H1N1 တုပ္ေကြးျဖင့္ လူ ၂ ဦးထပ္မံေသဆံုး၊ လူနာ ၁ ဦးထပ္မံေရာက္ရွိ


ရန္ကုန္ေဆး႐ုံႀကီးမွာ ရာသီတုပ္ေကြး A(H1N1) ေရာဂါနဲ႔ လူနာ ၂ ေယာက္ ထပ္မံ ေသဆံုးၿပီး ဒီေန႔ပဲ သံသယ လူနာတေယာက္ထပ္ေရာက္လာတယ္လို႔ ဒုေဆး႐ံုအုပ္က ဒီဗီြဘီကို အတည္ျပဳ ေျပာပါတယ္။
မေန႔က ေဆး႐ုံကုိေရာက္ရွိလာတဲ့ ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးတေယာက္ ခ်က္ခ်င္း ေသဆုံးခဲ့ၿပီး ၂၁ ရက္ေန႔ ကတည္းက ပဲခူးကေနလာေရာက္ေဆးကုသမႈခံယူေနတဲ့ အမ်ိဳးသားတေယာက္လည္း ေသဆုံးခဲ့တာပါ။
မေန႔က ေသဆုံးသူႏွစ္ေယာက္လံုးမွာ H1N1 ေရာဂါပုိးေတြ႔ရွိခဲ့တယ္လို႔ ဒုေဆး႐ံုအုပ္ ေဒါက္တာခင္သိဂႌျမင့္က ေျပာပါတယ္။
ဒါ့အျပင္ ဇူလုိင္လ ၂၅ ရက္ေန႔မွာ ရန္ကုန္ေဆး႐ုံႀကီးကုိ ေရာက္ရွိလာတဲ့ အမ်ိဳးသား လူနာတဦးဟာ ရာသီတုပ္ေကြးေရာဂါျဖစ္ေနသလုိ အသက္႐ႉလမ္းေၾကာင္းဆုိင္ရာေရာဂါ အျပင္းအထန္ ခံစားေနရတဲ့အတြက္ H1N1 ဟုတ္မဟုတ္သိႏုိင္ဖုိ႔အတြက္ ဓာတ္ခြဲခန္းပုိ႔ စမ္းသပ္ စစ္ေဆးေနၿပီး အေျဖကုိေတာ့ ဇူလုိင္လ ၂၆ ရက္ေန႔မွာ သိရမယ္လုိ႔ ေျပာပါတယ္။
“ရာသီတုပ္ေကြးကေနၿပီး အသက္႐ႉၾကပ္တာတို႔၊ ေခ်ာင္းတအားဆိုးတာတို႔ အဲလို ျဖစ္လာတဲ႔ လူေလာက္ပဲအစ္မတို႔ဆီလာျပတယ္။ လတ္တေလာလည္း ေန႔တိုင္းေတာ့ တစ္ေယာက္ ႏွစ္ေယာက္တက္ေနတာပဲ။ ဒီေန႔လည္း တစ္ေယာက္ ရွိတယ္။ စစ္ေနတယ္။ မနက္ျဖန္သိရမယ္” လို႔ ေဒါက္တာခင္သိဂႌျမင့္က   ဆက္ေျပာပါတယ္။
H1N1 ေရာဂါျဖစ္ပြားသူေတြ မ်ားလာမယ္ဆုိရင္ေတာ့ ေရာဂါမကူးစက္ေအာင္ ေဝဘာဂီေဆး႐ုံမွာ ထားရွိဖုိ႔ကုိ ျပင္ဆင္ထားပါတယ္လုိ႔ သိရပါတယ္။
လက္ရွိမွာ ရာသီတုပ္ေကြးေရာဂါ  H1N1 ကူးစက္ခံထားရသူ စုစုေပါင္း ၁၃ ဦးနဲ႔ ေသဆံုးသူ ၃ ဦး႐ွိေနၿပီျဖစ္ပါတယ္။
လတ္တေလာမွာ ေရာဂါကူးစက္ခံ ေနရသူေတြ ရွိေနတဲ့ေနရာေတြကေတာ့ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ ခ်င္းျပည္နယ္၊ ဧရာ၀တီတိုင္း၊  ေနျပည္ေတာ္ တို႔မွာ ျဖစ္ပါတယ္။
လက္ရွိျဖစ္ေနတဲ႔ တုပ္ေကြးဟာ Influenza A(H1N1)pdm09 ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ၿပီး ၂၀၀၉ ခုႏွစ္က ႏိုင္ငံအားလံုးကို ကူးစက္ခဲ႔ၿပီး ကမာၻလံုးဆိုင္ရာ ကပ္ေရာဂါအသြင္ျဖစ္ပြားခဲ႔တာပါ။
အဲဒါေၾကာင့္ လူအမ်ားစုမွာ အဲဒီဗိုင္းရပ္စ္အတြက္ ခုခံအား (Immunity) တခ်ိဳ႕ရၿပီးျဖစ္လို႔ ၂၀၁၀ ခုႏွစ္ ၾသဂုတ္ ၁၀ ရက္ေန႔မွာ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါျဖစ္ပြားမႈၿပီး ေနာက္ပိုင္းကာလ (Post – pandemic period) ကို ေရာက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။
ဒါေပမယ့္ ဗိုင္းရပ္စ္ပိုးဟာ ေနာင္ႏွစ္မ်ားစြာအထိ ရာသီတုပ္ေကြးေရာဂါ (Seasonal Influenza) အသြင္နဲ႔ ဆက္လက္ကူးစက္ပ်ံ႕ပြားႏိုင္တယ္လို႔ ကမာၻ႕က်န္းမာေရးအဖြဲ႔က ေၾကညာထားပါတယ္။
Credit:DVB
Unicode
ရန်ကုန်ဆေးရုံကြီးမှာ ရာသီတုပ်ကွေး A(H1N1) ရောဂါနဲ့ လူနာ ၂ ယောက် ထပ်မံ သေဆုံးပြီး ဒီနေ့ပဲ သံသယ လူနာတယောက်ထပ်ရောက်လာတယ်လို့ ဒုဆေးရုံအုပ်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
မနေ့က ဆေးရုံကိုရောက်ရှိလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ချက်ချင်း သေဆုံးခဲ့ပြီး ၂၁ ရက်နေ့ ကတည်းက ပဲခူးကနေလာရောက်ဆေးကုသမှုခံယူနေတဲ့ အမျိုးသားတယောက်လည်း သေဆုံးခဲ့တာပါ။
မနေ့က သေဆုံးသူနှစ်ယောက်လုံးမှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဒုဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာတဲ့ အမျိုးသား လူနာတဦးဟာ ရာသီတုပ်ကွေးရောဂါဖြစ်နေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အပြင်းအထန် ခံစားနေရတဲ့အတွက် H1N1 ဟုတ်မဟုတ်သိနိုင်ဖို့အတွက် ဓာတ်ခွဲခန်းပို့ စမ်းသပ် စစ်ဆေးနေပြီး အဖြေကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့မှာ သိရမယ်လို့ ပြောပါတယ်။
“ရာသီတုပ်ကွေးကနေပြီး အသက်ရှူကြပ်တာတို့၊ ချောင်းတအားဆိုးတာတို့ အဲလို ဖြစ်လာတဲ့ လူလောက်ပဲအစ်မတို့ဆီလာပြတယ်။ လတ်တလောလည်း နေ့တိုင်းတော့ တစ်ယောက် နှစ်ယောက်တက်နေတာပဲ။ ဒီနေ့လည်း တစ်ယောက် ရှိတယ်။ စစ်နေတယ်။ မနက်ဖြန်သိရမယ်” လို့ ဒေါက်တာခင်သိင်္ဂီမြင့်က ဆက်ပြောပါတယ်။
H1N1 ရောဂါဖြစ်ပွားသူတွေ များလာမယ်ဆိုရင်တော့ ရောဂါမကူးစက်အောင် ဝေဘာဂီဆေးရုံမှာ ထားရှိဖို့ကို ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကူးစက်ခံထားရသူ စုစုပေါင်း ၁၃ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။
လတ်တလောမှာ ရောဂါကူးစက်ခံ နေရသူတွေ ရှိနေတဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ နေပြည်တော် တို့မှာ ဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့ တုပ်ကွေးဟာ Influenza A(H1N1)pdm09 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ၂၀ဝ၉ ခုနှစ်က နိုင်ငံအားလုံးကို ကူးစက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့တာပါ။
အဲဒါကြောင့် လူအများစုမှာ အဲဒီဗိုင်းရပ်စ်အတွက် ခုခံအား (Immunity) တချို့ရပြီးဖြစ်လို့ ၂၀၁၀ ခုနှစ် သြဂုတ် ၁၀ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုပြီး နောက်ပိုင်းကာလ (Post – pandemic period) ကို ရောက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဗိုင်းရပ်စ်ပိုးဟာ နောင်နှစ်များစွာအထိ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) အသွင်နဲ့ ဆက်လက်ကူးစက်ပျံ့ပွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...