ပရဟိတ လုပ်လို့ ဝေဖန်ခံရတဲ့ ဝေဠုကျော်


ပြည်သူ အကျိုးပြုကိစ္စတွေမှာ အားတက်သရော ပါဝင်လေ့ရှိတဲ့ သရုပ်ဆောင် ဝေဠုကျော် က  ပရိဟတ လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ တချို့တွေရဲ့ ဝေဖန်မူတွေနဲ့ ပတ်သတ်ပြီးတော့ ခံစားချက်ကို မေးမြန်းကြည့်ရာ Myanmar celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။ ” ပရဟိတလုပ်လို့ ဝေဖန်ခံရတယ်ဆိုတော့ ဘာကြောင့်လဲဆိုတာ ကျွန်တော်မစဉ်းစားတက်တော့ပါဘူး။ တော်ရုံလူကတော့ လူတစ်ယောက်၊ လူတစ်စုကောင်းတာလုပ်တာကို မကောင်းတဲ့ဘက်ကနေတွေးပြီး အပြစ်ပြောမှာ မဟုတ်ဘူးလေ။ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် လိပ်ပြာလုံပါတယ်။ ပရဟိတအလုပ်ကို ပေါ်ပင်လုပ်လိုတဲ့ စိတ်လည်း မရှိဘူး လုပ်လည်း မလုပ်ခဲ့ဖူးဘူး။ ကျွန်တော် ကိုယ့်အတွက် ကိုယ်မစဉ်းစားပဲ လုပ်ခဲ့တာတွေ အများကြီးပါပဲ။ ကိုယ်တိုင်လည်းမလုပ်ပဲနဲ့ တခြားသူ လုပ်တာကို အပြစ်ထိုင်ပြောနေရင်လည်း မကောင်းဘူးလေ ” လို့ပြောပါတယ် ။
အနုပညာ လူပ်ရှားမူတွေနဲ့ ပတ်သတ်ပြီးတော့ ” ရုပ်ရှင်ကား တစ်ကားတော့ ရိုက်ရထားတယ်။ အရင်လိုတော့ ကားတွေ ဆတ်တိုက်ကြီးတော့ မရိုက်နိုင်တော့ဘူးလေ။ ကျွန်တော် လည်း ကျွန်တော် လုပ်စရာ ရှိတာလေး တွေကိုလုပ်ရဦးမယ်လေ။ အရင်လိုတော့ အနုပညာအလုပ်တွေကို အရမ်းကြီး ဦးစားပေးမလုပ်နိုင်တော့ဘူး။ ရိုတ်တဲ့ ဇာတ်ကား ကတော့တစ်ကားဆိုရင် တစ်ကားဆိုသလောက် quality ကောင်းအောင်ရိုက်ပါမယ်” လို့ပြောပါတယ်။ သူက အာဇာနည်နေ့ မှာလည်း အာဇာနည်ကုန်းမှာ ကြက်ခြေနီ အဖွဲ့တွေနဲ့ အတူပါဝင်အားဖြည့်ခဲ့သေးတယ်လို့သိရပါတယ် ။


Credit : Myanmar celebrities

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...