ရြာသားႀကီး သားသတ္႐ုံမွ ကြၽဲတေကာင္ လြတ္ထြက္၊ ကြ်ဲခတ္ခံရ၍ လူေလးဦး ေဆး႐ုံေရာက္


ရန္ကုန္တုိင္းေဒသႀကီး ေတာင္ဒဂံုျမိဳ႕နယ္ ရြာသားႀကီးသားသတ္႐ုံမွ ကြၽဲတေကာင္လြတ္ထြက္ျပီး လိုက္လံဖမ္းဆီးသူမ်ားအား ရန္ျပဳရာမွ လူေလးဦးေဆး႐ုံေရာက္ခဲ့ရသည့္ျဖစ္စဥ္တခု
ဇူလုိင္ လ ၂၀ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။
ျဖစ္စဥ္မွာ ရြာသားႀကီးသားသတ္႐ုံမွ ယေန႔ နံနက္ ၆ နာရီဝန္းက်င္တြင္ ကြၽဲတေကာင္ လြတ္ထြက္သြားသျဖင့္ သားသတ္႐ုံဝန္ထမ္းမ်ားမွ လုိက္လံဖမ္းဆီးစဥ္ ကြ်ဲမွ ဦးေခါင္းျဖင့္ေခြ႔ျခင္း၊ ေျချဖင့္နင္းျခင္းတုိ႔ျဖင့္ ျပန္လည္ခုခံသည့္အတြက္ သားသတ္႐ုံဝန္ထမ္းေလးဦးတုိ႔မွာ ဦးေခါင္းႏွင့္ ဝမ္းဗုိက္ေနရာမ်ားတြင္ ထိခုိက္ဒဏ္ရာရရိွခဲ့ေၾကာင္း သိရသည္။
"အဲဒီေလးဦးကုိ ပရဟိတ ကားတစီးနဲ႔ စံျပေဆး႐ုံကို ပုိ႔ထားပါတယ္''ဟု ဒဂုံ(ေတာင္) မဲဆႏၵနယ္ အမွတ္ (၁) မွ တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးညီညီက News Watch သုိ႔ ေျပာသည္။
သားသတ္႐ုံမွ လြတ္ေျမာက္ထြက္ေျပးခဲ့သည့္ကြၽဲမွာ ၃ ႏွစ္သားအရြယ္ ကြ်ဲမျဖစ္ၿပီး ေတာင္ဒဂံုရိွ ရပ္ ကြက္မ်ားအတြင္း ပတ္ေျပးေနခဲ့ေၾကာင္း၊ အဆုိပါကြၽဲေနာက္သုိ႔ လုိက္လံဖမ္းဆီးသူ ရပ္ကြက္ေနျပည္ သူအခ်ဳိ႕လည္း အနည္းငယ္ ထိခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ဦးညီညီက ေျပာသည္။
အဆုိပါကြ်ဲအား နံနက္ ၁၀ နာရီဝန္းက်င္အခ်ိန္တြင္ ျပန္လည္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
Unicode
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ရွာသားကြီးသားသတ်ရုံမှ ကျွဲတကောင်လွတ်ထွက်ပြီး လိုက်လံဖမ်းဆီးသူများအား ရန်ပြုရာမှ လူလေးဦးဆေးရုံရောက်ခဲ့ရသည့်ဖြစ်စဉ်တခု 
ဇူလိုင် လ ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရွာသားကြီးသားသတ်ရုံမှ ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ကျွဲတကောင် လွတ်ထွက်သွားသဖြင့် သားသတ်ရုံဝန်ထမ်းများမှ လိုက်လံဖမ်းဆီးစဉ် ကျွဲမှ ဦးခေါင်းဖြင့်ခွေ့ခြင်း၊ ခြေဖြင့်နင်းခြင်းတို့ဖြင့် ပြန်လည်ခုခံသည့်အတွက် သားသတ်ရုံဝန်ထမ်းလေးဦးတို့မှာ ဦးခေါင်းနှင့် ဝမ်းဗိုက်နေရာများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"အဲဒီလေးဦးကို ပရဟိတ ကားတစီးနဲ့ စံပြဆေးရုံကို ပို့ထားပါတယ်''ဟု ဒဂုံ(တောင်) မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက News Watch သို့ ပြောသည်။
သားသတ်ရုံမှ လွတ်မြောက်ထွက်ပြေးခဲ့သည့်ကျွဲမှာ ၃ နှစ်သားအရွယ် ကျွဲမဖြစ်ပြီး တောင်ဒဂုံရှိ ရပ် ကွက်များအတွင်း ပတ်ပြေးနေခဲ့ကြောင်း၊ အဆိုပါကျွဲနောက်သို့ လိုက်လံဖမ်းဆီးသူ ရပ်ကွက်နေပြည် သူအချို့လည်း အနည်းငယ် ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဦးညီညီက ပြောသည်။
အဆိုပါကျွဲအား နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...