ဤနေ့ ဤအချိန်မှစ၍ ” ကျွန် ” ဆိုသော ရုပ်ရှင်ဇာတ်ကား လုံးဝ မရှိတော့ပါကြောင်း …!


( ကျွန်ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ရုပ်ရှင်ဇာတ်ကားကြောင့် ပုဂံယဉ်ကျေးမှုဒေသနေပြည်သူများ ထိခိုက် နစ်နာခြင်းအတွက် မြို့မိ မြို့ဖ များအား မေတ္တာဖြင့် ဆွေးနွေးညှိနှိုင်း တောင်းပန်ခြင်းအခန်းအနား သဘောတူထုတ်ပြန်ချက် )
ကျွန် ရုပ်ရှင်ဇါတ်ကားသည် ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ပဲ အနုပညာဖန်တီးမှု့သက်သက်သာဖြစ်ပြီး ဒေသခံပြည်သူများ အပေါ် ထိခိုက်နစ်နာလိုစေသော ဆန္ဒ အလျှဉ်းမရှိပဲ ဒေသခံပြည်သူများ၏ ဂုဏ်သိက္ခာနှင့်စိတ်ခံစားချက်ကို ထိခိုက်နစ်နာမှု့များ ဖြစ်ပေါ်စေခဲ့ပါသဖြင့် ဒေသခံကျေးဇူးရှင် ပရိတ်သတ်များအား အနုပညာဖန်တီးသူတာဝန်ရှိသူများမှ အနူးအညွတ်မေတ္တာ
ရပ်ခံတောင်းပန်အပ်ပါသည်။
ဆက်လက်၍လည်း ကျွန်ရုပ်ရှင်ဇာတ်ကား၏ အမည်အား (အမှောင်မှာရွာချတဲ့မိုးတိမ်) ဟု ပြောင်းလဲပြီး ဒေသခံပြည်သူများ၏ ဂုဏ်သိက္ခာနှင့် စိတ်ခံစားချက်ကို ထိခိုက်စေမည့် အပြောအဆိုအသုံးအနှုံး ပြကွက်များကို ဖြတ်တောက်ပြင်ဆင် သွားမည်ဖြစ်ကြောင်းလည်း ဝန်ခံ ကတိပြုပါသည်။

ဤသဘောတူဆုံးဖြတ်ချက်သည် ရပ်မိရပ်ဖများ၊ လူမှု့အသင်းအဖွဲ့များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ ရှေ့နေများနှင့် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ကိုလူမင်းနှင့် တွေ့ဆုံညှိနှိုင်းကာ ဒေသအတွက် ဂုဏ်သိက္ခာအရှိဆုံးနှင့် အကောင်းဆုံးဖြစ်မည့် အစီအစဉ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။

နောက်နောင်တွင်လည်း ပုဂံညောင်ဦးဒေသတွင်သာမဟုတ်ပဲ မြန်မာတနိုင်ငံလုံးရှိ ဒေသခံများအား ထိခိုက်နစ်နာစေသော၊ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သော ဇါတ်ကားများ ပေါ်ပေါက်လာတော့မည် မဟုတ်ကြောင်းလည်း ဒေသခံပြည်သူများအား အသိပေးပြောကြားလိုက်ပါသည်။

ဤနေ့ ဤအချိန်မှစ၍ ကျွန်ဆိုသော ရုပ်ရှင်ဇာတ်ကား လုံးဝ မရှိတော့ပါ။

Credit: KyarNyo

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...