ဝေဖန်မှုတွေများနေသော မအေးသောင်းနှင့် ဂျင်းကောင်တို့ရဲ""မင်္ဂလာရှိသော အရပ်"ဇာတ်ကား


" ပညာရေးမှ ဦးဆောင် ကန့်ကွက်သင့်ပါသည် "
______________________
မြင့်မြတ်နဲ့ အေးဝတ်ရည်သောင်းတို့ ပါဝင်သရုပ်ဆောင်မယ့်
"မင်္ဂလာရှိသော အရပ်"ဇာတ်လမ်းတွဲမှာ အေးဝတ်ရည်သောင်းမှ စကားထစ်သော ကျောင်းဆရာမလေးအဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့
သိရပါတယ်...
ကျွန်တော်တို့ ပညာရေးဌာနမှာ ဆရာ၊ဆရာမ ခန့်ထားဖို့
လူတွေ့ စစ်ဆေးစဉ်ကတည်းက စကား ထစ်/မထစ်(တိုင်းရင်းသား စကားမပီခြင်းကို မဆိုလို)၊
ကိုယ်လက်အင်္ဂါ စုံလင်မှု ရှိ/မရှိ စသဖြင့် စစ်ဆေးပြီးမှ
ခန့်ထားခြင်း ဖြစ်ပါတယ်...
စကားထစ်သူကို လုံးဝ ဆရာ/မ မခန့်ထားပေးတဲ့အတွက်
လက်တွေ့နဲ့ ဆန့်ကျင်နေပြီး ပညာရေးဌာန သိက္ခာကျအောင်
ပြုမူသလိုမျိုး ဖြစ်နေပါလိမ့်မယ်...
ဒီဇာတ်ကားမှ မအေးဝတ်ရည်သောင်းအနေဖြင့် စကားထစ်
သော ဆရာမလေးအဖြစ် သရုပ်မဆောင်ဘဲ စကားမပီသော
ဆရာမလေးအဖြစ်သာ သရုပ်ဆောင်သင့်ပါတယ်...
အကယ်၍ စကားထစ်သော ဆရာမလေးအဖြစ်
သရုပ်ဆောင်မယ်ဆိုရင် ပညာရေးဌာနကို ထိခိုက်ချိုးနှိမ်ရာ
ရောက်မှာ ဖြစ်တဲ့အတွက် ပညာရေးဌာန အကြီးအကဲများ
အနေဖြင့် မဖြစ်မနေ ဦးဆောင် ကန့်ကွက်သင့်ပါတယ်လို့
အကြံပြု တိုက်တွန်းလိုက်ပါသည်။
ဖြိုးဝေအောင်(ကန်ကြီးထောင့်)


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...