အမ်ဳိးသမီး ေတြ အိမ္ေထာင္က်ၿပီးရင္ ၀လာရတဲ့ အေၾကာင္းက ဒါေတြေၾကာင့္ပါပဲ..။

ဘ၀ရဲ႕ စိတ္လႈပ္ရွားစရာ ေကာင္းလွပါတယ္ဆိုတဲ့ မဂၤလာပြဲႀကီး ၿပီးသြားကတည္းက ေနရာအသစ္၊ အိမ္အသစ္မွာ ပတ္၀န္းက်င္အသစ္၊ လူအသစ္ေတြနဲ႔ အသားက်ေအာင္ မိမိ ကိုယ္ပိုင္ အိမ္ရာထူေထာင္ၾကရတဲ့ အမ်ိဳးသမီးေတြဟာ ယခင္ အပ်ိဳဘ၀ကထက္ ပို၀လာတတ္ၾကတာဟာ ဓမၼတာလိုေတာင္ ျဖစ္ေနပါတယ္။ အပ်ိဳဘ၀ က သြယ္လ်ခဲ့တဲ့ ခါးက်ဥ္က်ဥ္ ကေလးဟာ ယခုေတာ့ တုတ္ခိုင္လို႔ေနေလၿပီဆိုတဲ့ အမ်ိဳးသမီးအမ်ားစုအတြက္ ယငး္ကဲ့သို႔ ၀လာရတဲ့ အေၾကာင္းရင္း အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

အစားအေသာက္ ေပၚ အာရုံမထားမိျခင္း။

မဂၤလာပြဲေန႔ၿပီး ဟန္းနီးမြန္းကတည္းက ေပ်ာ္ေပ်ာ္နဲ႔ စိတ္လြတ္လက္လြတ္ စားခ်င္တိုင္း စားခဲ့တဲ့အက်င့္ကစၿပီး သင့္ရဲ႕ နဂိုပုံမွန္ စားေသာက္မႈပုံစံကို ပ်က္စီးေျပာင္းလဲသြားေစႏိုင္ပါတယ္။ အိမ္ေထာင္ က်ကာစကာလ မိမိအိမ္ရာကို စိတ္ထဲ ေက်နပ္တဲ့အတိုင္း ျပင္ဆင္ေနရတာနဲ႔တင္ စိတ္ဖိစီးမႈက ရိွေနၿပီး ကသိုင္းကရိုင္းဆန္လွတဲ့ အစပိုင္းေန႔ရက္မ်ားမွာ အိမ္ေထာင္သည္ဘ၀နဲ႔ အသားမက်ေသးတဲ့ အပိုင္းေတြလည္း ရိွေနေသးတာေၾကာင့္ အစားအေသာက္ဘက္ကို သိပ္ၿပီး အာရုံမထားမိေတာ့ပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ စားေသာက္ရမယ္ဆိုတဲ့ အသိလည္း ေခတၱကြယ္ေပ်ာက္ေနႏိုင္ တဲ့အတြက္ စိတ္ဖိစီးမႈနဲ႔ ေတြ႕တဲ့အလြယ္စာ၊ အျပင္စာေတြ ေလွ်ာက္စားမိျခင္းက ၀ိတ္တက္ရျခင္းရဲ႕ အဓိကတရားခံေတြ ထဲမွာ ပါ၀င္ပါတယ္။ ထိုသို႔ စားေသာက္လိုက္မိတဲ့ အစားအစာေတြဟာလည္း အာဟာရ ျပည့္၀မႈဘက္မွာ ေလ်ာ႔နည္းေန ၿပီး ကယ္လိုရီေတြသာ တစ္ပုံတစ္ေခါင္း တက္လာေစႏုိင္တာေၾကာင့္ ဗီတာမင္ဘီ၊ ကယ္လ္စီယမ္ အစရိွတဲ့ အာဟာရ ဓာတ္ေတြ ခ်ိဳ႕တဲ့ဆုံးရႈံးၿပီး အားအင္မရိွသလို ပင္ပန္းႏုံးခ်ိ ခံစားရကာ ကိုယ္အေလးခ်ိန္က တရိပ္ရိပ္နဲ႔ တက္လာပါေတာ့ တယ္။

စားေသာက္ပုံအေလ့အထ ေျပာင္းလဲသြားျခင္း။

ပူပူေႏြးေႏြး လက္ထပ္ထားတဲ့ အမ်ိဳးသမီးအမ်ားစု ေသခ်ာေပါက္နီးပါး ျပဳလုပ္ၾကတာကေၾကာင့္ ခ်စ္ေသာခင္ပြန္းအတြက္ ခ်က္ျပဳတ္ေကၽြးေမြးၾကျခင္းပါပဲ။ ဒီေနရာမွာ အခက္ႀကံဳၾကရတာက အမ်ိဳးသမီးတိုင္းမွာ ကြဲျပားတဲ့ ကိုယ္ပိုင္ႏွစ္သက္တဲ့ အရသာ၊ အႀကိဳက္၊ ခ်က္ျပဳတ္မႈပုံစံေတြ ရိွၾကျခင္းနဲ႔ အိမ္ေထာင္က်ၿပီးတဲ့အခါ အိမ္ေထာင္ဘက္ရဲ႕ အႀကိဳက္လိုက္ခ်က္ ရတာေၾကာင့္ မိမိရဲ႕ နဂိုႏွစ္သက္တဲ့ စားေသာက္မႈပုံစံ ေျပာင္းလဲသြားျခင္းပဲ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ယခင္က အပူအစပ္ဟင္းေတြ စားရတာ ႀကိဳက္ႏွစ္သက္တဲ့ အမ်ိဳးသမီးဟာ အိမ္ေထာင္က်ၿပီးေနာက္မွာ အခ်ိဳအငန္စားတဲ့ အမ်ိဳးသား ရဲ႕ အႀကိဳက္ကို လိုက္ခ်က္ေပးရျခင္းမ်ိဳး ျဖစ္ပါတယ္။ ဒီအခါမွာ စားေနက်မဟုတ္တဲ့ အစားအစာပုံစံမ်ိဳးကို အစာအိမ္က လက္ခံရတဲ့အတြက္ ကိုယ္တြင္းတုံ႔ျပန္မႈအေနနဲ႔ အစာခ်က္တဲ့ပုံစံလည္း ေျပာင္းလဲသြားပါတယ္။ အဆိုပါ ေျပာင္းလဲမႈဟာ လည္း အမ်ိဳးသမီးမ်ား အိမ္ေထာင္က်ၿပီးေနာက္ ၀လာရတဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။

မၾကာခဏ အျပင္ထြက္စားျဖစ္ျခင္း။

ၾကင္စဦး ဇနီးေမာင္ႏွံ ဆိုသည္မွာ လက္ကေလး တတြဲတဲြနဲ႔ ဆိုင္တကာ လုိက္စားတဲ့ အမူအက်င့္ေလးလည္း ပါ၀င္ပါတယ္။ ရုံးပိတ္ရက္ေတြ၊ သို႔တည္းမဟုတ္ ၾကားရက္ေတြမွာပါ တားမယ့္ဆီးမယ့္သူမရိွ၊ လြတ္လြတ္လပ္လပ္ သြားလာစားေသာက္ ရတဲ့ အရသာကေလးကုိ အႀကိဳက္ေတြ႕ေနတဲ့ အခ်ိန္ေလးလည္း ျဖစ္ပါတယ္။ ဒါတင္မက နဂိုထက္ က်ယ္ျပန္႔မ်ားျပားလာ တဲ့ သူ႔ဘက္ကိုယ့္ဘက္ ေဆြမ်ိဳးအသိုင္းအ၀ိုင္း၊ မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ႔ မိတ္ဆက္တဲ့အေနနဲ႔ ျပဳလုပ္ရတဲ့ စားပြဲေတြက လည္း ဆက္ေနမွာျဖစ္တဲ့အတြက္ ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ အနည္းဆုံး အျပင္စာတစ္နပ္ကေတာ့ ပါ၀င္ေနပါလိိမ့္မယ္။ အျပင္စာဆိုတဲ့ ထုံးစံအတိုင္းပဲ အာဟာရတန္ဖိုး နည္းၿပီး ကယ္လိုရီပမာဏ မ်ားတာေၾကာင့္ ပို၀လာ မယ့္ အေျခအေနကို အဆင္သင့္ ဖန္တီးၿပီးသား ျဖစ္ေစပါတယ္။ ၀မွာစိုးတဲ့အတြက္ အမ်ိဳးအေဆြ၊ အသိုင္းအ၀ိုင္းေတြရဲ႕ ပြဲေတြကို ျငင္းဆိုရမွာကလည္း မေကာင္းလွတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ လက္ထပ္ၿပီးစ အမ်ိဳးသမီးေလးရဲ႕ ခါးေလးဟာ ဆိုဒ္နံပါတ္ ႀကီးလာပါေတာ့တယ္။

ဦးစားေပးမႈ ေျပာင္းသြားျခင္း။

ဒါကေတာ့ အသိသာဆုံးအခ်က္တစ္ခု ျဖစ္ပါတယ္။ အပ်ိဳဘ၀ မွာ ကိုယ္စားခ်င္တဲ့ပုံစံကို ႀကိဳက္သလို ဂရုစိုက္ၿပီး စားႏိုင္ေပ မယ့္ အိမ္ေထာ င္က်သြားတဲ့အခါမွာေတာ့ ကိုယ့္ေရြးခ်ယ္မႈေတြကို တစ္ခါတစ္ရံမွာ လက္လႊတ္လိုက္ၾကရပါတယ္။ ကိုယ့္ရဲ႕ ဦးစားေပးစာရင္းမွာ ကိုယ္တိုင္က ေနာက္ဆုံးမွာ ျဖစ္သြားတတ္ပါတယ္။ ခင္ပြန္းႏွစ္သက္တဲ့ ဟင္းေတြကိုသာ ခ်က္ေကၽြး တာမ်ိဳး ဒါမွမဟုတ္ မကုန္ႏိုင္တဲ့ဟင္းေတြကို လႊင့္ပစ္ရမွာ ႏွေျမာလို႔ ဒိုင္ခံစားလိုက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ မိမိရဲ႕ လုပ္ငန္းခြင္၊ ခင္ပြန္းနဲ႔ ကေလးေတြရဲ႕ ေ၀ယ်ာ၀စၥ၊ အိမ္မႈကိစၥ အားလုံးကို တစ္ေယာက္တည္း အဆင္ေျပေအာင္ ေျဖရွင္းရ တဲ့အခါ မိမိအတြက္ စဥ္းစားဖို႔လည္း ေမ့သြားၿပီး စိတ္ဖိစီးမႈေတြ တစ္ပုံတစ္ပင္နဲ႔ တစ္ေန႔တစ္ေန႔ ေမာေမာ၊ဆာဆာနဲ႔ စားလိုက္တဲ့ အစားအစာေတြဟာ ကိုယ္တိုင္အတြက္ စိတ္ေက်နပ္မႈ မရိွဘဲ ကိုယ္အေလးခ်ိန္ေတြ တုိးလာတာမ်ိဳး ျဖစ္လာ ပါေတာ့တယ္။

မိမိကိုယ္ကို ဂရုစိုက္မႈ နညး္ပါးလာျခင္း။

အမ်ိဳးသမီး ေတြဟာ အိမ္ေထာင္ မက်ခင္ အခ်ိန္တုန္းမွာေတာ့ မိမိ ကိုယ္ကို ဆြဲေဆာင္မႈရိွေနဖို႔၊ ေက်ာ႔ရွင္းလွပေနဖို႔သာ အာရုံစိုက္ လုပ္ေဆာင္ၾကပါတယ္။ Gym မွာ အားႀကိဳးမာန္တက္ ေလ့က်င့္ခန္း ျပဳလုပ္တတ္ၾကသလို အစားထိန္းစားျခင္း စတာေတြကို ျပဳလုပ္တတ္ၾကပါတယ္။ သို႔ေပမယ့္ အိမ္ေထာင့္တာ၀န္ေတြ ထမ္းလိုက္ရတဲ့အခါ မိမိကိုယ္တုိင္ရဲ႕ က်န္းမာ ေရးကိုပါ ေမ့ေလ်ာ႔သြားတတ္ၾကပါတယ္။ အမ်ိဳးသမီး အမ်ားစုဟာ မိမိ ရဲ႕တစ္ကိုယ္ရည္ ထိန္းသိိမ္းျပဳျပင္မႈေတြကို လက္လႊတ္လုိက္တတ္ၾကၿပီး ၾကည့္ေကာင္းေနဖို႔ကိုလည္း သိပ္ထည့္မတြက္ၾကေတာ့ပါဘူး။ Gym မွာ သြားေဆာ့မယ့္ အခ်ိန္ေတြကို အိမ္မွာ ထမင္းေတြ၊ ဟင္းေတြ ခ်က္ရင္း ကုန္ဆံုးတတ္ၾကပါေတာ့တယ္။ စားေသာက္တဲ့ အစားအစာ ေတြ ကလည္း အထက္မွာ ေဖာ္ျပထားသလို စည္းစနစ္မရိွ၊ က်န္းမာေရး နဲ႔ မညီညြတ္တဲ့အတြက္ ၀လာၾကတာဟာ အဆန္း တၾကယ္ မဟုတ္ဘူးလို႔ပဲ သတ္မွတ္ရမလို ျဖစ္သြားေစပါတယ္။

Ref: thehealthsite
Credit : Shwemom
================

ဘဝရဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်ဆိုတဲ့ မင်္ဂလာပွဲကြီး ပြီးသွားကတည်းက နေရာအသစ်၊ အိမ်အသစ်မှာ ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ အသားကျအောင် မိမိ ကိုယ်ပိုင် အိမ်ရာထူထောင်ကြရတဲ့ အမျိုးသမီးတွေဟာ ယခင် အပျိုဘဝကထက် ပိုဝလာတတ်ကြတာဟာ ဓမ္မတာလိုတောင် ဖြစ်နေပါတယ်။ အပျိုဘဝ က သွယ်လျခဲ့တဲ့ ခါးကျဉ်ကျဉ် ကလေးဟာ ယခုတော့ တုတ်ခိုင်လို့နေလေပြီဆိုတဲ့ အမျိုးသမီးအများစုအတွက် ယငး်ကဲ့သို့ ဝလာရတဲ့ အကြောင်းရင်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက် ပေါ် အာရုံမထားမိခြင်း။

မင်္ဂလာပွဲနေ့ပြီး ဟန်းနီးမွန်းကတည်းက ပျော်ပျော်နဲ့ စိတ်လွတ်လက်လွတ် စားချင်တိုင်း စားခဲ့တဲ့အကျင့်ကစပြီး သင့်ရဲ့ နဂိုပုံမှန် စားသောက်မှုပုံစံကို ပျက်စီးပြောင်းလဲသွားစေနိုင်ပါတယ်။ အိမ်ထောင် ကျကာစကာလ မိမိအိမ်ရာကို စိတ်ထဲ ကျေနပ်တဲ့အတိုင်း ပြင်ဆင်နေရတာနဲ့တင် စိတ်ဖိစီးမှုက ရှိနေပြီး ကသိုင်းကရိုင်းဆန်လှတဲ့ အစပိုင်းနေ့ရက်များမှာ အိမ်ထောင်သည်ဘဝနဲ့ အသားမကျသေးတဲ့ အပိုင်းတွေလည်း ရှိနေသေးတာကြောင့် အစားအသောက်ဘက်ကို သိပ်ပြီး အာရုံမထားမိတော့ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ရမယ်ဆိုတဲ့ အသိလည်း ခေတ္တကွယ်ပျောက်နေနိုင် တဲ့အတွက် စိတ်ဖိစီးမှုနဲ့ တွေ့တဲ့အလွယ်စာ၊ အပြင်စာတွေ လျှောက်စားမိခြင်းက ၀ိတ်တက်ရခြင်းရဲ့ အဓိကတရားခံတွေ ထဲမှာ ပါဝင်ပါတယ်။ ထိုသို့ စားသောက်လိုက်မိတဲ့ အစားအစာတွေဟာလည်း အာဟာရ ပြည့်ဝမှုဘက်မှာ လျော့နည်းနေ ပြီး ကယ်လိုရီတွေသာ တစ်ပုံတစ်ခေါင်း တက်လာစေနိုင်တာကြောင့် ဗီတာမင်ဘီ၊ ကယ်လ်စီယမ် အစရှိတဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့ဆုံးရှုံးပြီး အားအင်မရှိသလို ပင်ပန်းနုံးချိ ခံစားရကာ ကိုယ်အလေးချိန်က တရိပ်ရိပ်နဲ့ တက်လာပါတော့ တယ်။

စားသောက်ပုံအလေ့အထ ပြောင်းလဲသွားခြင်း။

ပူပူနွေးနွေး လက်ထပ်ထားတဲ့ အမျိုးသမီးအများစု သေချာပေါက်နီးပါး ပြုလုပ်ကြတာကကြောင့် ချစ်သောခင်ပွန်းအတွက် ချက်ပြုတ်ကျွေးမွေးကြခြင်းပါပဲ။ ဒီနေရာမှာ အခက်ကြုံကြရတာက အမျိုးသမီးတိုင်းမှာ ကွဲပြားတဲ့ ကိုယ်ပိုင်နှစ်သက်တဲ့ အရသာ၊ အကြိုက်၊ ချက်ပြုတ်မှုပုံစံတွေ ရှိကြခြင်းနဲ့ အိမ်ထောင်ကျပြီးတဲ့အခါ အိမ်ထောင်ဘက်ရဲ့ အကြိုက်လိုက်ချက် ရတာကြောင့် မိမိရဲ့ နဂိုနှစ်သက်တဲ့ စားသောက်မှုပုံစံ ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင်က အပူအစပ်ဟင်းတွေ စားရတာ ကြိုက်နှစ်သက်တဲ့ အမျိုးသမီးဟာ အိမ်ထောင်ကျပြီးနောက်မှာ အချိုအငန်စားတဲ့ အမျိုးသား ရဲ့ အကြိုက်ကို လိုက်ချက်ပေးရခြင်းမျိုး ဖြစ်ပါတယ်။ ဒီအခါမှာ စားနေကျမဟုတ်တဲ့ အစားအစာပုံစံမျိုးကို အစာအိမ်က လက်ခံရတဲ့အတွက် ကိုယ်တွင်းတုံ့ပြန်မှုအနေနဲ့ အစာချက်တဲ့ပုံစံလည်း ပြောင်းလဲသွားပါတယ်။ အဆိုပါ ပြောင်းလဲမှုဟာ လည်း အမျိုးသမီးများ အိမ်ထောင်ကျပြီးနောက် ဝလာရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

မကြာခဏ အပြင်ထွက်စားဖြစ်ခြင်း။

ကြင်စဦး ဇနီးမောင်နှံ ဆိုသည်မှာ လက်ကလေး တတွဲတွဲနဲ့ ဆိုင်တကာ လိုက်စားတဲ့ အမူအကျင့်လေးလည်း ပါဝင်ပါတယ်။ ရုံးပိတ်ရက်တွေ၊ သို့တည်းမဟုတ် ကြားရက်တွေမှာပါ တားမယ့်ဆီးမယ့်သူမရှိ၊ လွတ်လွတ်လပ်လပ် သွားလာစားသောက် ရတဲ့ အရသာကလေးကို အကြိုက်တွေ့နေတဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။ ဒါတင်မက နဂိုထက် ကျယ်ပြန့်များပြားလာ တဲ့ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ မိတ်ဆက်တဲ့အနေနဲ့ ပြုလုပ်ရတဲ့ စားပွဲတွေက လည်း ဆက်နေမှာဖြစ်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အနည်းဆုံး အပြင်စာတစ်နပ်ကတော့ ပါဝင်နေပါလိိမ့်မယ်။ အပြင်စာဆိုတဲ့ ထုံးစံအတိုင်းပဲ အာဟာရတန်ဖိုး နည်းပြီး ကယ်လိုရီပမာဏ များတာကြောင့် ပိုဝလာ မယ့် အခြေအနေကို အဆင်သင့် ဖန်တီးပြီးသား ဖြစ်စေပါတယ်။ ဝမှာစိုးတဲ့အတွက် အမျိုးအဆွေ၊ အသိုင်းအဝိုင်းတွေရဲ့ ပွဲတွေကို ငြင်းဆိုရမှာကလည်း မကောင်းလှတာကြောင့် နောက်ဆုံးမှာတော့ လက်ထပ်ပြီးစ အမျိုးသမီးလေးရဲ့ ခါးလေးဟာ ဆိုဒ်နံပါတ် ကြီးလာပါတော့တယ်။

ဦးစားပေးမှု ပြောင်းသွားခြင်း။

ဒါကတော့ အသိသာဆုံးအချက်တစ်ခု ဖြစ်ပါတယ်။ အပျိုဘဝ မှာ ကိုယ်စားချင်တဲ့ပုံစံကို ကြိုက်သလို ဂရုစိုက်ပြီး စားနိုင်ပေ မယ့် အိမ်ထော င်ကျသွားတဲ့အခါမှာတော့ ကိုယ့်ရွေးချယ်မှုတွေကို တစ်ခါတစ်ရံမှာ လက်လွှတ်လိုက်ကြရပါတယ်။ ကိုယ့်ရဲ့ ဦးစားပေးစာရင်းမှာ ကိုယ်တိုင်က နောက်ဆုံးမှာ ဖြစ်သွားတတ်ပါတယ်။ ခင်ပွန်းနှစ်သက်တဲ့ ဟင်းတွေကိုသာ ချက်ကျွေး တာမျိုး ဒါမှမဟုတ် မကုန်နိုင်တဲ့ဟင်းတွေကို လွှင့်ပစ်ရမှာ နှမြောလို့ ဒိုင်ခံစားလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်၊ ခင်ပွန်းနဲ့ ကလေးတွေရဲ့ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စ အားလုံးကို တစ်ယောက်တည်း အဆင်ပြေအောင် ဖြေရှင်းရ တဲ့အခါ မိမိအတွက် စဉ်းစားဖို့လည်း မေ့သွားပြီး စိတ်ဖိစီးမှုတွေ တစ်ပုံတစ်ပင်နဲ့ တစ်နေ့တစ်နေ့ မောမော၊ဆာဆာနဲ့ စားလိုက်တဲ့ အစားအစာတွေဟာ ကိုယ်တိုင်အတွက် စိတ်ကျေနပ်မှု မရှိဘဲ ကိုယ်အလေးချိန်တွေ တိုးလာတာမျိုး ဖြစ်လာ ပါတော့တယ်။

မိမိကိုယ်ကို ဂရုစိုက်မှု နညး်ပါးလာခြင်း။

အမျိုးသမီး တွေဟာ အိမ်ထောင် မကျခင် အချိန်တုန်းမှာတော့ မိမိ ကိုယ်ကို ဆွဲဆောင်မှုရှိနေဖို့၊ ကျော့ရှင်းလှပနေဖို့သာ အာရုံစိုက် လုပ်ဆောင်ကြပါတယ်။ Gym မှာ အားကြိုးမာန်တက် လေ့ကျင့်ခန်း ပြုလုပ်တတ်ကြသလို အစားထိန်းစားခြင်း စတာတွေကို ပြုလုပ်တတ်ကြပါတယ်။ သို့ပေမယ့် အိမ်ထောင့်တာဝန်တွေ ထမ်းလိုက်ရတဲ့အခါ မိမိကိုယ်တိုင်ရဲ့ ကျန်းမာ ရေးကိုပါ မေ့လျော့သွားတတ်ကြပါတယ်။ အမျိုးသမီး အများစုဟာ မိမိ ရဲ့တစ်ကိုယ်ရည် ထိန်းသိိမ်းပြုပြင်မှုတွေကို လက်လွှတ်လိုက်တတ်ကြပြီး ကြည့်ကောင်းနေဖို့ကိုလည်း သိပ်ထည့်မတွက်ကြတော့ပါဘူး။ Gym မှာ သွားဆော့မယ့် အချိန်တွေကို အိမ်မှာ ထမင်းတွေ၊ ဟင်းတွေ ချက်ရင်း ကုန်ဆုံးတတ်ကြပါတော့တယ်။ စားသောက်တဲ့ အစားအစာ တွေ ကလည်း အထက်မှာ ဖော်ပြထားသလို စည်းစနစ်မရှိ၊ ကျန်းမာရေး နဲ့ မညီညွတ်တဲ့အတွက် ဝလာကြတာဟာ အဆန်း တကြယ် မဟုတ်ဘူးလို့ပဲ သတ်မှတ်ရမလို ဖြစ်သွားစေပါတယ်။

Ref: thehealthsite
Credit : Shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...