ရင်သားခွဲစိတ်ဆရာဝန်ရဲ့ အမှားကြောင့် ရင်သားတွေ ပုပ်ပွခဲ့ရတဲ့ အမျိုးသမီး


Kirsty Adam လို့ အမည်ရတဲ့ အမျိုးသမီးဟာ အမျိုးသမီးဆရာဝန်တစ်ဦးဆီမှာ ရင်သားခွဲစိတ်မှု ခံယူခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ မကျွမ်းကျင်မှု၊ အရည်အသွေးမပြည့်မီတဲ့ ဆေးဝါးများ အသုံးပြုမှု၊ နည်းစနည်း မှားယွင်းမှု စတာတွေကြောင့် သူမရဲ့ ရင်သားမှာ အနာဖြစ်ပြီး၊ အခုဆိုရင် အသီးနှစ်ခုတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။
Adam ရဲ့ ရင်သားပေါ်မှာ ကနဦးဆုံး အနာတွေပေါ်လာရင်းက အဲဒီအနာတွေက အသားတွေကို ပုပ်ဆွေးစေခဲ့လို့ အခုဆိုရင် ရင်သားနှစ်ဘက်စလုံးဟာ လူစဉ်မမီဖြစ်ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ ဒီရင်သားခွဲစိတ်ပြုပြင်မှုကို လွန်ခဲ့တဲ့ 2 နှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ တစ်ခြားအမျိုးသမီးတွေကိုလည်း သတိချပ်စေဖို့ သူက ဖွင့်ဟခဲ့တာပါ။
ခွဲစိတ်မှုခံယူပြီး ရသတ္တပတ်အကြာမှာ ရင်သားရဲ့နေရာအချို့မှာ အညိုအမည်းအကွက်တွေ ဖြစ်ပေါ်လာခဲ့ပြီး၊ အနီးအနားက အသားစတစ်ရှူးတွေကို ပုပ်ပွစေခဲ့ပါတယ်။ ဒီကိစ္စရပ်ကြောင့် ဆရာဝန်နဲ့ Adam တို့ ပုဂ္ဂိုလ်ရေးပြဿနာတွေ တက်ခဲ့ကြပါတယ်။ နောက်ဆုံး အဲဒီအမျိုးသမီးဆရာဝန်ဟာ အင်္ဂလန်မှာ ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါပေမယ့် အင်္ဂလန်မှာပိတ်ပင်ခံခဲ့ရပေမယ့် အဆိုပါ ဆရာဝန်က အခုဆိုရင် ရိုမေးနီးယားမှာ ဆေးခန်းဖွင့်လှစ်ပြီး၊ ဆက်လက်ကာ ကုသမှုတွေ ပြုလုပ်နေဆဲလို့ သိရပါတယ်။ ဆရာဝန်ရဲ့အမည်ကတော့ ဒေါက်တာ Vana Vasilescu ဖြစ်ပြီး၊ ရိုမေးနီးယားမှာ အတော်ကလေး အဆင်ပြေနေပုံရတယ်လို့ Adam က ဆိုပါတယ်။
အသက် 24 နှစ်အရွယ်သာရှိသေးတဲ့ Adam က လွန်ခဲ့တဲ့ 2 နှစ်ကျော်တုန်းက ရင်သားအရွယ်အစား 36D မှ DD အရွယ်အစားကို ရရှိစေဖို့ ခွဲစိတ်မှုခံယူခဲ့တာပါ။ ပေါင် 6000 အထိ ကုန်ကျခဲ့ပါတယ်။ Stirling မှာတည်ရှိတဲ့ ပုဂ္ဂလိက ဆေးကုခန်း BMI Kings Park Clinic မှာ ဒေါက်တာ Vana ရဲ့ အကြံညံကို အရင်ရယူပြီးမှ ခွဲစိတ်ခဲ့တာပါ။
ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဘ၀တစ်လျှောက်လုံး လူစဉ်မမီဖြစ်စေခဲ့တယ်လို့ Adam က ဆိုပါတယ်။ ရင်သားပေါ်မှာ အနာတွေ ဖြစ်ဖြစ်ချင်း၊ Vana ထံကို ထပ်မံပြသခဲ့ပေမယ့်၊ တစ်ခြားအမျိုးသမီးတွေလည်း ဒီလိုဖြစ်လေ့ရှိပြီး၊ မစိုးရိမ်ဖို့အကြောင်းပြောပြီး၊ ဆေးအချို့ကို ပေးကာ ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အနာတွေက မသက်သာတဲ့အပြင် ရင်သားအတွင်းက အသားစတွေကိုပါ လှိုက်စားလာပါတယ်။
နောက်တစ်ကြိမ် သွားတဲ့အခါမှာ သူနာပြုဆရာမနဲ့ပဲ တွေ့ခဲ့ရပြီး၊ ဘာမှမကူညီနိုင်တဲ့အပြင် မောင်းထုတ်ခံခဲ့ပါတယ်။ နောက်ဆုံး သိလိုက်ရတာက ဒေါက်တာ Vana က ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ Medical Practitioners Tribunal Service (MPTS) အဖွဲ့က ဒေါက်တာ Vana ကို ခုံဖွဲ့စစ်ဆေးခဲ့ပြီး၊ 2017 ဖေဖော်ဝါရီ 10 ရက်မှ စပြီး ဆေးလိုင်စင်ကို ပိတ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် Vana ဟာ မိခင် ရိုမေးနီးယားနိုင်ငံကို ပြန်သွားပြီး ဆေးကုသမှုတွေ ပြောင်းလဲလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရိုမေးနီးယားဆရာဝန်အသင်းကလည်း UK မှာ ပေးပို့လိုက်တဲ့ သတင်းတွေနဲ့ အချက်အလတ်တွေအရ သူမကို Transform နဲ့ ပတ်သက်တဲ့ ဆေးကုသခွင့် မပေးတော့ဘူးလို့ သိရပါတယ်။ တစ်ခြားကုသမှုတွေ ဆက်လက် လုပ်ဆောင်နေသေးတယ်ဆိုတဲ့ သဘောပါ။ တကယ်တော့ ရင်သားခွဲစိတ်မှုဆိုတာ ကံမကောင်းရင် လူရဲ့အသက်ကိုတောင် သေစေနိုင်ပါတယ်။
Credit: လင်းဇော်ကို (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...