ငွေရောင်ပိတ်ကားနောက်ကွယ်က ဟာသမယ် ကစ်ကစ်


ပရိသတ်ကို ပြုံးရွှင်ရယ်မော အောင် ဖျော်ဖြေတင်ဆက်နေရ သော သူသည် ပြင်ပလူမှုဘဝ တွင်တော့ ခက်ခဲကြမ်းတမ်းသည့် ဘဝကို အန်တုဖြတ်ကျော်နေရသူ ဖြစ်သည်။ ဆီးချို၊ သွေးတိုး အပါ အဝင် ရောဂါဝေဒနာများ၏ ဖိစီးမှု သာမက ကြမ်းတမ်းခက်ခဲသော လောကဓံကိုလည်း ကျားကန် ရင်ဆိုင်နေရသည်။‘‘အခု ညာဘက်မျက်လုံးက မြင်ကိုမမြင်ရတော့ဘူး’’ဟု ဟာသ သရုပ်ဆောင် ကစ်ကစ်က သူ၏ အခန်းအတွင်းရှိ ခုတင်ပေါ်တွင် ခပ်ငေးငေးမှီထိုင်ရင်း ပြောကြား သည်။ ကစ်ကစ်သည် ဆီးချို အလွန်တက်ရာမှ မျက်လုံးနှင့်ကျောက်ကပ်ကို ထိသွားခဲ့သဖြင့် ညာဘက်မျက်လုံး ကွယ်ခဲ့ခြင်းဖြစ် သည်။ပြန်လည်ကုသပါက ကောင်း မွန်နိုင်သော်လည်း သားအမိနှစ် ယောက်တည်းဖြင့် ရုန်းကန်ဖြတ် သန်းရသည့်ဘဝသည် အလုပ် လုပ်နိုင်မှ တော်ကာကျမှာမို့ မျက်လုံးတစ်ဖက်တည်းကို အားပြု ကြည့်ရင်းဖြင့် ဝမ်းရေးအတွက်ဇာတ်ကားများကို ကျန်းမာရေး မကောင်းသည့်ကြားကပင် လက်ခံရိုက်ကူးနေရဆဲဖြစ်သည်။ မတ်တတ်ကြာ ကြာမရပ်နိုင်သလို လမ်းပြင်းပြင်းထန်ထန် လျှောက် ၍မရသောသူက ဆီးချိုဝေဒနာ၏ အတက်အကျကို ခံစားရင်း
ပရိသတ်ပြုံးရွှင် ရယ်မောအောင် ပိတ်ကားထက်တွင် အသုံးတော် ခံနေဆဲဖြစ်သည်။
သည်လိုရောဂါဝေဒနာရဲ့ ဖိစီးမှုကို ခံစားနေရတာဟာ ဟိုးအရင် ဘဝအဆက်ဆက်က ပြုခဲ့သမျှကံနဲ့ ဆက်စပ်နေနိုင် ကြောင်း ကစ်ကစ်က နှလုံးသွင်း ထား သည်။ ‘‘ဘဝအဆက်ဆက်မှာ ကိုယ်ဘာ တွေလုပ်ခဲ့လဲ ကိုယ် မသိဘူး။ ဘယ်လို မကောင်းတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့လဲ ကိုယ် မသိဘူး။ တရားသဘောနဲ့ ယှဉ် ကြည့်ရင် ဝဋ်ကြွေးကျေအောင် ဆပ်မယ်’’ဟု ဖြည်းညင်းစွာပြော သည်။ကစ်ကစ်သည်နေပြည်တော် လယ်ဝေးတွင် မွေးဖွားခဲ့သူဖြစ်ပြီး မွေးချင်းငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ငယ်စဉ်က ယောက်ျားလေးတစ်ဦးကဲ့သို့ နေ ထိုင်ဝတ်စားခဲ့သူလည်း ဖြစ်သည်။ ‘‘အမေအရင်းက မွေးပြီးရက်လေး ဆယ်မှာပဲ ဆုံးသွားတယ်။ အဖေ အရင်းကကျတော့ တစ်နှစ်ကျော် အခါလည်လောက်မှာဆုံးသွားလို့ ဘကြီးလင်မယားက မွေးစားခဲ့ တာ။ မွေးစားမိဘတွေနဲ့ ကြီးပြင်း ခဲ့ရတာ’’ဟု လူ့လောကထဲ ရောက်ရှိလာသည့် ဘဝအစ ရက် သားကလေးငယ်ဘဝမှာကတည်း က ခရီးလမ်းကြမ်းတမ်းပုံကို ပြော ပြသည်။
Image may contain: 1 person, standing
သရုပ်ဆောင်ဘဝအစ
အနုပညာအလွန်အမင်း ဝါ သနာကြီးလှသော ကစ်ကစ်သည် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ခန့်က မြောက်ဒဂုံတွင် ဗြူတီပါလာဖွင့် ရင်းမှ ဒါရိုက်တာ စန္ဒရားဦးသန်းဇော်ရိုက်ကူးသော ‘ဖြေသာပါတယ် ညိုမရယ်’ဇာတ်ကားဖြင့် ရုပ်ရှင်ဗီဒီယို လောကသို့ စတင်ဝင်ရောက်ခဲ့ သည်။‘‘၁၉၇၁ မှာ အစ်မ ရန်ကုန် စရောက်တယ်။ ကြီးလာတော့ အနုပညာကို အရမ်းဝါသနာပါ တယ်။ ဒါပေမဲ့ အိမ်က အနုပညာ အလုပ်လုပ်တာ မကြိုက်တဲ့အတွက် ၃၇ လမ်းက ခိုင်သဇင်မှာ အလှပြင်သင်တန်း တက်ခိုင်း တယ်။ သင်တန်းပြီးတော့ အဖေ အရင်းပေးခဲ့တဲ့ အမွေကို မောင်နှမတွေ ခွဲဝေယူပြီးလယ်ဝေး ကိုပြန်တယ်။ အဲဒီမှာ ဗြူတီပါ လာဆိုင်စဖွင့်တယ်။ လေးနှစ် လောက်ပဲဖွင့်ပြီး ရန်ကုန်ကိုပြန် တက်လာခဲ့တယ်။ မြောက်ဒဂုံမှာ ၈နှစ်လောက် ဆက်ဖွင့်ဖြစ်တယ်။ အလှပြင်ဆိုင်ဖွင့်ရင်း မင်းသမီး နန္ဒာအိုင်မင်းနဲ့ စခင်တယ်။ သူ့ဆီ မှာ မိတ်ကပ် ဆရာမရှိတာနဲ့ ဟို လျှောက်လိုက်၊ ဒီလျှောက်လိုက် ရာကနေ အနုပညာလောကထဲကို ရောက်လာခဲ့တာပေါ့’’လက်ရှိတွင် ဒါရိုက်တာ သြရသ ရိုက်ကူးသည့် အချစ်၏ ပရိယာယ်များဇာတ်ကား၌ ပါ ဝင်သရုပ်ဆောင်နေပြီး စရိုက် ကတည်းက အခုချိန်ထိ ဟာသ ကာရိုက်တာတစ်ခုတည်းကိုသာ လက်ခံရိုက်ကူးခဲ့သည်။
ဟာသသရုပ်ဆောင် ဖြစ် လာပုံကလည်း ထူးသည်။ အလှ ပြုပြင် ရေးလုပ်ကိုင်သူတစ်ဦးဖြစ် သော ကစ်ကစ်သည် ရှုတင်တွင် မင်းသမီးတစ်ယောက်ကို မိတ် ကပ်လိမ်းပေးနေရင်း ဇာတ်ရံ မိန်းကလေးတစ်ယောက် ဒိုင်ယာ လော့ခ် ကျက်နေသည်ကို ကြား နေရသည်။ ဒိုင်ယာလော့ခ်ကို ဘေးကနေ ကြားနေရင်းမှ ကစ် ကစ်တစ်ယောက် အလွတ်ရသည် အထိ မှတ်မိသော်လည်း ဒိုင်ယာ လော့ခ် ကျက်နေသောမိန်းကလေး က မရသေးခြင်းကို လွှတ်ခနဲ ဝေဖန်မိသွားသည်။ ထိုအခါ အဆိုပါဇာတ်ရံကောင်မလေးက ‘‘ငါ့အလုပ်ကို ဝေဖန်ရအောင် နင်ကဘယ် လောက်တတ်လို့ လဲ’’ဟု အပြောခံလိုက်ရသည်။ ‘‘နင့်ရဲ့ သရုပ်ဆောင်ခအတိုင်း ရတယ်ဆိုရင် ငါလုပ်မယ်။ အဲဒီ တုန်းက တစ်ယောက်မှ ၁,၅၀၀ လောက်ပဲရတယ်။ သူကလည်း ကောင်းပြီ၊ ငါနင့်ကို ပေးမယ်ဆို တော့ သေချာလား။ နင်သေချာ စဉ်းစားပြီး ပြီလားဆိုတော့ အမလေး အဲဒါ ငါကမေးရမှာတဲ့။ ဟုတ်လို့လား။ နင့်ကိုယ်နင် သေချာပြန်မေးဦးနော်၊ ငါက ငါ့ ကိုယ်ငါ Confident ရှိတယ်ဆို တော့ အမလေး နင့်လိုဘဲကွဲ ယောက်ျားလျာက အပိုပြောတာ ဆိုတော့ ကဲကောင်းပြီ။ အဲဒါဆို အလောင်းအစား လုပ်မယ်ဆိုပြီး အဲဒီဒိုင်ယာလော့ခ်ကို ငါပြော လို့မှ ဝမ်းဆင်းန်ဝမ်းကတ်ဖြစ်သွား ရင် နင့်နေရာငါဝင်ရိုက်မယ်။ နင် ရတဲ့ Actor ကြေး ငါယူမယ်။ ကျေနပ်လားဆိုတော့ ကျေနပ် တယ်တဲ့။ အကယ်၍ ငါရှုံးခဲ့ရင် ငါရတဲ့ မိတ်ကပ်ကြေးရဲ့နှစ်ဆ နင့်ကိုပြန်လျော်မယ်ဆိုတော့ စိန် လိုက်လေတဲ့။ ဝမ်းဆင်းန်ဝမ်း ကတ်နဲ့ အစ်မနိုင်သွားတယ်’’ဟု သရုပ်ဆောင်ဘဝအစကို ပြောပြ သည်။မခံချင်စိတ်ကပင် ကစ်ကစ် ကို အလှဖန်တီးရှင် စုလတ်မာ အဖြစ်မှ ကစ်ကစ်ဆိုသောအမည် ဖြင့် သရုပ်ဆောင်ဘဝရောက်ရှိ အောင် ပို့ဆောင်ပေးခဲ့သည်။
သူဖြတ်သန်းရသည့် အနု ပညာလမ်းခရီးတစ် လျှောက်မှာ ဘေးမှ ဖေးမလက်တွဲကူညီကြ သော အနုပညာမောင်နှမများရှိ သကဲ့သို့ နာမည်ရဖို့ ကြိုးစားနေ ချိန်မှာပင် အခက်အခဲ၊ အတိုက် အခံ၊ အနှောင့်အယှက်၊ အတား အဆီးများစွာဖြင့် ရင်ဆိုင်ခဲ့ရ သည်။ အနုပညာလောကထဲကို စတင်လျှောက်လှမ်းသည့်အချိန် ပတ်ဝန်းကျင်၏ စကားတင်းဆိုမှု ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ‘‘ဟာ ဒီကောင်မလေးတော့ သွားပြီ။ သုံး စားမရတော့ဘူး။ ရှုတင်ကားသာ ပြောပါတယ်ကွာ။ ယောက်ျားတစ် သိုက်နဲ့ ပါသွားပြန်ပြီ’’ဆိုသော ပြောဆိုမှုများကို ၎င်း၏မွေးစား မိခင်က ပြန်အကြားတွင် ကစ်ကစ် ကို တစ်နှစ်နီးပါး စကားမပြော တော့သည့်ဒဏ်ကိုလည်း ဝမ်း နည်းပက်လက် ခံစားခဲ့ရကြောင်း ပြောကြားသည်။ ကစ်ကစ်၏ အနုပညာ ခရီးတစ်လျှောက် တိုင်ပင်ဖော်တိုင်ပင်ဖက်၊ အား ပေးဖော်များသည် ၎င်းနှင့်အတူ စီနီယာဇာတ်ပို့ဇာတ်ရံ ညီအစ်မ များပင် ဖြစ်သည်။ ‘‘မဂွမ်းလေး၊ မအေးသီတာနဲ့ မအေးအေးခိုင် တို့က ဟိုးဆံဖျား အစလေးကနေ ခြေဖျားအထိ အစစအရာရာမှာ ဆုံးမပြောပြပေးတယ်’’
ပရဟိတဝန်ကိုလည်း နိုင်သလောက်ထမ်း
လူ့ဘဝထဲကို ရောက်လာ ကတည်းက အခက်အခဲပေါင်းစုံကို ခါးစည်းခံခဲ့ရသူဖြစ်သော ကစ် ကစ်က ဘာသာရေးအလုပ်ကို အလွန်ခုံမင်လိုက်စားပြီး တတ် နိုင်သလောက် ပေးကမ်းစွန့်ကြဲ လေ့ရှိသူလည်းဖြစ်သည်။‘‘ရွှေမန်ကျည်းတောမှာ မဟာ မဟာ့ လှယဉ်ကျေးမယ် ကား သွားရိုက်တုန်းက ခုတင်မရှိ တာနဲ့ နှစ်ယောက်အိပ်သံခုတင် တစ်လုံး၊ ခြင်ထောင်တစ်လုံးနဲ့ ဖက်လုံးတစ်လုံး လှူခဲ့တယ်။ ကိုယ်က ရေခဲရေကြိုက်တော့ Water Cooler တစ်လုံးလှူခဲ့တယ်။ နောက်ပြီး ရန်ကုန်ရွှေနားပန်ဘုရား မှာ ဗမာထိုင်အိမ်သာတွေပဲရှိတဲ့ အတွက် ကိုယ့်လိုဝတဲ့သူတွေ ထိုင် ရတာ အဆင်ပြေအောင် ဘိုထိုင် အိမ်သာတစ်လုံးလှူဖို့ ဆရာတော် ဘုရားကြီးကို လျှောက်ခဲ့တယ်။ နောက်လည်း ကြုံရင်ကြုံသလို ကိုယ်တတ်နိုင်သလောက်လေး လှူဒါန်းသွားဦးမယ်’’ဟု ၎င်း၏ သဒ္ဒါတရားထက်သန်မှုကို ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ တည်ငြိမ်စွာပြောသည်။‘‘ကိုယ်ဒီလိုလှူခဲ့တဲ့ ဘာသာ ရေးအရှိန်အဝါလေးတွေ၊ အရင် ဘဝက လက်ကျန် စရဏအား လေးတွေရှိနေသေးလို့ လူ့ဘဝကြီး မှာ ပရိသတ်တွေ၊ ဆွေမျိုးတွေ၊ သမီးလေးနဲ့ အတူတူ ပြောခွင့်၊ ဆို ခွင့်၊ နေခွင့်၊ တွေ့ခွင့်ရတာလို့ ကိုယ်ဒီလိုပဲထင်ပါတယ်။ ဇာတ် ဝင်ခန်းထဲမှာ ကိုလူမင်းက ပိုက်ဆံ အကြွေးသိမ်းစရာမရှိလို့ ဆံပင် ဖြတ်ပြီးသိမ်းသွားတယ်။ ကဲခေါင်း တုံးဖြစ်မယ့်အတူတူ သီလရှင်ဝတ် မယ်ဆိုပြီး သုံးရက်ဝတ်ခဲ့တယ်။ အဲဒါက သဒ္ဓါဝတ်တော့မဟုတ် ဘူး။ ဘယာဝတ်ပေါ့။ ကိုယ်ကြိုး စားဦးမယ်။ ဘယာဝတ်ကနေ သဒ္ဓါဝတ်ဖြစ်လာအောင် ငါကြိုး စားဦးမယ်။ သဒ္ဓါဝတ်ကနေ သံသရာအတွက် ငါဘာလုပ်ပေး နိုင်သလဲ။ ပရိသတ်ကြီးကို ငါပေး ဆပ်ပြီးပြီ။ ငါဘာလုပ်ပေးဦးမလဲ ဆိုတဲ့ ကုသိုလ်ရေးနဲ့ပဲ ပေးဆပ် လို့ရတယ်။ ကိုယ် အမြဲတမ်းလည်း လှူဖြစ်တယ်။ သွား သွားတဲ့နေရာ မှာ လှူဒါန်းမယ်’’
ရုပ်ရှင်ဆန်တဲ့ အိမ်ထောင်ရေး အချိုးအကွေ့
ဆုံးသွားသည်မှာ တစ်နှစ် ကျော်ခဲ့သည့် ၎င်း၏ခင်ပွန်း ဟောင်းဖြစ်သူနှင့် ငါးနှစ်ခန့်သာ ပေါင်းသင်းနေထိုင်ခဲ့ရသော ကစ် ကစ်၏ အိမ်ထောင်သည်ဘဝက လည်း မချောမွေ့ခဲ့ပါ။
‘‘ကိုယ့်ရဲ့အိမ်ထောင်ရေး ညံ့ ဖျင်းမှုတွေလည်းပါမှာပေါ့။ မျိုး ဆက်လိုချင်လို့ ခင်ဗျားကိုယူတယ် လို့ပြောလိုက်တာကို သူ့စိတ်ထဲ ဘဝင်မကျဘူးထင်ပါတယ်။ ကိုယ်တွေက အရှေ့က ရှာရှာ သူကအိမ်မှာ ချက်ပြုတ်ရေးနဲ့ ကလေးထိန်းတာဝန်ယူပြီး ကိုယ် မထင်မှတ်ထားတဲ့ သူတစ်ယောက် နဲ့ ဖောက်ပြန်တယ်လေ။ အဲဒါ ကြောင့် တရားရုံးသွား လက်မှတ် ထိုးပြီး တရားဝင်ကွဲလိုက်တယ်’’ ဟု ၎င်း၏ ကံမကောင်းခဲ့သော အိမ်ထောင်ရေး တစ်ခန်းရပ်ဇာတ် လမ်းကို ခံပြင်းသည့်အသံနှင့်ပြော သည်။ ‘‘အိမ်ထောင်ကျတယ်ဆို တာ နာမည်ခံပဲရှိတာ။ သေသာ သွားရော သူ့လုပ်စာလည်း တစ်ခါ မှမစားရဖူးဘူး’’ဟု အော်ရယ်ပြီး ဆက်ပြောပြန်သည်။ကစ်ကစ်လိုချင်ခဲ့သော မျိုး ဆက်ဖြစ်သည့် ဇွန်ပြည့်ခေါ် ဇွန်လရောင်ဖြူဟု အမည်ရသော သမီးမိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီး လက်ရှိတွင် အထက (၅) ကမာရွတ်၌ ဒသမတန်းကို တက်ရောက်သင်ကြားနေ သည်။ ‘‘အမေတစ်ယောက်အနေ နဲ့ သမီးအပေါ်မှာ ဒီနှစ်ဆယ်တန်း ကို နှစ်ချင်းပေါက် အောင်ဖို့ အတွက် တာဝန်ကျေချင်သေး တယ်။
ဖြစ်နိုင်ရင်တော့ နှစ်ချင်း ပေါက်အောင်စေချင်တယ်’’ဟု ၎င်း၏ တစ်ဦးတည်းသော သမီး အပေါ် မျှော်လင့်ချက်ကို ပြော သည်။ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့အောင်ချင်ပြီး ဘွဲ့ရသည်အထိ ကြိုးစားသွားမယ်ဟု ကြွေးကြော် နေသော ဇွန်လရောင်ဖြူက မိခင် လိုပင် အနုပညာ ဝါသနာကြီးသူ ဖြစ်သည်။ ‘‘အမေက သမီးကို နေ မကောင်းရက်နဲ့ လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေရတာဆိုတော့ သမီး ဆယ်တန်းအောင်အောင် ကြိုးစား နေတယ်။ အမေ့ကို စိတ်ချမ်းသာ စေချင်တယ်။ ကိုယ်ဆယ်တန်း အောင်ရင် အမေလည်း တစ်နှစ် လုံး ပင်ပန်းရကျိုးနပ်တယ်။ ဆယ်တန်းအောင်ရင် Tourist Guide လုပ်မယ်။ အဲဒီကရတဲ့ ပိုက်ဆံနဲ့ စီးရီးထုတ်မယ်။ အဆို တော်လုပ်မယ်’’ဟု သူ၏ ဂီတ ဝါသနာနှင့် ရည်မှန်းချက်ကို ဖွင့် ဟသည်။
အကြားအမြင်ဟောရင်း တစ်ဖက် တစ်လမ်းက ဝင်ငွေရှာ
လူသားတိုင်းသည် မျှော်လင့် ချက်နှင့် အသက်ရှင်ရပ်တည်နေ သလို ပရိသတ်ချစ်သော ဟာသ မယ်ကစ်ကစ်ထံတွင်လည်း ဇွန်လ ရောင်ဖြူဆိုသော ကြိုးမျှင်လေးရှိ နေသေးတာကြောင့် ရောဂါများ၏ ခြိမ်းခြောက်ခံနေရသော ကစ်ကစ် တစ်ယောက် အနာဂတ်ကိုလည်း မကြောက်။ ခံစားနေရသော ဝေဒ နာတွေကိုမမှု၊ သည်ရောဂါများ ခံစားနေရင်းကပင် သမီးအတွက် မကျန်းမာသည့် ရုပ်ကိုပင် မိတ် ကပ်ဖို့၊ ပေါင်ဒါရိုက်၊ အလှပြင်၍ ကင်မရာရှေ့တွင် သရုပ်ဆောင် နေဆဲဖြစ်သည်။ ကားရိုက်မရှိချိန် တွင် တတ်သည့်ပညာမနေသာဆို သလို အကြားအမြင်လေးဟော ရင်း ဝင်ငွေရှာလိုက်သေးသည်။ကျန်းမာရေးမကောင်းသည့် အချိန်တွင် ဝမ်းတွင်းကပါလာ သည့် အကြားအမြင်ဗေဒင်ဟော စားကာ ငွေကြေးအခက်အခဲများ ကို ဖြေရှင်းပုံကိုလည်း ၎င်းကပြော သည်။‘‘ကျန်းမာရေးမကောင်းတဲ့ အချိန် အလုပ်ကလည်းမရှိတော့ ကိုယ်တတ်ကျွမ်းတဲ့ အကြား အမြင်လေးကို အသုံးချပြီး အကြား အမြင်ဟောစားတယ်။ ကိုယ် အကြားအမြင်ရမှန်း ကိုယ့်ဆွေမျိုး သားချင်းတွေက သိပ်မသိကြဘူး။ ဒီအနုပညာလောကထဲရောက်မှ သူစိမ်းတွေက စသိတာပေါ့။ အဲဒါ ကတော့ မွေးရာပါလို့ ပြောရမှာပါ ပဲ။ ကားရိုက်မရှိတုန်းက အကြား အမြင်ဟောစားတာများတယ်။ အခုနောက်ပိုင်း ကားပြန်ရိုက်ရမှ ကားလည်းရိုက်၊ ကားရိုက်မရှိရင် အကြားအမြင်လည်း ဟောစား ပေါ့။ အဲဒီလိုလေးလုပ်ဖြစ်တယ်’’ ဟု ဝမ်းရေးကိစ္စ ဖြေရှင်းပုံကို ပြော သည်။
ကစ်ကစ်မှာ ကားရိုက်တစ် ဖက်၊ အကြားအမြင်ဟောရင်းတစ် ဖက်ဖြင့် ၀မ်းစာရှာရင်းကပင် နောင်ရေးအတွက် စိတ် အေးရန်ဆိုကာ အသိတစ်ယောက် ထံတွင် စုထားသည့် ငွေလေးဖြင့် ရှယ်ယာဝင်ရန် ကြိုးစားနေသည်။‘‘ကိုယ့်စိတ်ကို အားတင်းထား တယ်။ ပိုက်ဆံကိုလည်း ရအောင်စုနေတယ်။ ကိုယ့်အသိတစ်ယောက်ဆီမှာ ရှယ်ယာဝင်နိုင်ဖို့အ တွက် ကြိုးစားနေတယ်။ အနုပညာအလုပ်ကို ကိုယ် မလုပ်နိုင်တော့တဲ့ အသက်အရွယ်ကျရင် သူများ နှာခေါင်းပေါက်နဲ့ အသက်ရှူဖို့ အတွက်ပေါ့။ ရှယ်ယာလေးဝင် ထားပြီး ဘဝကိုအသက်ဆက် မယ်’’ဟု သူ့အိမ်နံရံကိုကြည့်ရင်း တက်ကြွစွာနှင့် ပြောပါသည်။ကျန်းမာရေးမကောင်းသည့် အချိန်တွင် မင်းသမီး စံရတီမိုးမြင့် တို့ သူငယ်ချင်းများစုကာ ငွေငါး သိန်း စတင်လှူဒါန်းခဲ့ပြီး ယင်း နောက်ပိုင်းတွင် နှင်းဆီအဖွဲ့၊ မေတ္တာသင်္ဂဟအပြင် အခြားသော အနုပညာမောင်နှမများကလည်း စုပြီး လှူဒါန်းကြောင်းကို ယခုလို ပြောသည်။
‘‘ဆရာဦးမျိုးမင်း ဦးဆောင် တဲ့ နှင်းဆီအဖွဲ့က ငါးသိန်းလှူ တယ်။ ပုပ္ပားမှာ ကားသွားရိုက် တော့ အမေနွဲ့နွဲ့စန်းက ဆေးဖိုး ဆိုပြီး ငါးသောင်းလှူတယ်။ ကျောက်ဆည် မဟာရွှေသိမ်တော် ကြီးမှာ ကိုရဲအောင်နဲ့တွေ့လို့ ဆေးဖိုးဆိုပြီး ငါးသောင်းလှူလိုက် တယ်။ နောက် မေတ္တာသင်္ဂဟအဖွဲ့ အပါအဝင် အနုပညာဝိုင်းတော် သားတွေ အကုန်လုံး၊ မဂွမ်းလေး၊ ကိုခင်လှိုင်၊ 5 Star အဖွဲ့၊ ဟား တစ်သိုက်၊ အိတုံ၊ သူဇာပွင့်တို့က အစ ပါတယ်။ ကိုခန့်နဲ့ မခိုင်ကြီး တို့ခေါင်းဆောင်ပြီး ဖိုးဝထုတ်လုပ် ရေးက မမူတို့လည်းပါတယ်။ အလှူငွေအားလုံး နှစ်ဆယ့်လေး သိန်းရတယ်။ ဒါကြီးက ဘယ်လို ခံရမှန်းလည်းမသိဘူး။ တအား လည်း အားနာသွားတယ်။ ဒါပေမဲ့ ကိုယ့်မှာ တကယ်ခက်ခဲနေတာ စားဖို့တောင် တော်တော်ခက်နေ တယ်။ အိမ်လခကလည်း လေးလ အကြွေးတင်သွားတယ်။ အိမ်ရှင် ကတော့ နှင်မချပါဘူး။ အဲဒါနဲ့ ဘာဆက်လုပ်ရမှန်းမသိလို့ ဒီငွေ ကိုပဲ မျက်စိစုံမှိတ်ပြီး လက်ခံလိုက် ရတယ်။ လိုအပ်တာလေးတွေ မမူ (ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်) ဆီမှာသွားတောင်းရင်း သွား တောင်းရင်းကနေ အခုဆို ဆယ် သိန်းကျော်ပဲ ရှိပါတော့တယ်။ ကားရိုက်မရှိလိုက် သွားထုတ် လိုက်။
အိမ်လခမရှိလိုက် သွား ထုတ်လိုက်၊ ကလေးကျူရှင်လခ မရှိလိုက် သွားထုတ်လိုက်ဆိုတော့ ပွန်းတာ တော်တော်များသွား တယ်။ ကိုယ့်ရဲ့ ကံကြမ္မာလေးက လည်း ကိုယ့်ကို ပြန်အလှည့်ပေးလို့ ကူညီမယ့်သူတွေ ပေါ်လာတယ်လို့ ထင်ပါတယ်’’ဟု ကစ်ကစ်ကပြော ကြားသည်။‘‘အခု ကိုယ့်စိတ်ကိုလည်း အားတင်းထားပါတယ်။ ပိုက်ဆံ ကိုလည်း ရအောင်စုနေတယ်။ ကိုယ့်အသိတစ်ယောက် ကိုယ်နဲ့ ဘော်ဒါလိုဖြစ်နေတဲ့ မိတ်ဆွေတစ် ယောက်ဆီမှာ လုပ်ငန်းနဲ့ပတ် သက်ပြီး ရှယ်ယာဝင်ဖို့ ပိုက်ဆံစု နေတယ်။ ကိုယ်တိုင်မလုပ်နိုင်တဲ့ အခါကျတော့ သူများနှာခေါင်း ပေါက်နဲ့ အသက်ရှူဖို့ ကြိုးစားနေ တယ်။ ရှယ်ယာလေးဝင်ထားပြီး ဘဝကို အသက်ဆက်မယ်’’
‘‘သူဘွဲ့ရပြီးလို့ စိတ်ချရပြီဆို ရင်တော့ သာသနာ့ဘောင်ဝင်ချင် ပါတယ်’’
Byခင်ဆွေသက်On Wed, 2017-07-05 11:25Issue No.အတွဲ (၁၆)၊ အမှတ် (၁၇)
ဓာတ်ပုံ-စိုင်းဇော်
Image may contain: 1 person, smiling, standing and outdoor

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...