အပ်ိဳစင္စစ္စစ္ပဲရွိေသးတဲ့ မိန္းကေလးတိုင္းအတြက္ ရွဲေပးလိုက္ပါ..။

ပြင့္လင္းလာတဲ့ေခတ္ျကီးထဲ မိန္းကေလးေတြသိသင့္တာေတြ မ်ားလာတာေတာ့အမွန္ပါပဲ။ ဒီလိုဗဟုသုတေတြကို သင့္မိခင္ေတြကိုယ္တိုင္က ပြင့္ပြင့္လင္းလင္းမေျပာနိုင္ရင္ေတာင္ ဖတ္ထားျပီးသိထားသင့္တဲ့အတြက္ MODA မဂၢဇင္းမွတစ္ဆင့္ တင္ဆက္ေဖာ္ျပေပးလိုက္ပါတယ္။

နိုင္ငံတကာ မ်ိုးဆက္ပြားနဲ့လိင္က်န္းမာေရး အေမးအေျဖ Website က႑ဍေတြမွာ အမ်ားဆံုးေမးေလ့ရွိတဲ့သူေတြဟာ အပ်ိုစင္ေလးေတြျဖစ္ေနျကတယ္လို့ သိရပါတယ္။ အိမ္ေထာင္သည္ေတြနဲ့ ခ်စ္တင္းေနွာဖူးသူေတြကေတာ့ ဒီေနရာမွာလိုအပ္တဲ့ က်န္းမာေရးနဲ့ လူမႈေရးဗဟုသုတေတြ အသင့္အတင့္ရွိေပမယ့္လည္း အပ်ိုစင္ေလးေတြအတြက္ေတာ့ ခ်စ္တင္းေနွာျခင္းနဲ့ ပတ္သက္သမွ်ဟာ အိပ္မက္တစ္ခုလို အလွမ္းေဝးေနဦးမွာပါပဲ။ ဒါေျကာင့္လည္း ျမန္မာနိုင္ငံလို ဖြံ့ျဖိုးဆဲနိုင္ငံေတြမွာ မလိုလားအပ္တဲ့ကိုယ္ဝန္ရရွိျခင္းေတြကစလို့ ခ်စ္တင္းေနွာရာမွတစ္ဆင့္ ကူးစက္လြယ္တဲ့ေရာဂါေတြ ခံစားရျပီး မျဖစ္သင့္ပဲ ဘဝဆံုးခဲ့ရတဲ့ မိန္းကေလးငယ္ေတြ အမ်ားအျပားရွိခဲ့ပါတယ္။ အဲဒါေျကာင့္ ဒီလအတြက္ေတာ့ ပထမဆံုးအျကိမ္ ခ်စ္တင္းမေနွာခင္ အပ်ိုစင္ဘဝကို မစြန့္လွြတ္ခင္မွာ ဘာေတြသိထားရမလဲဆိုျပီး အပ်ိုစင္ေလးေတြကအစ သိထားသင့္တဲ့ မ်ိုးဆက္ပြားျခင္း၊ လိင္ဆက္ဆံျခင္းနဲ့ပတ္သက္တဲ့ လူမႈေရး၊ က်န္းမာေရးဗဟုသုတေတြကို မွ်ေဝေပးလိုက္ပါတယ္။

ပထမဆံုးအေနနဲ့ အေရးအျကီးဆံုးကေတာ့ သင့္ရဲ့အပ်ိုစင္ဘဝကို ဘယ္ေတာ့မွျပန္လည္ရရွိေတာ့မွာ မဟုတ္ဘူးဆိုတာပါပဲ။ လက္မထပ္ရေသးတာပဲျဖစ္ျဖစ္၊ လက္ထပ္ျပီးေတာ့မွပဲျဖစ္ျဖစ္ သင္ဟာ ေယာက်ာ္းတစ္ေယာက္နဲ့လိင္စပ္ယွက္ဖူးသြားပါျပီ။ အခုေခတ္မွာ ေဆးဝါးေတြေပါမ်ားတယ္။ နည္းလမ္းေတြေပါမ်ားတယ္ဆိုေပမယ့္လည္း သင့္ရဲ့ဘဝထဲေယာက်ာ္းတစ္ေယာက္ ဝင္ေရာက္ခဲ့ဖူးျပီးျပီဆိုတဲ့ အတိတ္ကို လက္ခံနိုင္မယ္ဆိုမွသာ ေနာက္အခ်က္ေတြကို ဆက္ဖတ္ျကည့္ပါ။

ပထမဆံုးအျကိမ္ဟာ အတင္းအက်ပ္ဖိအားေပးခံရလို့ ခ်စ္တင္းေနွာလိုက္တာမ်ိုး လံုးဝအျဖစ္မခံပါနဲ့။ ဒါေျကာင့္ သင့္ရဲ့ခ်စ္သူကပဲျဖစ္ျဖစ္၊ သင့္ရဲ့သူငယ္ခ်င္းကပဲျဖစ္ျဖစ္ တပူပူတဆူဆူဂ်ီက်လို့ စိတ္မပါပဲ သင့္ရဲ့ အပ်ိုစင္ဘဝကိုမေပးလိုက္ပါနဲ့။ ခ်စ္တင္းေနွာတယ္ဆိုတာ အရင္ထဲကေျပာေနက်စကားအတိုင္း စိတ္လႈပ္ရွားဖို့ေကာင္းျပီး ဆြဲေဆာင္မႈရွိေနရမယ္ေလ။

ကြန္ဒံုးကို သံုးျဖစ္ေအာင္ကို သံုးေပးရပါမယ္။ ျမန္မာျပည္ေဈးကြက္ထဲမွာေတာ့ ေယာက်ာ္းေလးသံုးကြန္ဒံုးသာ ဝယ္ရလြယ္တာျဖစ္လို့ သင့္ရဲ့ ပါတနာကို ကြန္ဒံုးသံုးခိုင္းပါ။ ဒီေနရာမွာ တျခားသေနၶတားေဆးဝါးေတြမသံုးပဲ ကြန္ဒံုးပဲသံုးဖို့ အျပင္းအထန္ေျပာလိုပါတယ္။ ဘာျဖစ္လို့လဲဆိုရင္ တျခားေဆးဝါးေတြဟာ ကိုယ္ဝန္မရရွိေအာင္ပဲ တားဆီးေပးနိုင္တာျဖစ္ျပီး လိင္နဲ့ လိင္ဆက္ဆံျခင္းကေနတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြကိုေတာ့ တားဆီးကာကြယ္နို္င္စြမ္းအား မရွိပါဘူး။ ဒါေပမယ့္ ကြန္ဒံုးကေတာ့ သင့္ကို ကိုယ္ဝန္မရေအာင္ေရာ၊ ကူးစက္ေရာဂါေတြကေနေရာ ကာကြယ္ေပးနိုင္လို့ပါပဲ။

ခ်စ္တင္းေနွာေနတဲ့အခ်ိန္မွာ သင္ျကည့္ဖူးတဲ့ နိုင္ငံျခားခပ္ျကမ္းျကမ္းအျပာကားေတြထဲက ဇာတ္ေဆာင္မင္းသမီးေတြလို ညွိ့အားျပင္းေနဖို့ အျပင္းအထန္မျကိုးစားပါနဲ့။ အဲဒီလိုလုပ္တာဟာ ပံုမွန္နဲ့ကို ခ်စ္ဖို့ေကာင္းေနတဲ့ သင့္ရဲ့လႈပ္ရွားမႈအျပုအမူေတြကို ရုပ္ဆိုးသြားေစမွာပါ။ အသံေတြဆူညံေအာင္ထြက္ေနဖို့လည္း မလိုအပ္ပါဘူး။ အလိုက္သင့္ေလးေရြ့လ်ားေပးျပီး စီးေမ်ာေနဖို့ပဲလိုပါတယ္ေနာ္။

ပထမဆံုးအျကိမ္လည္း ျဖစ္ပါတယ္။ ေနာက္ျပီး တစ္ျကိမ္တည္းပဲ စိတ္ဆနၵျပီးေျမာက္ပါတယ္လို့ ေျပာဦးမလား။ မရပါဘူး။ ခ်စ္တင္းေနွာမႈမွာ စိတ္ဆနၵမျပီးေျမာက္ခင္မွာေတာင္ သင့္ရဲ့ပါတနာဆီက ကနဦး Sperm အနည္းငယ္ ထြက္လာနိုင္ပါတယ္။ အဲဒီ့ Sperm အနည္းငယ္နဲ့တင္ သင့္ကို ကိုယ္ဝန္ရွိေစနိုင္ပါတယ္။ ဒါေျကာင့္ သင့္ရဲ့ပထမဆံုးအေတြ့အျကံုပါပဲ ဘာမွမျဖစ္ေလာက္ပါဘူးလို့ ေပါ့ေပါ့ေလးေတြးျပီး အကာအကြယ္မယူပဲ ခ်စ္တင္းေနွာဖို့ လံုးဝမစဉ္းစားပါနဲ့။

ခ်စ္တင္းေနွာေနစဉ္အတြင္းမွာ စိတ္ထဲ ဘာတင္းက်ပ္မႈမွ မထားဖို့ အျကံေပးပါရေစ။ သင္ရဲ့ ပထမဆံုးခ်စ္တင္းေနွာမႈမွာတင္ သင့္ရဲ့ စိတ္ဆနၵျပီးေျမာက္လိမ့္မယ္လို့ ေလာဘျကီးရင္ မွားပါလိမ့္မယ္။ ခ်စ္တင္းေနွာရာမွာ စိတ္ဆနၵျပီးေျမာက္ဖို့တစ္ခုတည္းကသာ ပန္းတိုင္မဟုတ္ပါဘူး။ သင္နဲ့ သင့္ရဲ့ပါတနာတို့ အရင္ကထက္ နားလည္မႈ၊ ခ်စ္ခင္မႈနဲ့ ေပ်ာ္ရွြင္မႈရဖို့က အဓိကပါပဲ။ ပထမဆံုးအျကိမ္မွာ မိန္းကေလးေတြအေနနဲ့ မ်ားေသာအားျဖင့္ စိတ္ဆနၵမျပီးေျမာက္တတ္ျကပါဘူး။ ေနာက္ပိုင္းမွာေတာ့ သင္ အဆင္ေျပသြားပါလိမ့္မယ္။

အပ်ိုစင္ဘဝကို သင္ စြန့္လွြတ္လိုက္ေတာ့မယ္ဆိုရင္ အနည္းငယ္နာက်င္ျပီး ေသြးထြက္နိုင္ပါတယ္။ ဒါက က်န္းမာေရးျပႆနာမဟုတ္ပါဘူး။ အပ်ိုစင္တိုင္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ကိစၥပါပဲ။ ဒါေျကာင့္မလန့္ပါနဲ့။ ေနာက္တစ္ခုကေတာ့ ပထမဆံုးအျကိမ္ခ်စ္တင္းေနွာျခင္းေျကာင့္ ေနာက္ရက္ေတြမွာ ဓမၼတာလာနိုင္ပါတယ္။ ဒါဟာလည္း သားအိမ္ဟာ ပထမဆံုးအျကိမ္ျဖစ္တဲ့အေျပာင္းအလဲတစ္ခုကို တုန့္ျပန္လိုက္တာသာျဖစ္ျပီး စိုးရိမ္စရာမရွိပါဘူး။ ဒါေပမယ့္လည္း သင့္ရဲ့သာမာန္ဓမၼတာရက္ေပါင္းထက္ အရမ္းရွည္ျကာေနတာပဲျဖစ္ျဖစ္၊ ဓမၼတာလာေနစဉ္နဲ့လာျပီးအခ်ိန္ေတြမွာ အင္မတန္ယားယံျပီး စိတ္မသန့္စရာတစ္ခုခုျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ဆရာဝန္နဲ့ ျပသေဆြးေနြးဖို့ အျကံေပးခ်င္ပါတယ္။

သင္ဟာ အပ်ိုေဖာ္ဝင္တဲ့အခ်ိန္ကစျပီး ဖြံ့ျဖိုးေျပာင္းလဲသြားတဲ့ စိတ္ဆနၵကိုျဖည့္ဆည္းဖို့အတြက္ တစ္ကိုယ္ရည္အာသာေျဖေလ့ရွိတဲ့ မိန္းကေလးတစ္ေယာက္ဆို သင့္ရဲ့ ပထမဆံုးခ်စ္တင္းေနွာမႈဟာ တျခားမိန္းကေလးေတြထက္ ေပါ့ပါးေပ်ာ္ရွြင္မႈကိုေပးနိုင္ပါတယ္။ ေနာက္ျပီး တစ္ကိုယ္ရည္အာသာေျဖေလ့ အစဉ္တစိုက္ရွိတဲ့သူဆိုရင္ေတာ့ ပထမဆံုးအျကိမ္ခ်စ္တင္းေနွာရာမွာ အမ်ားျကီးအဆင္ေျပနိုင္ျပီး မိန္းကေလးေတြ အရနည္းတဲ့ ပထမဆံုးအျကိမ္နဲ့ စိတ္ဆနၵျပီးေျမာက္ျခင္းကို ရရွိနိုင္ပါတယ္။ ဒါကလည္း သင္နဲ့ သင့္ရဲ့ပါတနာအတြက္ စိတ္ေရာ၊လူေရာ ေက်နပ္မႈကို တျခားစံုတြဲေတြထက္ ပိုမိုရရွိနိုင္မွာပါ။

ဒီေနရာမွာ သင့္ရဲ့က်န္းမာေရးအတြက္ အေရးျကီးတဲ့ေနာက္တစ္ခ်က္ရွိေနပါေသးတယ္။ သင္ေရာ သင့္ရဲ့ပါတနာေရာ ေဆးစစ္ဖို့ပါ။ သင့္ရဲ့ပါတနာက ပံုမွန္မိမိကိုယ္ကိုယ္ ဂရုတစိုက္နဲ့ က်န္းမာေရးကို အေလးေပးေနတတ္တဲ့သူဆိုရင္ေတာ့ အဆင္ေျပေပမယ့္ သင့္ရဲ့ပါတနာက သင္ မတိုင္ခင္အရင္တုန္းက ေပြရႈပ္ခဲ့ဖူးမယ္ဆိုရင္ ေဆးစစ္ကို စစ္ေပးဖို့ သတိေပးပါရေစ။ လိုအပ္တဲ့ေနရာမွာ ေငြေျကးနွေျမာေနဦးမယ္ဆိုရင္ေတာ့ မလိုအပ္ပဲ သင့္ရဲ့ေငြေျကးေတြဟာ က်န္းမာေရးေစာင့္ေရွာက္မႈေတြအတြက္ ကုန္က်ရလိမ့္မယ္ဆိုတာ သိထားရပါလိမ့္မယ္။

တစ္ခါတစ္ရံ လက္မထပ္ပဲအတူတူေနျခင္းကေနတစ္ဆင့္ တစ္ဘဝလံုးစာလက္ထပ္ျဖစ္တဲ့အထိ သံေဃာဇဉ္ေတြ ေနွာင္ဖြဲ့သြားနိုင္ေပမယ့္ တစ္ခ်ို့ေယာက်ာ္းေလးေတြက်ျပန္ေတာ့လည္း အတူတူေနျပီးရင္ သင့္အေပၚေသြးေအးသြားနိုင္ပါတယ္။ ဒါေျကာင့္ ခ်စ္တင္းေနွာျခင္းဟာ ေယာက်ာ္းေလးတစ္ေယာက္ကို ခ်ုပ္ေနွာင္တြယ္ဖက္ထားနိုင္တဲ့နည္းလမ္းမဟုတ္ဘူးဆိုတာကို ခ်စ္တင္းမေနွာခင္မွာ လံုးဝလက္ခံထားပါ။

ေနာက္ဆံုးတစ္ခုေပမယ့္ သင့္ရဲ့စိတ္ထဲမွာ ျကိုတင္ျပင္ဆင္ဖို့ သိထားရမယ့္အရာပါ။ အဲဒါကေတာ့ သင္ ပထမဆံုးအျကိမ္ ခ်စ္တင္းေနွာျပီး သင့္ရဲ့ အပ်ိုစင္ဘဝကို ေပးအပ္ခဲ့တဲ့ ပါတနာက သင့္ဘဝတစ္ခုလံုးစာရဲ့ ပါတနာျဖစ္ခ်င္မွျဖစ္လာမယ္ဆိုတာပါပဲ။ သင့္ရဲ့စိတ္ကို ေျဖေလွ်ာ့ထားလိုက္ပါ။ လူ့ဘဝဟာ စြန့္လွြတ္တန္တာစြန့္လွြတ္တတ္ရပါလိမ့္မယ္။ ဒါေျကာင့္ အခုပဲ သင့္စိတ္ကို ျကိုတင္ျပင္ဆင္ထားလိုက္ပါ။

ခ်စ္တင္းေနွာျခင္းဟာ လူသားေတြအားလံုးအတြက္ ဘဝျကီးမဟုတ္ပါဘူး။ သင့္ရဲ့ အပ်ိုစင္ဘဝကို ဆံုးရံႈးလိုက္ရရံုနဲ့လည္း သင့္ဘဝျကီး ရစရာမရွိေအာင္ ပ်က္စီးသြားတယ္လို့ မယူဆသင့္ပါဘူး။ တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္ သင့္ပါတနာနဲ့ အဆင္မေျပလို့ လမ္းခြဲလိုက္ျကျပီဆိုရင္ေတာင္ သင့္ဘဝကို ရဲရဲရင့္ရင့္ေလွ်ာက္လွမ္းဖို့ သင္အျမဲအဆင္သင့္ျဖစ္ေနဖို့ လိုအပ္ပါတယ္။

Unicode
ပွင့်လင်းလာတဲ့ခေတ်ကြီးထဲ မိန်းကလေးတွေသိသင့်တာတွေ များလာတာတော့အမှန်ပါပဲ။ ဒီလိုဗဟုသုတတွေကို သင့်မိခင်တွေကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းမပြောနိုင်ရင်တောင် ဖတ်ထားပြီးသိထားသင့်တဲ့အတွက် MODA မဂ္ဂဇင်းမှတစ်ဆင့် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံတကာ မျိုးဆက်ပွားနဲ့လိင်ကျန်းမာရေး အမေးအဖြေ Website ကဏ္ဍတွေမှာ အများဆုံးမေးလေ့ရှိတဲ့သူတွေဟာ အပျိုစင်လေးတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ အိမ်ထောင်သည်တွေနဲ့ ချစ်တင်းနှောဖူးသူတွေကတော့ ဒီနေရာမှာလိုအပ်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဗဟုသုတတွေ အသင့်အတင့်ရှိပေမယ့်လည်း အပျိုစင်လေးတွေအတွက်တော့ ချစ်တင်းနှောခြင်းနဲ့ ပတ်သက်သမျှဟာ အိပ်မက်တစ်ခုလို အလှမ်းဝေးနေဦးမှာပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံလို ဖွ့ံဖြိုးဆဲနိုင်ငံတွေမှာ မလိုလားအပ်တဲ့ကိုယ်ဝန်ရရှိခြင်းတွေကစလို့ ချစ်တင်းနှောရာမှတစ်ဆင့် ကူးစက်လွယ်တဲ့ရောဂါတွေ ခံစားရပြီး မဖြစ်သင့်ပဲ ဘဝဆုံးခဲ့ရတဲ့ မိန်းကလေးငယ်တွေ အများအပြားရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီလအတွက်တော့ ပထမဆုံးအကြိမ် ချစ်တင်းမနှောခင် အပျိုစင်ဘဝကို မစွန့်လွှတ်ခင်မှာ ဘာတွေသိထားရမလဲဆိုပြီး အပျိုစင်လေးတွေကအစ သိထားသင့်တဲ့ မျိုးဆက်ပွားခြင်း၊ လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ လူမှုရေး၊ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အရေးအကြီးဆုံးကတော့ သင့်ရဲ့အပျိုစင်ဘဝကို ဘယ်တော့မှပြန်လည်ရရှိတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။ လက်မထပ်ရသေးတာပဲဖြစ်ဖြစ်၊ လက်ထပ်ပြီးတော့မှပဲဖြစ်ဖြစ် သင်ဟာ ယောက်ျားတစ်ယောက်နဲ့လိင်စပ်ယှက်ဖူးသွားပါပြီ။ အခုခေတ်မှာ ဆေးဝါးတွေပေါများတယ်။ နည်းလမ်းတွေပေါများတယ်ဆိုပေမယ့်လည်း သင့်ရဲ့ဘဝထဲယောက်ျားတစ်ယောက် ဝင်ရောက်ခဲ့ဖူးပြီးပြီဆိုတဲ့ အတိတ်ကို လက်ခံနိုင်မယ်ဆိုမှသာ နောက်အချက်တွေကို ဆက်ဖတ်ကြည့်ပါ။

ပထမဆုံးအကြိမ်ဟာ အတင်းအကျပ်ဖိအားပေးခံရလို့ ချစ်တင်းနှောလိုက်တာမျိုး လုံးဝအဖြစ်မခံပါနဲ့။ ဒါကြောင့် သင့်ရဲ့ချစ်သူကပဲဖြစ်ဖြစ်၊ သင့်ရဲ့သူငယ်ချင်းကပဲဖြစ်ဖြစ် တပူပူတဆူဆူဂျီကျလို့ စိတ်မပါပဲ သင့်ရဲ့ အပျိုစင်ဘဝကိုမပေးလိုက်ပါနဲ့။ ချစ်တင်းနှောတယ်ဆိုတာ အရင်ထဲကပြောနေကျစကားအတိုင်း စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆွဲဆောင်မှုရှိနေရမယ်လေ။

ကွန်ဒုံးကို သုံးဖြစ်အောင်ကို သုံးပေးရပါမယ်။ မြန်မာပြည်စျေးကွက်ထဲမှာတော့ ယောက်ျားလေးသုံးကွန်ဒုံးသာ ဝယ်ရလွယ်တာဖြစ်လို့ သင့်ရဲ့ ပါတနာကို ကွန်ဒုံးသုံးခိုင်းပါ။ ဒီနေရာမှာ တခြားသန္ဓေတားဆေးဝါးတွေမသုံးပဲ ကွန်ဒုံးပဲသုံးဖို့ အပြင်းအထန်ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တခြားဆေးဝါးတွေဟာ ကိုယ်ဝန်မရရှိအောင်ပဲ တားဆီးပေးနိုင်တာဖြစ်ပြီး လိင်နဲ့ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကိုတော့ တားဆီးကာကွယ်နို်င်စွမ်းအား မရှိပါဘူး။ ဒါပေမယ့် ကွန်ဒုံးကတော့ သင့်ကို ကိုယ်ဝန်မရအောင်ရော၊ ကူးစက်ရောဂါတွေကနေရော ကာကွယ်ပေးနိုင်လို့ပါပဲ။

ချစ်တင်းနှောနေတဲ့အချိန်မှာ သင်ကြည့်ဖူးတဲ့ နိုင်ငံခြားခပ်ကြမ်းကြမ်းအပြာကားတွေထဲက ဇာတ်ဆောင်မင်းသမီးတွေလို ညှိ့အားပြင်းနေဖို့ အပြင်းအထန်မကြိုးစားပါနဲ့။ အဲဒီလိုလုပ်တာဟာ ပုံမှန်နဲ့ကို ချစ်ဖို့ကောင်းနေတဲ့ သင့်ရဲ့လှုပ်ရှားမှုအပြုအမူတွေကို ရုပ်ဆိုးသွားစေမှာပါ။ အသံတွေဆူညံအောင်ထွက်နေဖို့လည်း မလိုအပ်ပါဘူး။ အလိုက်သင့်လေးရွေ့လျားပေးပြီး စီးမျောနေဖို့ပဲလိုပါတယ်နော်။

ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နောက်ပြီး တစ်ကြိမ်တည်းပဲ စိတ်ဆန္ဒပြီးမြောက်ပါတယ်လို့ ပြောဦးမလား။ မရပါဘူး။ ချစ်တင်းနှောမှုမှာ စိတ်ဆန္ဒမပြီးမြောက်ခင်မှာတောင် သင့်ရဲ့ပါတနာဆီက ကနဦး Sperm အနည်းငယ် ထွက်လာနိုင်ပါတယ်။ အဲဒီ့ Sperm အနည်းငယ်နဲ့တင် သင့်ကို ကိုယ်ဝန်ရှိစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ပထမဆုံးအတွေ့အကြုံပါပဲ ဘာမှမဖြစ်လောက်ပါဘူးလို့ ပေါ့ပေါ့လေးတွေးပြီး အကာအကွယ်မယူပဲ ချစ်တင်းနှောဖို့ လုံးဝမစဉ်းစားပါနဲ့။

ချစ်တင်းနှောနေစဉ်အတွင်းမှာ စိတ်ထဲ ဘာတင်းကျပ်မှုမှ မထားဖို့ အကြံပေးပါရစေ။ သင်ရဲ့ ပထမဆုံးချစ်တင်းနှောမှုမှာတင် သင့်ရဲ့ စိတ်ဆန္ဒပြီးမြောက်လိမ့်မယ်လို့ လောဘကြီးရင် မှားပါလိမ့်မယ်။ ချစ်တင်းနှောရာမှာ စိတ်ဆန္ဒပြီးမြောက်ဖို့တစ်ခုတည်းကသာ ပန်းတိုင်မဟုတ်ပါဘူး။ သင်နဲ့ သင့်ရဲ့ပါတနာတို့ အရင်ကထက် နားလည်မှု၊ ချစ်ခင်မှုနဲ့ ပျော်ရွှင်မှုရဖို့က အဓိကပါပဲ။ ပထမဆုံးအကြိမ်မှာ မိန်းကလေးတွေအနေနဲ့ များသောအားဖြင့် စိတ်ဆန္ဒမပြီးမြောက်တတ်ကြပါဘူး။ နောက်ပိုင်းမှာတော့ သင် အဆင်ပြေသွားပါလိမ့်မယ်။

အပျိုစင်ဘဝကို သင် စွန့်လွှတ်လိုက်တော့မယ်ဆိုရင် အနည်းငယ်နာကျင်ပြီး သွေးထွက်နိုင်ပါတယ်။ ဒါက ကျန်းမာရေးပြဿနာမဟုတ်ပါဘူး။ အပျိုစင်တိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါပဲ။ ဒါကြောင့်မလန့်ပါနဲ့။ နောက်တစ်ခုကတော့ ပထမဆုံးအကြိမ်ချစ်တင်းနှောခြင်းကြောင့် နောက်ရက်တွေမှာ ဓမ္မတာလာနိုင်ပါတယ်။ ဒါဟာလည်း သားအိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့အပြောင်းအလဲတစ်ခုကို တုန့်ပြန်လိုက်တာသာဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့်လည်း သင့်ရဲ့သာမာန်ဓမ္မတာရက်ပေါင်းထက် အရမ်းရှည်ကြာနေတာပဲဖြစ်ဖြစ်၊ ဓမ္မတာလာနေစဉ်နဲ့လာပြီးအချိန်တွေမှာ အင်မတန်ယားယံပြီး စိတ်မသန့်စရာတစ်ခုခုဖြစ်နေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ အကြံပေးချင်ပါတယ်။

သင်ဟာ အပျိုဖော်ဝင်တဲ့အချိန်ကစပြီး ဖွံ့ဖြိုးပြောင်းလဲသွားတဲ့ စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် တစ်ကိုယ်ရည်အာသာဖြေလေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ဆို သင့်ရဲ့ ပထမဆုံးချစ်တင်းနှောမှုဟာ တခြားမိန်းကလေးတွေထက် ပေါ့ပါးပျော်ရွှင်မှုကိုပေးနိုင်ပါတယ်။ နောက်ပြီး တစ်ကိုယ်ရည်အာသာဖြေလေ့ အစဉ်တစိုက်ရှိတဲ့သူဆိုရင်တော့ ပထမဆုံးအကြိမ်ချစ်တင်းနှောရာမှာ အများကြီးအဆင်ပြေနိုင်ပြီး မိန်းကလေးတွေ အရနည်းတဲ့ ပထမဆုံးအကြိမ်နဲ့ စိတ်ဆန္ဒပြီးမြောက်ခြင်းကို ရရှိနိုင်ပါတယ်။ ဒါကလည်း သင်နဲ့ သင့်ရဲ့ပါတနာအတွက် စိတ်ရော၊လူရော ကျေနပ်မှုကို တခြားစုံတွဲတွေထက် ပိုမိုရရှိနိုင်မှာပါ။

ဒီနေရာမှာ သင့်ရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့နောက်တစ်ချက်ရှိနေပါသေးတယ်။ သင်ရော သင့်ရဲ့ပါတနာရော ဆေးစစ်ဖို့ပါ။ သင့်ရဲ့ပါတနာက ပုံမှန်မိမိကိုယ်ကိုယ် ဂရုတစိုက်နဲ့ ကျန်းမာရေးကို အလေးပေးနေတတ်တဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် သင့်ရဲ့ပါတနာက သင် မတိုင်ခင်အရင်တုန်းက ပွေရှုပ်ခဲ့ဖူးမယ်ဆိုရင် ဆေးစစ်ကို စစ်ပေးဖို့ သတိပေးပါရစေ။ လိုအပ်တဲ့နေရာမှာ ငွေကြေးနှမြောနေဦးမယ်ဆိုရင်တော့ မလိုအပ်ပဲ သင့်ရဲ့ငွေကြေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ကုန်ကျရလိမ့်မယ်ဆိုတာ သိထားရပါလိမ့်မယ်။

တစ်ခါတစ်ရံ လက်မထပ်ပဲအတူတူနေခြင်းကနေတစ်ဆင့် တစ်ဘဝလုံးစာလက်ထပ်ဖြစ်တဲ့အထိ သံဃောဇဉ်တွေ နှောင်ဖွဲ့သွားနိုင်ပေမယ့် တစ်ချို့ယောက်ျားလေးတွေကျပြန်တော့လည်း အတူတူနေပြီးရင် သင့်အပေါ်သွေးအေးသွားနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောခြင်းဟာ ယောက်ျားလေးတစ်ယောက်ကို ချုပ်နှောင်တွယ်ဖက်ထားနိုင်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို ချစ်တင်းမနှောခင်မှာ လုံးဝလက်ခံထားပါ။

နောက်ဆုံးတစ်ခုပေမယ့် သင့်ရဲ့စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ဖို့ သိထားရမယ့်အရာပါ။ အဲဒါကတော့ သင် ပထမဆုုံးအကြိမ် ချစ်တင်းနှောပြီး သင့်ရဲ့ အပျိုစင်ဘဝကို ပေးအပ်ခဲ့တဲ့ ပါတနာက သင့်ဘဝတစ်ခုလုံးစာရဲ့ ပါတနာဖြစ်ချင်မှဖြစ်လာမယ်ဆိုတာပါပဲ။ သင့်ရဲ့စိတ်ကို ဖြေလျှော့ထားလိုက်ပါ။ လူ့ဘဝဟာ စွန့်လွှတ်တန်တာစွန့်လွှတ်တတ်ရပါလိမ့်မယ်။ ဒါကြောင့် အခုပဲ သင့်စိတ်ကို ကြိုတင်ပြင်ဆင်ထားလိုက်ပါ။

ချစ်တင်းနှောခြင်းဟာ လူသားတွေအားလုံးအတွက် ဘဝကြီးမဟုတ်ပါဘူူး။ သင့်ရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရရုံနဲ့လည်း သင့်ဘဝကြီး ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ မယူဆသင့်ပါဘူး။ တစ်နေ့နေ့တစ်ချိန်ချိန် သင့်ပါတနာနဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ကြပြီဆိုရင်တောင် သင့်ဘဝကို ရဲရဲရင့်ရင့်လျှောက်လှမ်းဖို့ သင်အမြဲအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...