စည္ပင္ဝန္ထမ္း ဘာေႀကာင့္ လက္ေကာက္ ၁၄ကြင္းကို ခြ်တ္ယူ အနုႀကမ္းစီးခဲ့ရတာလဲ

လက္ေကာက္ ၁၄ကြင္းကို ခြ်တ္ယူ အနုႀကမ္းစီးခဲ့တဲ့ စည္ပင္ဝန္ထမ္း ေတာင္ဥကၠလာပတရားရံုးမွာ ရံုးထုတ္ရမန္ယူ

ရန္ကုန္ ဇူလိုင္ ၁၇။ ။လည္ပင္းညွင္းျပီး လက္ေကာက္၁၄ကြင္း ခြ်တ္ယူကာ အနုႀကမ္းစီးခဲ့တဲ့ စည္ပင္အႀကီးတန္းစာေရး ေဒၚမူမူေက်ာ္ကို ေတာင္ဥကၠလာပျမိဳ႕နယ္တရားရံုးမွာ ရံုးထုတ္ရမန္ယူခဲ့ပါတယ္။ေဒၚမူမူေက်ာ္ကို ေတာင္ဥကၠလာပျမိဳ႕နယ္ တရားသူႀကီး တရားခြင္မွာ ရံုးထုတ္ရမန္ယူခဲ့တာျဖစ္ပါတယ္။ရဲလုပ္ငန္းမ်ားလုပ္ေဆာင္ရန္အတြက္ ခ်ဳပ္ရက္ကို ၂၈ရက္ေပးခဲ့တယ္လို့လည္းသိရပါတယ္။

‘ခ်ဳပ္ရက္ကို ဇူလိုင္ ၂၈ရက္ေန့ထိေပးလိုက္တယ္။ ရဲလုပ္ငန္မ်ားေဆာင္ရြက္ရန္အတြက္ပါ။ အဲ့သည္ေန့မွာ ဆက္လက္ရံုးထုတ္သြားမွာျဖစ္ပါတယ္။’လို့ ေတာင္ဥကၠလာပျမိဳ႕နယ္တရားရံုးက တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။ရံုးထုတ္ရာမွာ ေဒၚမူမူေက်ာ္ဟာ တရားခြင္အတြင္း ငိုေႀကြးျပီး မေနခ်င္ေႀကာင္းေျပာဆိုခဲ့ပါတယ္။ဇူလိုင္ ၁၄ရက္ မြန္းလြဲ ၂နာရီခန့္က ေတာင္ဥကၠလာပျမိဳ႕နယ္ (၁၂)ရပ္ကြက္ ဘရဏီ ( ၁)လမ္းမွာရွိတဲ့ အိမ္အမွတ္ ( ..) အိမ္ပိုင္ရွင္ ေဒၚႏြယ္ႏြယ္ဝင္း အသက္ ( ၆၈)နွစ္ဟာ ေနအိမ္မွာ တစ္ေယာက္ထဲရွိေနခ်ိန္ အမ်ဳိးသမီးတစ္ဦးဟာ ေရကန္ထဲပိုးေလာက္လန္းစစ္ေဆးရန္ေျပာဆိုတဲ့အတြက္ အိမ္ပိုင္ရွင္အမ်ဳိးသမီးဟာ အိမ္ထဲဝင္ခြင့္ေပးလိုက္တယ္လို့သိရပါတယ္။

အဆိုပါ အမ်ဳိးသမီးကို အိမ္ထဲဝင္ခြင့္ေပးလိုက္ျပီး ေရခ်ဳိးခန္းလိုက္ျပျပီးေနာက္ အိမ္ပိုင္ရွင္အမ်ဳိးသမီးကို ပိုးေလာက္လန္းစစ္ေဆးရန္ ေရာက္ရွိလာတဲ့အမ်ဳိးသမီးက အိမ္သာထဲ အတင္းဆြဲေခၚကာ လည္ပင္းညွစ္ျပီး လက္ေကာက္၁၄ကြင္းကို ခြ်တ္ယူခဲ့တာျဖစ္တယ္လို့သိရပါတယ္။အိမ္ပိုင္ရွင္ အမ်ဳိးသမီးေဒၚႏြယ္ႏြယ္ဝင္းက ေအာ္ဟစ္အကူအညီေတာင္းတဲ့အခါမွာ အဆိုပါအမ်ဳိးသမီးက လည္ပင္းကို ေဘာပင္နဲ႔ေထာက္ျပီး ‘အန္တီက ေအာ္တာလား။ ေအာ္ရင္ သတ္ရမလား’လို့ေျပာဆိုေနခ်ိန္မွာ အိမ္နီးနားခ်င္းမ်ားလာေရာက္ျပီး ဝိုင္းဝန္းဖမ္းဆီးကာ ရဲစခန္းကိုပို့ေဆာင္လိုက္တယ္လို့ သားျဖစ္သူ ကိုေမာင္ေမာင္မ်ဳိးသန့္ကေျပာပါတယ္။

‘ေရခ်ဳိးခန္းအထြက္မွာ အိမ္သာတံခါဖြင့္ျပီးေတာ့ ဆြဲသြင္းျပီးလုပ္တာ။ လည္ပင္းညွစ္ျပီး ေဘာပင္နဲ႔ထိုးတယ္။ ေရႊလက္ေကာက္ေတြအကုန္ဆြဲခြ်တ္တယ္။ လည္ပင္းမွာဒဏ္ရာရထားတယ္။ လက္ခလယ္လည္းညိဳမဲဒဏ္ရာရထားတယ္။ ေျခေထာက္ေတြပြန္းပဲ့ဒဏ္ရာရထားတယ္။’လို့ ကိုေမာင္ေမာင္မ်ဳိးသန့္ကေျပာပါတယ္။အဆိုပါအမ်ဳိးသမီးဟာ မိဘေတြေရာဂါရွိလို့ ေဆးကုသခ်င္လို့ လုပ္ခဲ့တယ္လို့သိရပါတယ္။အိမ္ပိုင္ရွင္ ေဒၚႏြယ္ႏြယ္ဝင္း အသက္ ( ၆၈)နွစ္ဟာ မူလတန္းေက်ာင္းအုပ္ ( ျငိမ္း) ဆရာမတစ္ဦးျဖစ္တယ္လို့သိရပါတယ္။

အနုႀကမ္းစီးခဲ့တဲ့ အမ်ဳိးသမီးဟာ ေဒၚမူမူေက်ာ္ အသက္ ( ၄၀)နွစ္ျဖစ္တယ္လို့သိရပါတယ္။ူ ေဒၚမူမူေက်ာ္ အသက္ (၄၀)နွစ္ဟာ ရန္ကုန္အေရွ႕ပိုင္းခရိုင ္စည္ပင္သန့္ရွင္းေရးဌာန အႀကီးတန္းစာေရးျဖစ္ပါတယ္။ေဒၚမူမူေက်ာ္ဟာ သာေကတျမိဳ႕နယ္ ၂/ေျမာက္ရပ္ကြက္ စည္ပင္ဝင္းအတြင္းမွာေနထိုင္ျပီး ဥစၥာပစၥည္း ျပည့္စံုသူတစ္ေယာက္ျဖစ္တယ္လို့လည္းသိရပါတယ္။ေတာင္ဥကၠလာပျမိဳ႕မရဲစခန္းက ေဒၚမူမူေက်ာ္ကို ( ပ) ၆၇၄/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၉၄နဲ႔ အမႈဖြင့္အေရးယူေဆာင္ရြက္ထားတယ္လို့သိရပါတယ္။

Credit: kumudranews

Unicode

လက်ကောက် ၁၄ကွင်းကို ချွတ်ယူ အနုကြမ်းစီးခဲ့တဲ့ စည်ပင်ဝန်ထမ်း တောင်ဥက္ကလာပတရားရုံးမှာ ရုံးထုတ်ရမန်ယူ

ရန်ကုန် ဇူလိုင် ၁၇။ ။လည်ပင်းညှင်းပြီး လက်ကောက်၁၄ကွင်း ချွတ်ယူကာ အနုကြမ်းစီးခဲ့တဲ့ စည်ပင်အကြီးတန်းစာရေး ဒေါ်မူမူကျော်ကို တောင်ဥက္ကလာပမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။ဒေါ်မူမူကျော်ကို တောင်ဥက္ကလာပမြို့နယ် တရားသူကြီး တရားခွင်မှာ ရုံးထုတ်ရမန်ယူခဲ့တာဖြစ်ပါတယ်။ရဲလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ချုပ်ရက်ကို ၂၈ရက်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

‘ချုပ်ရက်ကို ဇူလိုင် ၂၈ရက်နေ့ထိပေးလိုက်တယ်။ ရဲလုပ်ငန်များဆောင်ရွက်ရန်အတွက်ပါ။ အဲ့သည်နေ့မှာ ဆက်လက်ရုံးထုတ်သွားမှာဖြစ်ပါတယ်။’လို့ တောင်ဥက္ကလာပမြို့နယ်တရားရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ရုံးထုတ်ရာမှာ ဒေါ်မူမူကျော်ဟာ တရားခွင်အတွင်း ငိုကြွေးပြီး မနေချင်ကြောင်းပြောဆိုခဲ့ပါတယ်။ဇူလိုင် ၁၄ရက် မွန်းလွဲ ၂နာရီခန့်က တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် ဘရဏီ ( ၁)လမ်းမှာရှိတဲ့ အိမ်အမှတ် ( ..) အိမ်ပိုင်ရှင် ဒေါ်နွယ်နွယ်ဝင်း အသက် ( ၆၈)နှစ်ဟာ နေအိမ်မှာ တစ်ယောက်ထဲရှိနေချိန် အမျိုးသမီးတစ်ဦးဟာ ရေကန်ထဲပိုးလောက်လန်းစစ်ဆေးရန်ပြောဆိုတဲ့အတွက် အိမ်ပိုင်ရှင်အမျိုးသမီးဟာ အိမ်ထဲဝင်ခွင့်ပေးလိုက်တယ်လို့သိရပါတယ်။

အဆိုပါ အမျိုးသမီးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီး ရေချိုးခန်းလိုက်ပြပြီးနောက် အိမ်ပိုင်ရှင်အမျိုးသမီးကို ပိုးလောက်လန်းစစ်ဆေးရန် ရောက်ရှိလာတဲ့အမျိုးသမီးက အိမ်သာထဲ အတင်းဆွဲခေါ်ကာ လည်ပင်းညှစ်ပြီး လက်ကောက်၁၄ကွင်းကို ချွတ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။အိမ်ပိုင်ရှင် အမျိုးသမီးဒေါ်နွယ်နွယ်ဝင်းက အော်ဟစ်အကူအညီတောင်းတဲ့အခါမှာ အဆိုပါအမျိုးသမီးက လည်ပင်းကို ဘောပင်နဲ့ထောက်ပြီး ‘အန်တီက အော်တာလား။ အော်ရင် သတ်ရမလား’လို့ပြောဆိုနေချိန်မှာ အိမ်နီးနားချင်းများလာရောက်ပြီး ဝိုင်းဝန်းဖမ်းဆီးကာ ရဲစခန်းကိုပို့ဆောင်လိုက်တယ်လို့ သားဖြစ်သူ ကိုမောင်မောင်မျိုးသန့်ကပြောပါတယ်။

‘ရေချိုးခန်းအထွက်မှာ အိမ်သာတံခါဖွင့်ပြီးတော့ ဆွဲသွင်းပြီးလုပ်တာ။ လည်ပင်းညှစ်ပြီး ဘောပင်နဲ့ထိုးတယ်။ ရွှေလက်ကောက်တွေအကုန်ဆွဲချွတ်တယ်။ လည်ပင်းမှာဒဏ်ရာရထားတယ်။ လက်ခလယ်လည်းညိုမဲဒဏ်ရာရထားတယ်။ ခြေထောက်တွေပွန်းပဲ့ဒဏ်ရာရထားတယ်။’လို့ ကိုမောင်မောင်မျိုးသန့်ကပြောပါတယ်။အဆိုပါအမျိုးသမီးဟာ မိဘတွေရောဂါရှိလို့ ဆေးကုသချင်လို့ လုပ်ခဲ့တယ်လို့သိရပါတယ်။အိမ်ပိုင်ရှင် ဒေါ်နွယ်နွယ်ဝင်း အသက် ( ၆၈)နှစ်ဟာ မူလတန်းကျောင်းအုပ် ( ငြိမ်း) ဆရာမတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

အနုကြမ်းစီးခဲ့တဲ့ အမျိုးသမီးဟာ ဒေါ်မူမူကျော် အသက် ( ၄၀)နှစ်ဖြစ်တယ်လို့သိရပါတယ်။ူ ဒေါ်မူမူကျော် အသက် (၄၀)နှစ်ဟာ ရန်ကုန်အရှေ့ပိုင်းခရိုင ်စည်ပင်သန့်ရှင်းရေးဌာန အကြီးတန်းစာရေးဖြစ်ပါတယ်။ဒေါ်မူမူကျော်ဟာ သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် စည်ပင်ဝင်းအတွင်းမှာနေထိုင်ပြီး ဥစ္စာပစ္စည်း ပြည့်စုံသူတစ်ယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။တောင်ဥက္ကလာပမြို့မရဲစခန်းက ဒေါ်မူမူကျော်ကို ( ပ) ၆၇၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၄နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။



Credit: kumudranews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...