ငွေ ၂ သိန်းမပေးလို့ လတ်မှတ်မထိုးပေးတဲ့ အုပ်ချုပ်ရေးမှူး
09973690880
Thinn Thinn Oo
========
Unicode
ငွေ ၂သိန်းမပေးလို့ လတ်မှတ်မထိုးပေးသော အုပ်ချုပ်ရေးမှုး
ပြည်သူ အားနဲ့ဝိုင်းတိုက်ပေးပါ။
အကြောင်းရာက______ ဦးအောင်ချင်း ကျေးရွာအုပ်ချုပ်ရေးမှုး
သနပ်ပင်ဆိပ်အနောက်ရွာ၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေ။
မေလေးညီမလေး အိမ်ဝိုင်းဝယ်တယ်။ ငွေအပီးချေတဲ့နေ့က အဲဒီရွာက ဆယ်အိမ်မှုး ယာအိမ်မှုးက သက်သေလက်မှတ်ထိုးပီး အုပ်ချုပ်ရေးမှုးက သူလက်မှတ်ထိုးခါနီး ရောင်းသူဝယ်သူက တဖက်တစ်သိန်း ၂ သိန်းတောင်းတယ်။ မေလေးညီမက ငွေချေပီး လက်ထဲ ၅သောင်းပဲပိုတော့လို့ အဲ၅သောင်းကိုယူထားပါ ကျန်တာနောက်မှပေးပါမယ် ပြောခဲ့တယ် မရဘူး။ အေးငါ့လက်မှတ်ထိုးရဘို့က ငွေပြည့်မှ ထိုးပေးနိုင်မယ်ပြောခဲ့တယ်။ တဖက်ကရောင်းသူအိမ်ရှင်က တပြားမှမပေးနိုင်ဘူးတဲ့။ လက်ဘက်ရည်ဘိုးတောင်းတဲ့ ၂သောင်း ၃သောင်းကလွဲ မပေးနိုင်ဘူးတဲ့။ ငါလည်း စစ်တပ်ကပင်စင်စားဝန်ထန်းတယောက်တဲ့ မင်းတို့ကို ဒီလိုလက်မှတ်ထိုးပေးရင် အုပ်ချုပ်ရေးမှုးလက်မှတ်တခု ၁သိန်းပေးရမယ် ဘယ်သူအမိတ်ပေးထားလည်း ဒါမတရားညစ်တာ အုပ်ချုပ်ရေးမှုးချေကြွခ လက်မှတ်ထိုးပေးခလက်ဘက်ရည်ဘိုးကွမ်းဘိုး ငါတို့သထာသလောက်ပဲပေးမယ်ကွဆိုပီး သူပေးသလောက် အုပ်ချုပ်ရေမူးကမယူဘူး ၁သိန်းပဲတောင်းနေတယ်။
ဒါနဲ့ပဲ ညီမလေးဝယ်တဲ့အိမ်က ရောင်းသူဝယ်သူ ဆယ်အိမ်မှုး ရာအိမ်မှုးလက်မှတ်နဲ့ပဲ အရောင်ဝယ်ဖြစ်သွားတယ်။ ခုကျတော့ ညီမလေးက အိမ်ထောင်စုရန်ကုန်ကနေခွဲထွက်ပီး ဝယ်လိုက်တဲ့ အိမ်မှာ အိမ်ထောင်စုမရင်းအသစ်လုပ်တယ်။ အဲဒီအိမ်ထောင်စုစရင်းလုပ်ပေးဘို့ကို အုပ်ချုပ်ရေးမှုးက လက်မှတ်မထိုးပေးဘူး။ ဒါနဲ့ လဝကကို အကျိုးကြောင်းသွားပြောတယ်။ မရဘူး အုပ်ချုပ်ရေးမှုးလက်မှတ်တွေလိုတယ်။ ရအောင်ထိုးခိုင်းပါတယ်။
နောက်ဆုံးမှာ ဘယ်လိုမှထိုးမပေးလိုု့ အုပ်ချုပ်ရေးမှုး ကျမတို့ဘက်ဘဘာလုပ်ပေးရမလည်းမေးလိုက်တယ်။ အဲတော့ ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောတယ် ခုချိန်မှ နင်တို့ဆီက တပြားမှလည်းမလိုချင်တော့ဘူး နင်တို့က တခြားမြို့ကနေ သူများရွာလာနေသေးတယ် အဆင်ပြေအောင်အစထဲက လုပ်ပေးရမှာ ခုတော့ နင်တို့ကို စောက်မြင်ကပ်လို့ ကြည့်မရလို့ ငါ့လက်မှတ်မထိုးပေးတာ။ အေးဒါကိုမှ မကျေနပ် တိုင်ချင်တဲ့ဆီတိုင်။ နင်တို့တိုင်လို့ ငါဆိုတဲ့ကောင် အုပ်ချုပ်ရေးမှုးပြုတ် ဒီနေ့ပြုတ်ဒီနေ့ဆင်းသွားမယ်တဲ့။ နင်တို့သိထားတဲ့ အုပ်ချပ်ရေးမှုးဆိုတာ ဘုရင်တပါးပဲလို့ ပြောပြီး ခုချိန်ထိလုံးဝကို အိမ်ထောင်စုစရင်းလုပ်မရသေးတာပါ။
အထက်ပါအချက်လက်တချို့ သိချင်ပါက
09973690880
Thinn Thinn Oo
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...