ယေန႔ လူေျပာမ်ားေနတဲ့ ေဖာ္မလင္(Formalin) ဆုိတာ

ယေန႔ လူေျပာမ်ားေနတဲ့ ေဖာ္မလင္(Formalin) ဆုိတာ

ယေန႔ လူေျပာမ်ားေနတဲ့
ေဖာ္မလင္(Formalin)အေၾကာင္းအရာမ်ားနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ေဖာ္ျပေပးခ်င္ပါတယ္။
ေဖာ္မလင္ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ Google internet ထဲမွာ ႐ွာေဖြေလ့လာသလုိ ေဒါက္တာ ေဒၚဇင္ဇင္ႏြယ္(စားေသာက္ကြပ္ကဲ ဦးစီး႒ာနမႈး) Healthy Life ဂ်ာနယ္ အမွတ္(၈၇) တြင္ ပါရွိသည့္ က်န္းမာေရးေဆာင္းပါးမ်ားကုိလည္း ကြၽန္ေတာ္ ေလ့လာဖတ္႐ႈခဲ့ဖူးပါတယ္။
ေဖာ္မလင္ဆိုတာ အေရာင္အဆင္းမရွိ၊ အနံ႔ျပင္းတဲ့ ဓာတုပစၥည္း တစ္မ်ဳိးျဖစ္ပါတယ္။
ေဖာ္မယ္ဒီဟိုက္((formaldehyde)၊ မက္သေနာ((methanol)၊ ေရ (water) စုေပါင္းထားတဲ့ အေရာအေႏွာတစ္ခုျဖစ္ၿပီး ေဖာ္မလင္အရည္မွာ ေဖာ္မယ္ဒီဟိုက္( ၃၇%) ရာခိုင္ႏႈန္း ပါ၀င္ပါတယ္။
ေဖာ္မလင္ကို သဘာ၀အားျဖင့္ ဘယ္လိုေနရာေတြမွာ အသံုးျပဳေလ့ရွိသလဲဆုိေတာ့ ေဖာ္မလင္ကို အဓိကအားျဖင့္ လူေသေတြကို ၾကာရွည္ခံေအာင္ စိမ္တဲ့ေနရာမွာ သံုးပါတယ္။ ၿပီးေတာ့ ပိုးသတ္ရာမွာ သံုးပါတယ္၊ ၾကမ္းခင္းေတြ၊ အ၀တ္အစားေတြ၊ သေဘာၤေတြနဲ႔ သိုေလွာင္႐ံုေတြကို သန္႔ရွင္းေရးျပဳလုပ္ရာမွာ အသံုးျပဳပါတယ္။ အင္းဆက္ပိုးေတြ၊ ယင္ေကာင္ေတြ ႏွိမ္နင္းရာမွာသံုးပါတယ္။ ပိုးခ်ည္၊ ဆိုးေဆး၊ မွန္နဲ႔ ေဖာက္ကြဲပစၥည္းေတြ ျပဳလုပ္ရာမွာ သံုးပါတယ္။
ဓာတ္ေျမၾသဇာနဲ႔ ေရေမႊးျပဳလုပ္ရာမွာ သံုးပါတယ္။
အလွကုန္ပစၥည္းေတြ တာရွည္ခံေအာင္ ျပဳလုပ္ရာမွာ သံုးပါတယ္။
လွ်ပ္ကာပစၥည္းေတြ ျပဳလုပ္ရာမွာ သံုးပါတယ္။
အထပ္သားေတြ ကပ္ရာမွာ သံုးပါတယ္။
အခုအခါမွာေတာ့ ေဖာ္မလင္ကို အစားအေသာက္ ေတြမွာတာရွည္ခံေအာင္ သံုးေနၾကပါတယ္။တကယ္ေတာ့
ေဖာ္မလင္ကို အစားအေသာက္ေတြမွာ တာရွည္ခံပစၥည္းအျဖစ္ အသံုးမျပဳရပါ။
ေဖာ္မလင္ကိုတာရွည္ခံပစၥည္းအျဖစ္ လြဲမွားစြာအသံုးျပဳတတ္တဲ့ အစားအေသာက္ေတြကေတာ့ အသား၊ ငါး၊ Seafood ေခၚ ပင္လယ္စာေတြ၊ ဟင္းသီးဟင္းရြက္ေတြ၊ ပန္းသီး၊ လိေမၼာ္သီး စတဲ့ အသီးအႏွံေတြ၊Tofu/ ပဲျပား၊ ပဲေသြး၊ မုန္႔ဟင္းခါးဖတ္ ေတြျဖစ္ပါတယ္။
ေဖာ္မလင္ပါတဲ့ အစားအေသာက္ေတြကို စားသံုးမိရင္ ဘယ္လိုက်န္းမာေရးျပႆနာေတြ ျဖစ္တတ္ပါသလဲဆုိေတာ့ ေဖာ္မလင္ပါတဲ့ အစားအေသာက္ကို စားသံုးမိတာေၾကာင့္ ဗိုက္နာျခင္း၊ ပ်ဳိ႕အန္ျခင္း၊ ၀မ္းသြားျခင္း၊ သတိလစ္ေမ့ေျမာျခင္းနဲ႔ အခန္႔မသင့္ရင္ ေသဆံုးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။
ေဖာ္မလင္ပါတဲ့ အစားအေသာက္ကိုေရရွည္ စားသံုးမိတာေၾကာင့္ ေက်ာက္ကပ္၊ အသည္း၊အစာအိမ္၊ အဆုတ္တို႔ ပ်က္စီးျခင္း.. ေနာင္တစ္ခ်ိန္မွာ ကင္ဆာေရာဂါျဖစ္ပြားျခင္း၊အသည္းေျခာက္ျခင္း၊ အသည္းကင္ဆာ၊ ေသြးအားနည္းျခင္း၊ ေသြးကင္ဆာတို႔ ျဖစ္ႏိုင္ၿပီး အထူးသျဖင့္ ကိုယ္၀န္ေဆာင္နဲ႔ ေမြးကင္းစကေလးေတြမွာ ဆိုးရြားစြာ ထိခိုက္ေစႏိုင္ပါတယ္။
ေဖာ္မလင္ျပႆနာက ျမန္မာတစ္ႏိုင္ငံတည္းမဟုတ္ဘဲ တ႐ုတ္၊ ဗီယက္နမ္၊ ဘဂၤလား ေဒ့ရွ္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ေဟာင္ေကာင္စတဲ့ႏိုင္ငံေတြမွာလည္း ရွိေနတဲ့အတြက္ ဥပေဒထုတ္ျပန္ၿပီး အေရးယူေနၾကတာ ေတြ႕ရပါတယ္။
အစားအေသာက္ေတြမွာ ေဖာ္မလင္ ပါ၊ မပါ ဘယ္လို သိႏိုင္မလဲဆုိေတာ့… ငါးဆိုရင္ ေဖာ္မလင္ပါတဲ့အခါ အသားက ရာဘာလို မာမာေတာင့္ေတာင့္ျဖစ္ေနမယ္၊ အေၾကးခြံကမာေနမယ္၊ ငါးညႇီနံ႔မရဘူး၊ ယင္မနားဘူး။
ပင္လယ္စာဆိုရင္ရာဘာလိုမာၿပီး ျဖဴေနမယ္၊ အနံ႔မရွိဘူး။ ကင္းမြန္ဆိုရင္ အရမ္းမာၿပီး ဓားနဲ႔ျဖတ္မွ ျပတ္ႏိုင္တယ္။
Tofu/ပဲျပားဆိုရင္ေပ်ာ့မေနဘဲ မာမာတင္းတင္းျဖစ္ေနမယ္။ ၂၄ နာရီ ေက်ာ္ရင္လည္း မပ်က္စီးဘူး။
မုန္႔ဟင္းခါးဖတ္ဆိုရင္ ေပ်ာ့ေျပာင္းမေနဘဲ အီလက္စတစ္ (Elastic)လို ျဖစ္ေနမယ္။ ေရေႏြးထဲထည့္ရင္ေဆးနံ႔လိုလို၊ ျပာ(Ash)နံ႔လိုလို ရေနမယ္။
ေဖာ္မယ္ဒီဟိုက္((Formadehyde)က ေရမွာ ေပ်ာ္၀င္ၿပီး အပူေပးရင္ အေငြ႕ျပန္ ေပ်ာက္ကြယ္ႏိုင္တာေၾကာင့္ အသီးေတြကို မစားခင္ တစ္နာရီခန္႔ ေရစိမ္ထားပါ။ အသီးအရြက္ေတြကို မခ်က္ျပဳတ္ခင္ ဆားေရနဲ႔ အခ်ိန္ ၁၀ မိနစ္ခန္႔ စိမ္ၿပီးမွ ခ်က္ပါ။ ငါးဆိုရင္ ဆားေရထဲမွာတစ္နာရီ စိမ္ထား ရင္ ေဖာ္မလင္ ၉၀ ရာခိုင္ႏႈန္းကို ဖယ္ႏိုင္တယ္၊ ရွာလကာရည္ (၉၀%)ရာခိုင္ႏႈန္း (Vinegar 90%)ပါတဲ့ ေရထဲမွာ စိမ္ရင္ေတာ့ ေဖာ္မလင္ကို ၁၀၀ ရာခိုင္ႏႈန္း ဖယ္ႏုိင္တယ္လို႔ ဆိုပါတယ္။
ယခု ကြၽန္ေတာ္ ေဖာ္ျပေပးထားတဲ့ ပုံအခ်ဳိ့ဟာ Google internet ထဲမွ ႐ွာေဖြေဖာ္ျပေပးထားတာျဖစ္ၿပီး ဒီပုံေတြဟာ ျပတုိက္ ျပခန္းအတြင္းမွာ ဗဟုသုတအျဖစ္ ေဖာ္ျပေပးထားသည့္ ပုံမ်ားသာ ျဖစ္ပါေၾကာင္း ေရးသားတင္ျပလုိက္ပါသည္။

ေက်းဇူးတင္ပါတယ္..ကြၽန္ေတာ္ ဘဝခါးခါးပါ။
Creditဘဝခါးခါး
Photo:Google & Fb
=========
Unicode
ယနေ့ လူပြောများနေတဲ့
ဖော်မလင်(Formalin)အကြောင်းအရာများနဲ့ ပတ်သက်ပြီး ကျွန်တော် ဖော်ပြပေးချင်ပါတယ်။
ဖော်မလင် နဲ့ ပတ်သက်ပြီး ကျွန်တော် Google internet ထဲမှာ ရှာဖွေလေ့လာသလို ဒေါက်တာ ဒေါ်ဇင်ဇင်နွယ်(စားသောက်ကွပ်ကဲ ဦးစီးဋ္ဌာနမှုး) Healthy Life ဂျာနယ် အမှတ်(၈၇) တွင် ပါရှိသည့် ကျန်းမာရေးဆောင်းပါးများကိုလည်း ကျွန်တော် လေ့လာဖတ်ရှုခဲ့ဖူးပါတယ်။
ဖော်မလင်ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။
ဖော်မယ်ဒီဟိုက်((formaldehyde)၊ မက်သနော((methanol)၊ ရေ (water) စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင်အရည်မှာ ဖော်မယ်ဒီဟိုက်( ၃၇%) ရာခိုင်နှုန်း ပါ၀င်ပါတယ်။
ဖော်မလင်ကို သဘာဝအားဖြင့် ဘယ်လိုနေရာတွေမှာ အသုံးပြုလေ့ရှိသလဲဆိုတော့ ဖော်မလင်ကို အဓိကအားဖြင့် လူသေတွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပြီးတော့ ပိုးသတ်ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သဘောင်္တွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အင်းဆက်ပိုးတွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာသုံးပါတယ်။ ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။
ဓာတ်မြေသြဇာနဲ့ ရေမွှေးပြုလုပ်ရာမှာ သုံးပါတယ်။
အလှကုန်ပစ္စည်းတွေ တာရှည်ခံအောင် ပြုလုပ်ရာမှာ သုံးပါတယ်။
လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။
အထပ်သားတွေ ကပ်ရာမှာ သုံးပါတယ်။
အခုအခါမှာတော့ ဖော်မလင်ကို အစားအသောက် တွေမှာတာရှည်ခံအောင် သုံးနေကြပါတယ်။တကယ်တော့
ဖော်မလင်ကို အစားအသောက်တွေမှာ တာရှည်ခံပစ္စည်းအဖြစ် အသုံးမပြုရပါ။
ဖော်မလင်ကိုတာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့ အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊Tofu/ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် တွေဖြစ်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်တွေကို စားသုံးမိရင် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲဆိုတော့ ဖော်မလင်ပါတဲ့ အစားအသောက်ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဖော်မလင်ပါတဲ့ အစားအသောက်ကိုရေရှည် စားသုံးမိတာကြောင့် ကျောက်ကပ်၊ အသည်း၊အစာအိမ်၊ အဆုတ်တို့ ပျက်စီးခြင်း.. နောင်တစ်ချိန်မှာ ကင်ဆာရောဂါဖြစ်ပွားခြင်း၊အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစကလေးတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
ဖော်မလင်ပြဿနာက မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်စတဲ့နိုင်ငံတွေမှာလည်း ရှိနေတဲ့အတွက် ဥပဒေထုတ်ပြန်ပြီး အရေးယူနေကြတာ တွေ့ရပါတယ်။
အစားအသောက်တွေမှာ ဖော်မလင် ပါ၊ မပါ ဘယ်လို သိနိုင်မလဲဆိုတော့… ငါးဆိုရင် ဖော်မလင်ပါတဲ့အခါ အသားက ရာဘာလို မာမာတောင့်တောင့်ဖြစ်နေမယ်၊ အကြေးခွံကမာနေမယ်၊ ငါးညှီနံ့မရဘူး၊ ယင်မနားဘူး။
ပင်လယ်စာဆိုရင်ရာဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။ ကင်းမွန်ဆိုရင် အရမ်းမာပြီး ဓားနဲ့ဖြတ်မှ ပြတ်နိုင်တယ်။
Tofu/ပဲပြားဆိုရင်ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီ ကျော်ရင်လည်း မပျက်စီးဘူး။
မုန့်ဟင်းခါးဖတ်ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ် (Elastic)လို ဖြစ်နေမယ်။ ရေနွေးထဲထည့်ရင်ဆေးနံ့လိုလို၊ ပြာ(Ash)နံ့လိုလို ရနေမယ်။
ဖော်မယ်ဒီဟိုက်((Formadehyde)က ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီခန့် ရေစိမ်ထားပါ။ အသီးအရွက်တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ပါ။ ငါးဆိုရင် ဆားရေထဲမှာတစ်နာရီ စိမ်ထား ရင် ဖော်မလင် ၉၀ ရာခိုင်နှုန်းကို ဖယ်နိုင်တယ်၊ ရှာလကာရည် (၉၀%)ရာခိုင်နှုန်း (Vinegar 90%)ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင်ကို ၁၀၀ ရာခိုင်နှုန်း ဖယ်နိုင်တယ်လို့ ဆိုပါတယ်။
ယခု ကျွန်တော် ဖော်ပြပေးထားတဲ့ ပုံအချို့ဟာ Google internet ထဲမှ ရှာဖွေဖော်ပြပေးထားတာဖြစ်ပြီး ဒီပုံတွေဟာ ပြတိုက် ပြခန်းအတွင်းမှာ ဗဟုသုတအဖြစ် ဖော်ပြပေးထားသည့် ပုံများသာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။
Creditဘဝခါးခါး
Photo:Google & Fb

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...