မလံုမၿခံဳဝတ္ဆင္လာသျဖင့္ စတိုးဆိုင္ထဲမွ ေမာင္းထုတ္ခံရသည့္ ေမာ္ဒယ္မေလး


ပေလးဘြိဳင္မဂၢဇင္းရဲ႕ လိင္ဆြဲအားျပင္း အေဖာ္အခၽြတ္ ေမာ္ဒယ္မိန္းကေလးတဦးဟာ စတိုးဆိုင္တဆိုင္ထဲကို မလံုမၿခံဳ အဝတ္အစားနဲ႔ လာေရာက္ခဲ့တဲ့အတြက္ ဆိုင္ထဲကေန ေမာင္းထုတ္ခံခဲ့ရပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ ဂ်ာမန္အမ်ိဳးသမီး ေမာ္ဒယ္ တန္ဂ်ာဘေရာ့ခ္မန္းဟာ စပိန္အပန္းေျဖကၽြန္းတကၽြန္းျဖစ္တဲ့ မေဂ်ာ္ကာကၽြန္းဆီ အားလပ္ရက္ ခရီးထြက္ခဲ့ခ်ိန္မွာ ခုလိုျဖစ္ခဲ့တာလို႔ သည္ဆန္းသတင္းမွာ ဒီကေန႔ ေဖာ္ျပပါတယ္။
Playboy model02-CEN

သူဟာ အဲေရာ့စ္ကီး အမည္ရတဲ့ အဲဒီစတိုးဆိုင္ထဲကို ဟင္းသီးဟင္းရြက္ဝယ္ဖို႔ သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။
ရာသီဥတုကလည္း အပူခ်ိန္ ၃၆ ဒီဂရီစင္တီဂရိတ္ေလာက္ ရွိတာမို႔ ဘေရာ့ခ္မန္းဟာ တိုလြန္းတဲ့ ခပ္ေဟာ့ေဟာ့ေဘာင္းဘီတိုနဲ႔ အေပၚကေတာ့ ရင္သားေတြ ေပၚလုမတတ္ျဖစ္ေနတဲ့ အနက္ေရာင္ ႀကိဳးတေခ်ာင္းအက်ႌတထည္ကို တြဲဖက္ဝတ္ဆင္ထားခဲ့တာပါ။
“ဆိုင္ထဲမွာ က်မဝယ္ထားတာေတြလည္း ေစ်းျခင္းေတာင္းထဲ ျပည့္လုနီးပါး ရွိေနခ်ိန္မွာ က်မနားကို ဆိုင္ဝန္ထမ္းတေယာက္ ေရာက္လာၿပီး စပိန္လိုေျပာတယ္။ ၿပီးေတာ့မွ အဂၤလိပ္လို ‘အေပၚရွပ္အက်ႌဝတ္ပါ၊ အေပၚရွပ္အက်ႌဝတ္ပါ’ လို႔ ထပ္တလဲလဲ ေျပာခဲ့တာရွင့္။ ၿပီးေတာ့ သူ႔အသံက ပိုၿပီး က်ယ္သထက္က်ယ္လာတာ။”
အဲဒီေနာက္ေတာ့ သူ႔ကို ဆိုင္ဝန္ထမ္း အမ်ိဳးသမီးက ဆိုင္ထဲကေန အျပင္ကို ဆြဲထုတ္ခံခဲ့ရတာပါ။
“လူေတြ အမ်ားႀကီး ဝုိင္းအံုၾကည့္ေနၾကတယ္။ က်မသြားခဲ့တာက စူပါမားကက္ေလ။ ဘုရားေက်ာင္းမွ မဟုတ္တာ။ ဒါက က်မကို ေတာ္ေတာ့္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ လူေတြၾကည့္ေနလိုက္ၾကတာမ်ား က်မက ဆိုင္ထဲက တခုခုခိုးေတာ့မလိုဘဲ” လို႔ ဘေရာ့ခ္မန္းက ဆိုပါတယ္။
သူ႔ကို ေမာင္းထုတ္ခ်ိန္မွာ ဝယ္ယူဖို႔ ျပင္ဆင္ထားတဲ့ ဟင္းသီးဟင္းရြက္ေတြကို ပိုက္ဆံမရွင္းရေသးတာမို႔ ေနာက္တဆိုင္ကို ရွာေဖြခဲ့ရတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
Credit:DVB
Playboy model03-CEN
Unicode
ပလေးဘွိုင်မဂ္ဂဇင်းရဲ့ လိင်ဆွဲအားပြင်း အဖော်အချွတ် မော်ဒယ်မိန်းကလေးတဦးဟာ စတိုးဆိုင်တဆိုင်ထဲကို မလုံမခြုံ အဝတ်အစားနဲ့ လာရောက်ခဲ့တဲ့အတွက် ဆိုင်ထဲကနေ မောင်းထုတ်ခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျာမန်အမျိုးသမီး မော်ဒယ် တန်ဂျာဘရော့ခ်မန်းဟာ စပိန်အပန်းဖြေကျွန်းတကျွန်းဖြစ်တဲ့ မဂျော်ကာကျွန်းဆီ အားလပ်ရက် ခရီးထွက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
သူဟာ အဲရော့စ်ကီး အမည်ရတဲ့ အဲဒီစတိုးဆိုင်ထဲကို ဟင်းသီးဟင်းရွက်ဝယ်ဖို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ရာသီဥတုကလည်း အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်လောက် ရှိတာမို့ ဘရော့ခ်မန်းဟာ တိုလွန်းတဲ့ ခပ်ဟော့ဟော့ဘောင်းဘီတိုနဲ့ အပေါ်ကတော့ ရင်သားတွေ ပေါ်လုမတတ်ဖြစ်နေတဲ့ အနက်ရောင် ကြိုးတချောင်းအင်္ကျီတထည်ကို တွဲဖက်ဝတ်ဆင်ထားခဲ့တာပါ။
“ဆိုင်ထဲမှာ ကျမဝယ်ထားတာတွေလည်း ဈေးခြင်းတောင်းထဲ ပြည့်လုနီးပါး ရှိနေချိန်မှာ ကျမနားကို ဆိုင်ဝန်ထမ်းတယောက် ရောက်လာပြီး စပိန်လိုပြောတယ်။ ပြီးတော့မှ အင်္ဂလိပ်လို ‘အပေါ်ရှပ်အင်္ကျီဝတ်ပါ၊ အပေါ်ရှပ်အင်္ကျီဝတ်ပါ’ လို့ ထပ်တလဲလဲ ပြောခဲ့တာရှင့်။ ပြီးတော့ သူ့အသံက ပိုပြီး ကျယ်သထက်ကျယ်လာတာ။”
အဲဒီနောက်တော့ သူ့ကို ဆိုင်ဝန်ထမ်း အမျိုးသမီးက ဆိုင်ထဲကနေ အပြင်ကို ဆွဲထုတ်ခံခဲ့ရတာပါ။
“လူတွေ အများကြီး ဝိုင်းအုံကြည့်နေကြတယ်။ ကျမသွားခဲ့တာက စူပါမားကက်လေ။ ဘုရားကျောင်းမှ မဟုတ်တာ။ ဒါက ကျမကို တော်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လူတွေကြည့်နေလိုက်ကြတာများ ကျမက ဆိုင်ထဲက တခုခုခိုးတော့မလိုဘဲ” လို့ ဘရော့ခ်မန်းက ဆိုပါတယ်။
သူ့ကို မောင်းထုတ်ချိန်မှာ ဝယ်ယူဖို့ ပြင်ဆင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုက်ဆံမရှင်းရသေးတာမို့ နောက်တဆိုင်ကို ရှာဖွေခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...