ေရႊတိဂံုေစတီေတာ္ အလွဴခံရေငြက်ပ္ ဘီလီယံ ၆၀ ေက်ာ္အတြက္ ဘဏ္က အတိုးမ ေပးႏုိင္

ေရႊတိဂံုေစတီေတာ္ အလွဴခံရေငြက်ပ္ ဘီလီယံ ၆၀ ေက်ာ္အတြက္ ဘဏ္က အတိုးမ ေပးႏုိင္၍ အစိုးရေငြတုိက္စာခ်ဳပ္ မ်ားကို ၁၂ ႏွစ္စာ ၀ယ္ထားရ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ ေက်းမႈ၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး သူရဦးေအာင္ကိုက ေျပာ သည္။

က်ပ္ဘီလီယံ ၆၀ ေက်ာ္အ တြက္ ျမန္မာ့စီးပြားေရးဘဏ္က လစာအတုိးေပးရန္ ခက္ခဲလာသ ျဖင့္ ထပ္မံရရွိလာသည့္ ေငြမ်ား ကို ဘဏ္တြင္ အပ္ႏွံျခင္းမျပဳေတာ့ ဘဲ ယခုကဲ့သို႔ ေငြတုိက္စာခ်ဳပ္မ်ား ၀ယ္ယူရျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘ဘဏ္က အတိုးေပးဖို႔ ခက္ လာတယ္။ ဒါေၾကာင့္ ၁၂ ႏွစ္စာ ေငြတိုက္စာခ်ဳပ္၀ယ္ရပါတယ္။ ၁၂ ႏွစ္ၾကာမွ ေငြရမယ္။ အတိုး ေရာ အရင္းေရာ’’ဟု သူရဦး ေအာင္ကိုက ေျပာသည္။

ေရႊတိဂံုေစတီတြင္ အလွဴေငြမ်ားအျဖစ္ က်ပ္ေငြအျပင္ကန္ေဒၚလာသန္း ၂၀ ေက်ာ္ ရွိေနေၾကာင္း ေရႊတိဂံုေစတီေဂါပက ထုတ္ျပန္ထားသည္။

ေရႊတိဂံုေစတီေတာ္ အလွဴ ေငြမ်ားကို ေစတီေတာ္အတြက္ သာ အသံုးျပဳရမည္ျဖစ္ၿပီး လမ္း ေဖာက္ျခင္း၊ တံတားေဆာက္ျခင္း တြင္ အသံုးျပဳ၍ မရေၾကာင္း သူရ ဦးေအာင္ကုိက ေျပာသည္။ အဆို ပါ ကန္႔သတ္ခ်က္သည္ ႏုိင္ငံ ေတာ္ သံဃနာယကအဖဲြ႕၏ ခ်မွတ္ထားသည့္ မူ၀ါဒျဖစ္ၿပီး ဗုဒၶဘာသာႏွင့္ ပတ္သက္ေသာ အေျခခံစည္းမ်ဥ္းျဖစ္ေၾကာင္း၎က ေျပာသည္။

သို႔ေသာ္ ေစတီေတာ္ႏွင့္ တိုက္႐ိုက္မသက္ဆုိင္သည့္ ေမာ္ ေတာ္ယာဥ္ရပ္နားခ၊ ဆုိင္ခန္းေလ လံ စသည့္ကိစၥမ်ားမွရသည့္ ၀င္ေငြမ်ားကို ေစတီေတာ္ၾသ၀ါဒါစရိယဆရာေတာ္မ်ား၏ လမ္းၫႊန္ခ်က္ျဖင့္ အသံုးျပဳႏုိင္ေၾကာင္း၎က ဆုိသည္။ ေရႊတိဂံုေစတီေတာ္တြက္ အလွဴေငြရရွိမႈ ႏွစ္မ်ိဳးႏွစ္စားရွိၿပီး ေစတီေတာ္ကုိ လွဴဒါန္းသည့္အ လွဴေငြႏွင့္ ေစ်းဆုိင္ခန္းမ်ား၊ ပန္း ဆုိင္မ်ား အစရွိသည့္ ကန္ထ႐ိုက္ ေပးထားေသာ လုပ္ငန္းမ်ားမွ ရရွိ သည့္ စီမံခန္႔ခဲြမႈေငြမ်ားဟူ၍ ခဲြ ျခားထားသည္။ ယခု က်ပ္ဘီလီ ယံ ၆၀ ေက်ာ္သည္ အဆိုပါႏွစ္မ်ိဳး စလံုးမွ ရရွိထားသည့္ ေငြမ်ားျဖစ္ ေၾကာင္း ေရႊတိဂံုေစတီ ေဂါပက အဖဲြ႕က ထုတ္ျပန္ထားသည္။

Credit; 7Day
=============

ရွှေတိဂုံစေတီတော် အလှူခံရငွေကျပ် ဘီလီယံ ၆၀ ကျော်အတွက် ဘဏ်က အတိုးမ ပေးနိုင်၍ အစိုးရငွေတိုက်စာချုပ် များကို ၁၂ နှစ်စာ ဝယ်ထားရ ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော သည်။

ကျပ်ဘီလီယံ ၆၀ ကျော်အ တွက် မြန်မာ့စီးပွားရေးဘဏ်က လစာအတိုးပေးရန် ခက်ခဲလာသ ဖြင့် ထပ်မံရရှိလာသည့် ငွေများ ကို ဘဏ်တွင် အပ်နှံခြင်းမပြုတော့ ဘဲ ယခုကဲ့သို့ ငွေတိုက်စာချုပ်များ ဝယ်ယူရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဘဏ်က အတိုးပေးဖို့ ခက် လာတယ်။ ဒါကြောင့် ၁၂ နှစ်စာ ငွေတိုက်စာချုပ်ဝယ်ရပါတယ်။ ၁၂ နှစ်ကြာမှ ငွေရမယ်။ အတိုး ရော အရင်းရော’’ဟု သူရဦး အောင်ကိုက ပြောသည်။

ရွှေတိဂုံစေတီတွင် အလှူငွေများအဖြစ် ကျပ်ငွေအပြင်ကန်ဒေါ်လာသန်း ၂၀ ကျော် ရှိနေကြောင်း ရွှေတိဂုံစေတီဂေါပက ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီတော် အလှူ ငွေများကို စေတီတော်အတွက် သာ အသုံးပြုရမည်ဖြစ်ပြီး လမ်း ဖောက်ခြင်း၊ တံတားဆောက်ခြင်း တွင် အသုံးပြု၍ မရကြောင်း သူရ ဦးအောင်ကိုက ပြောသည်။ အဆို ပါ ကန့်သတ်ချက်သည် နိုင်ငံ တော် သံဃနာယကအဖွဲ့၏ ချမှတ်ထားသည့် မူဝါဒဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အခြေခံစည်းမျဉ်းဖြစ်ကြောင်း၎င်းက ပြောသည်။

သို့သော် စေတီတော်နှင့် တိုက်ရိုက်မသက်ဆိုင်သည့် မော် တော်ယာဉ်ရပ်နားခ၊ ဆိုင်ခန်းလေ လံ စသည့်ကိစ္စများမှရသည့် ဝင်ငွေများကို စေတီတော်သြဝါဒါစရိယဆရာတော်များ၏ လမ်းညွှန်ချက်ဖြင့် အသုံးပြုနိုင်ကြောင်း၎င်းက ဆိုသည်။ ရွှေတိဂုံစေတီတော်တွက် အလှူငွေရရှိမှု နှစ်မျိုးနှစ်စားရှိပြီး စေတီတော်ကို လှူဒါန်းသည့်အ လှူငွေနှင့် စျေးဆိုင်ခန်းများ၊ ပန်း ဆိုင်များ အစရှိသည့် ကန်ထရိုက် ပေးထားသော လုပ်ငန်းများမှ ရရှိ သည့် စီမံခန့်ခွဲမှုငွေများဟူ၍ ခွဲ ခြားထားသည်။ ယခု ကျပ်ဘီလီ ယံ ၆၀ ကျော်သည် အဆိုပါနှစ်မျိုး စလုံးမှ ရရှိထားသည့် ငွေများဖြစ် ကြောင်း ရွှေတိဂုံစေတီ ဂေါပက အဖွဲ့က ထုတ်ပြန်ထားသည်။

Credit; 7Day

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...