစ်မှာပင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြပြီး၊ ပြီးခဲ့တဲ့လက ဆန္ဒပြပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ တောင်သူငါးဦးဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
နတ်စည်တော် (Shwemom)

source : indiatimes.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...