၁၆ ႏွစ္အရြယ္ အလွမယ္ တုိက္႐ိုက္ထုတ္လႊင့္စဥ္ ကားမေတာ္တဆျဖစ္ ေသဆံုး (႐ုပ္သံ)


in car6

ယူကရိန္းႏုိင္ငံမွာ အသက္ ၁၆ ႏွစ္အရြယ္ အလွမယ္က သူနဲ႔ သူမရဲ႕သူငယ္ခ်င္း ေသာက္စားၿပီး ကားေမာင္းေနတဲ့ ႐ုပ္သံ ႐ိုက္ကာ တုိက္႐ိုက္လႊင့္ေနစဥ္ ကားမေတာ္တဆမႈျဖစ္ၿပီး ေသဆံုးခဲ့လုိ႔ သူမရဲ႕ ေသဆံုးမႈကို သူမကုိယ္တုိင္ တိုက္႐ိုက္႐ုပ္သံလႊင့္ခဲ့သလုိ ျဖစ္ပ်က္ခဲ့ပါတယ္။
အသက္ ၁၆ ႏွစ္အရြယ္ ဆုိဖီယာမာဂါကုိနဲ႔ အသက္ ၂၄ ႏွစ္အရြယ္ ဒါရွာတုိ႔ ေသာက္စားၿပီး သူတုိ႔ရဲ႕ ဘီအမ္ဒဗလ်ဴကားကို အရွိန္ျမင့္ေမာင္းခဲ့ၾကလုိ႔ လမ္းမီးတုိင္ကုိ သူတုိ႔ကားေခါင္းနဲ႔ တုိက္ခဲ့မိၾကတာပါ။
ယူကရိန္းႏုိင္ငံ Izyum ၿမိဳ႕ရဲ႕ အလွမယ္ၿပိဳင္ပြဲမွာ အလွမယ္ဆု ရခဲ့တဲ့ ဆုိဖီယာက ဒီကားတုိက္မႈမွာ ေသဆံုးသြားခဲ့တယ္လုိ႔ ရဲေတြရဲ႕ေျပာၾကားခ်က္ကို ရည္ညႊန္းၿပီး သတင္းေတြ ထုတ္ျပန္ခဲ့ပါတယ္။
လမ္းေပၚမွာ ကားတစီးလံုး တြန္႔ေၾကပ်က္စီးသြားတဲ့ ဆုိးရြားစိတ္ပ်က္ဖြယ္ ဓာတ္ပံုေတြကိုလည္း ေတြ႔ရပါတယ္။
႐ုပ္သံထဲမွာ ျမင္ရတဲ့ ကားကုိအဆင္ျခင္မဲ့ ေမာင္းခဲ့သူ အလွမယ္ရဲ႕ သူငယ္ခ်င္းလည္း ေဆး႐ံုပုိ႔စဥ္ လမ္းမွာ ေသဆံုးသြားတယ္လုိ႔ သိရပါတယ္။
ရုပ္သံထဲမွာ အလွမယ္နဲ႔ သူမရဲ႕သူငယ္ခ်င္းက အရက္ပုလင္းကုိ ေမာ့ေသာက္ေနၾကၿပီး “ဟုိင္း ေကာင္ေလးေတြ” လုိ႔ ကင္မရာကို လွမ္းေျပာလုိက္တဲ့ ပံုကိုလည္း ကားမေတာ္တဆ မျဖစ္ခင္ ေတြ႔ရပါတယ္။
ေကာင္မေလးေတြက သူတုိ႔ ၂ ဦးကို ေသဆံုးသြားေစတဲ့ ကားတုိက္မႈမျဖစ္ခင္ စကၠန္႔ပိုင္းအလိုမွာ သူတုိ႔ “ဘဝကို ဘယ္ေလာက္ေတာင္ ႏွစ္ၿခိဳက္ေၾကာင္း” ေျပာဆုိ ရယ္ေမာခဲ့ၾကတယ္လုိ႔လည္း ဆုိပါတယ္။
အဲဒီေနာက္ ႐ုပ္သံထဲမွာ ကားတုိက္သံၾကားရၿပီး ႐ုပ္သံမ်က္ႏွာျပင္ အမဲေရာင္ေျပာင္းသြားတာကို ေတြ႔ရမွာပါ။
မၾကာမီ လူေတြေရာက္လာၿပီး အနည္းဆံုး တေယာက္ေတာ့ေသမယ္လုိ႔ ထင္ၾကတယ္လုိ႔ ဆုိပါတယ္။
အဲဒီေနာက္ လူေတြက လူနာတင္ယာဥ္ေခၚၿပီး အေၾကာင္းၾကားခဲ့တာပါ။
ရဲေတြက ေသဆံုးမႈကို အတည္ျပဳႏုိင္ေပမယ့္ ကားတုိက္မႈျဖစ္ရတဲ့ အေၾကာင္းျပခ်က္ေတြကိုေတာ့ ခုထိ မထုတ္ျပန္ဘူးလုိ႔ သတင္းမွာ ေရးထားပါတယ္။
DVB
==============

ယူကရိန်းနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် အလှမယ်က သူနဲ့ သူမရဲ့သူငယ်ချင်း သောက်စားပြီး ကားမောင်းနေတဲ့ ရုပ်သံ ရိုက်ကာ တိုက်ရိုက်လွှင့်နေစဉ် ကားမတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့လို့ သူမရဲ့ သေဆုံးမှုကို သူမကိုယ်တိုင် တိုက်ရိုက်ရုပ်သံလွှင့်ခဲ့သလို ဖြစ်ပျက်ခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် ဆိုဖီယာမာဂါကိုနဲ့ အသက် ၂၄ နှစ်အရွယ် ဒါရှာတို့ သောက်စားပြီး သူတို့ရဲ့ ဘီအမ်ဒဗလျူကားကို အရှိန်မြင့်မောင်းခဲ့ကြလို့ လမ်းမီးတိုင်ကို သူတို့ကားခေါင်းနဲ့ တိုက်ခဲ့မိကြတာပါ။

ယူကရိန်းနိုင်ငံ Izyum မြို့ရဲ့ အလှမယ်ပြိုင်ပွဲမှာ အလှမယ်ဆု ရခဲ့တဲ့ ဆိုဖီယာက ဒီကားတိုက်မှုမှာ သေဆုံးသွားခဲ့တယ်လို့ ရဲတွေရဲ့ပြောကြားချက်ကို ရည်ညွှန်းပြီး သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

လမ်းပေါ်မှာ ကားတစီးလုံး တွန့်ကြေပျက်စီးသွားတဲ့ ဆိုးရွားစိတ်ပျက်ဖွယ် ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။

ရုပ်သံထဲမှာ မြင်ရတဲ့ ကားကိုအဆင်ခြင်မဲ့ မောင်းခဲ့သူ အလှမယ်ရဲ့ သူငယ်ချင်းလည်း ဆေးရုံပို့စဉ် လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ရုပ်သံထဲမှာ အလှမယ်နဲ့ သူမရဲ့သူငယ်ချင်းက အရက်ပုလင်းကို မော့သောက်နေကြပြီး “ဟိုင်း ကောင်လေးတွေ” လို့ ကင်မရာကို လှမ်းပြောလိုက်တဲ့ ပုံကိုလည်း ကားမတော်တဆ မဖြစ်ခင် တွေ့ရပါတယ်။

ကောင်မလေးတွေက သူတို့ ၂ ဦးကို သေဆုံးသွားစေတဲ့ ကားတိုက်မှုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ သူတို့ “ဘဝကို ဘယ်လောက်တောင် နှစ်ခြိုက်ကြောင်း” ပြောဆို ရယ်မောခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် ရုပ်သံထဲမှာ ကားတိုက်သံကြားရပြီး ရုပ်သံမျက်နှာပြင် အမဲရောင်ပြောင်းသွားတာကို တွေ့ရမှာပါ။

မကြာမီ လူတွေရောက်လာပြီး အနည်းဆုံး တယောက်တော့သေမယ်လို့ ထင်ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် လူတွေက လူနာတင်ယာဉ်ခေါ်ပြီး အကြောင်းကြားခဲ့တာပါ။

ရဲတွေက သေဆုံးမှုကို အတည်ပြုနိုင်ပေမယ့် ကားတိုက်မှုဖြစ်ရတဲ့ အကြောင်းပြချက်တွေကိုတော့ ခုထိ မထုတ်ပြန်ဘူးလို့ သတင်းမှာ ရေးထားပါတယ်။

DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...