ဒီေန႔ နာမည္ႀကီးေနတဲ့ ေက်ာက္ပန္းေတာင္းက အေဆာက္အဦး ၿဖိဳခ်မႈႀကီး


ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ သာယာေအးရပ္ကြက္ တြင္ စည္ပင္ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားသည့္ အလုံအပိတ္အေဆာက္အဦးတစ္ခုအား ဇူလိုင္ ၂၇ရက္ ည၈နာရီ၀န္းက်င္ခန္႕က စတင္ၿဖိဳဖ်က္ ေနေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခိုင္က The Ladies သို႕အတည္ျပဳေျပာသည္။
“အေျခအေနက ေတာ့ အမွန္က ဗလီဆိုၿပီးလူေတြ၀ိုင္းလာၾကတာေပါ့ တေျဖးေျဖးနဲ႕လူေတြကမ်ားလာတာ မ်ားလာေတာ့ တာ၀န္ရွိသူေတြ အားလုံးက အဲ့ဒီအေဆာက္အဦးက စည္ပင္ကိုတင္ထားတာမရွိဘူး ျဖစ္ေနတယ္ စည္ပင္တင္ထားတာမရွိဘူးတစ္ခ်က္ ၊ေနာက္ ဒီမွာ ဆူပူအုံၾကြမႈကျဖစ္လာၿပီ ေအာ္ၾကဟစ္ၾကျဖစ္လာေတာ့ ကၽြန္ေတာ္တို႕ ေနာက္ဆုံး ဗလီဟုတ္ခ်င္း မဟုတ္ခ်င္းထက္ ဒီႏွစ္ခ်က္ နဲ႕ပဲ ကၽြန္ေတာ္တို႕ကဖ်က္လိုက္တယ္”ဟု ဦးေအးခိုင္ကေျပာသည္။
အဆိုပါအေဆာက္အဦးေဆာက္လုပ္မႈႏွင့္ပတ္သက္၍ စည္ပင္သာယာေရးေကာ္မတီက တားျမစ္ခဲ့ေသာ္လည္း ဆက္လက္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“စည္ပင္ကို အေဆာက္အဦးေဆာက္ခြင့္မတင္မထားဘူး စည္ပင္က တားတယ္ တားတာကို ထပ္ေဆာက္တယ္ အဲ့ဒီအခ်က္ကို သူဖ်က္ထားတယ္ ေနာက္တစ္ခ်က္က လူေတြကမ်ားလာၿပီ ဆူပူအုံၾကြမႈက ပိုၿပီးဆိုးလာၿပီ
ဆိုးလာေတာ့ ကၽြန္ေတာ္တို႕ကၿမိဳ႕အတြက္ ေအးခ်မ္းသာယာေအာင္ ဆူပူအုံႀကြမႈမျဖစ္ေအာင္
မဖ်က္မျခင္းမျပန္ဘူးဆိုေတာ့ အားလုံး ကၽြန္ေတာ္တို႕ အဲ့ဒီႏွစ္ခ်က္နဲ႕ ဖ်က္လိုက္ရတယ္
အခုေတာ့ဖ်က္ေနၿပီ အဓိကကေတာ့စည္ပင္ ဥပေဒနဲ႕မညီညြတ္တာ အေဆာက္အဦးေဆာက္တာလည္း မေျပာဘူး
စည္ပင္တားတဲ့အခ်ိန္လည္းထပ္ေဆာက္တယ္ ေနာက္ၿပီးအလုံပိတ္ႀကီးေဆာက္ထားတယ္ဆိုေတာ့ အရပ္က တစ္မ်ိဳးျမင္တာေပါ့
လူထုကိုလည္းဖ်က္မခိုင္းဘူး ကၽြန္ေတာ္တို႕ ဒီက ေကာ္မတီေတြ တာ၀န္ရွိသူေတြအစည္းအေ၀းထိုင္တယ္
အစည္းအေ၀းထိုင္ၿပီး ကၽြန္ေတာ္တို႕က ျပည္သူလူထုကမဖ်က္ရင္မျပန္ဘူးဆိုေတာ့ ကၽြန္ေတာ္တို႕ဖ်က္လိုက္ရပါတယ္”ဟု ဦးေအးခိုင္ကဆက္လက္ေျပာၾကားခဲ့သည္။
ေဇာ္မင္းထြန္း
The Ladies News
Photo Credit .Myo Ko Ko
==========
Unicode
ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် တွင် စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အလုံအပိတ်အဆောက်အဦးတစ်ခုအား ဇူလိုင် ၂၇ရက် ည၈နာရီဝန်းကျင်ခန့်က စတင်ဖြိုဖျက် နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က The Ladies သို့အတည်ပြုပြောသည်။
“အခြေအနေက တော့ အမှန်က ဗလီဆိုပြီးလူတွေဝိုင်းလာကြတာပေါ့ တဖြေးဖြေးနဲ့လူတွေကများလာတာ များလာတော့ တာဝန်ရှိသူတွေ အားလုံးက အဲ့ဒီအဆောက်အဦးက စည်ပင်ကိုတင်ထားတာမရှိဘူး ဖြစ်နေတယ် စည်ပင်တင်ထားတာမရှိဘူးတစ်ချက် ၊နောက် ဒီမှာ ဆူပူအုံကြွမှုကဖြစ်လာပြီ အော်ကြဟစ်ကြဖြစ်လာတော့ ကျွန်တော်တို့ နောက်ဆုံး ဗလီဟုတ်ချင်း မဟုတ်ချင်းထက် ဒီနှစ်ချက် နဲ့ပဲ ကျွန်တော်တို့ကဖျက်လိုက်တယ်”ဟု ဦးအေးခိုင်ကပြောသည်။
အဆိုပါအဆောက်အဦးဆောက်လုပ်မှုနှင့်ပတ်သက်၍ စည်ပင်သာယာရေးကော်မတီက တားမြစ်ခဲ့သော်လည်း ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“စည်ပင်ကို အဆောက်အဦးဆောက်ခွင့်မတင်မထားဘူး စည်ပင်က တားတယ် တားတာကို ထပ်ဆောက်တယ် အဲ့ဒီအချက်ကို သူဖျက်ထားတယ် နောက်တစ်ချက်က လူတွေကများလာပြီ ဆူပူအုံကြွမှုက ပိုပြီးဆိုးလာပြီ
ဆိုးလာတော့ ကျွန်တော်တို့ကမြို့အတွက် အေးချမ်းသာယာအောင် ဆူပူအုံကြွမှုမဖြစ်အောင်
မဖျက်မခြင်းမပြန်ဘူးဆိုတော့ အားလုံး ကျွန်တော်တို့ အဲ့ဒီနှစ်ချက်နဲ့ ဖျက်လိုက်ရတယ်
အခုတော့ဖျက်နေပြီ အဓိကကတော့စည်ပင် ဥပဒေနဲ့မညီညွတ်တာ အဆောက်အဦးဆောက်တာလည်း မပြောဘူး
စည်ပင်တားတဲ့အချိန်လည်းထပ်ဆောက်တယ် နောက်ပြီးအလုံပိတ်ကြီးဆောက်ထားတယ်ဆိုတော့ အရပ်က တစ်မျိုးမြင်တာပေါ့
လူထုကိုလည်းဖျက်မခိုင်းဘူး ကျွန်တော်တို့ ဒီက ကော်မတီတွေ တာဝန်ရှိသူတွေအစည်းအဝေးထိုင်တယ်
အစည်းအဝေးထိုင်ပြီး ကျွန်တော်တို့က ပြည်သူလူထုကမဖျက်ရင်မပြန်ဘူးဆိုတော့ ကျွန်တော်တို့ဖျက်လိုက်ရပါတယ်”ဟု ဦးအေးခိုင်ကဆက်လက်ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
Photo Credit .Myo Ko Ko

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...