အပျိုစစ်မစစ် မစမ်းသပ်ချင်လို့ သတို့သမီးလောင်း မိန်းကလေးအဆိပ်သောက်ပြီး သေကြောင်း ကြံစည်ခဲ့




Credit - သဒ္ဒါချို(ရွှေအင်းလေး)

Unicode
မင်္ဂလာမဆောင်မီမှာ အပျိုစစ်မစစ် မစမ်းသပ်ချင်လို့ တာဂျစ်ကစ္စတန်က အသက် ၁၈ နှစ်အရွယ် သတို့သမီးလောင်း မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ရာဂျာဘီ ကရာရှက် လို့ခေါ်တဲ့ မိန်းကလေးကို မိဘဖြစ်သူတွေက အသက် ၂၄ နှစ်အရွယ် သတို့သားလောင်း ဇာဖာပီ ရို့ဗ်နဲ့ ထိမ်းမြှားလက်ထပ်ပေးဖို့ စီစဉ်နေကြပြီး ရက်ပေါင်း ၄၀ ကျော်ကြာပြီးနောက်မှာ နှစ်ဖက် ရိုးရာဓ လေ့တွေအရ အပျိုစစ်မစစ်ကို စမ်းသပ်စစ်ဆေးဖို့ တိုက်တွန်းခြင်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်မထပ်ခင်မှာ အပျိုစစ်စစ်ဖြစ်ကြောင်း အစစ်ဆေးခံဖို့ သတို့သမီးလောင်း မိန်းကလေးကို လူကြီးတွေနဲ့ သတို့သားလောင်းတို့က အတင်းအကျပ်တိုက်တွန်းပြီးနောက်မှာ သတို့သမီးလောင်းက ပထမတစ်ကြိမ်စစ်ဆေးခြင်း အောင်မြင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ထပ်တစ်ကြိမ်စစ်ဆေးခြင်း မှာတော့ အစစ်မခံချင်ပဲ ငြင်းဆန်ခဲ့ပြီးနောက်မှာ မိန်းကလေးက ဗီနီဂါအားပြင်းအရည်တွေများစွာကို သောက်သုံးပြီး သတ်သေသွားခဲ့တာဖြစ်ပါတယ်။


ဒီ့အတွက်ကြောင့် အသက် ၂၄ နှစ်အရွယ် သတို့သားအမျိုးသားကို သတို့သမီးလောင်းဖြစ်လာမယ့် မိန်းကလေးကို သတ်သေရန် ဖိအားပေးတိုက်တွန်းမှု၊ ဒုတိယဇနီးသည်တစ်ယောက်အဖြစ် ထားရှိရန် စေခိုင်းမှုတို့နဲ့ ဖမ်းဆီးထားပြီးတော့ ထောင်ဒဏ်ကျခံရနိုင် တယ်လို့လည်း သတင်းမှာ ဖော်ပြထား ပါတယ်။ သေဆုံးသွားခဲ့တဲ့ မိန်းကလေးမှာ ခင်ပွန်းသည်ဖြစ်လာမယ့် သတို့သားလောင်းကို တစ်ကြိမ် တစ်ခါမှ မမြင်ဖူးခဲ့ပဲ အပျိုစင်စစ်မစစ်ကို စမ်းသပ်ခံရခြင်းအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြဿနာ တွေနဲ့ ဒုတိယဇနီး သည်တစ်ဦးအဖြစ် လက်ခံရမှုအပေါ်မှာ ဖိအားပေးမှုတွေ ခံစားသွားရတယ်လို့လည်း သိရပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...