ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သတ်ပြီးတော့ ဒိန်းဒေါင် ပြောပြီ


ပရိသတ်အားပေးမူရရှိထားတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်က ဗီဒီယို ရိုက်ကူးမူ နဲ့ပတ်သတ်ပြီးတော့လည်း Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ် ။ " လက်ရှိ ဗီဒီယိုတွေက သိပ်မလွယ်တော့ဘူး အခုပဲ ကြည့် ကျွန်တော်တို့ အခုရိုက်နေတဲ့ သန်လျင်ရူတင်ခြံမှာဆို ဟိုနား ဒီနားရိုက်နေကြတာ အများကြီးပဲလေ။ အခုဆို မရှိတော့ဘူး စိတ်လည်း မကောင်းဘူး " လို့ ပြောပါတယ်။ ရုပ်ရှင်ဇာတ်ကား တွေနဲ့ပတ်သတ်ပြီးတော့လည်း " ရှပ်ရှင်ဇာတ်ကားက ဆင်ဆာတွေ တော်တော်များနေတယ်။ တော်ရုံတန်ရုံ "တောက်"ခေါက်တဲ့ စကားလုံးတောင် သုံးမရရင် ရုပ်ရှင်က သဘာဝကျ ဖို့ဝေးသွားလိမ့်မယ်။ ကျွန်တော် ရိုက်ထားတဲ့ လူခြောက်ဇာတ်ကားထဲမှာဆိုရင် အဖေက ဖဲသွားကစားတယ် နိုင်ချင်လို့ လူခြောက်လေး ကို ခေါ်သွားပေမယ့် လူခြောက်လေးက သူတော်ကောင်းဆိုတော့ နိုင်အောင် မလုပ်ပေးတော့ အဖေက ဒေါသထွက်သွားတယ် ဖဲရူံးပြီးတော့ ပိုက်ဆံအားလုံးကုန်သွားတဲ့အခါ နိုင်အောင်မလုပ်ပေးတဲ့ သားသမီးတစ်ယောက်ကို အဖေက ဘယ်လိုပြောမလဲ သားရယ် မင်း ရက်စက်လိုက်တာကွာ အဖေ့ကို နိုင်အောင်မလုပ်ပေးဘူး ဆိုပြီး ဘယ်သူမှ မပြောဘူးလေ..." တောက်.....ဒီလောက်အားကိုးပြီး ခေါ်သွားတာတောင် နိုင်အောင်မလုပ်ပေးဘူး..တော်တော် စောက်သုံးမကျတဲ့ ကောင် ဆိုပြီး ပြောတာ..ပြောခွင့်မရှိဘူးလား...အပြင်မှာရော အဲ့လိုမသုံးကြဘူးလား ..အဲ့ဒါကို "စောက်" ဆိုတဲ့ စကားလုံး ကို ဖျတ်တယ် " လို့ပြောပါတယ်။

Dein Daung

ရုပ်ရှင်ဆင်ဆာ နဲ့ပတ်သတ်ပြီးတော့လည်း " ကျွန်တော် တစ်ခုတော့ ပြောချင်တယ် ကျွန်တော်မပြောဘူး လို့ဆုံးဖြတ်ထားတာပါ ဘယ်လိုဖြစ်စေချင်လဲ ဆိုတော့ နိုင်ငံတော်ပြိုကွဲအောင် အေးချမ်းသာယာ တည်ငြိမ်မူကိုပျတ်စီးအောင်လုပ်ရင် ၊ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို စော်ကားတဲ့ အသုံးအနူန်းအပြောအဆိုပါခဲ့ရင်၊ တိုင်းပြည်မင်းလုပ်အုပ်ချူပ်တဲ့ သူတွေကို အကြည်အညိုပျတ်စေတဲ့ စကားလုံးတွေပါရင် ကြိုက်တာ ဖျတ်လို့ရတယ် ပီးတော့ မောင်နှမ ကြည့်ရူလို့ မသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေကိုလုပ်ပါ။ သူတို့မလုပ်ရင် ဆင်ဆာအဖွဲ့မထားနဲ့ အဲ့ဒါမျိုးတွေကို ပရိသတ်တွေက နောက်ဆို ဝေဖန်ရူံချပြီး အားပေးတော့မှာ မဟုတ်ဘူးလေ အရင်တုန်းက ကျွန်တော် ပျတ်လုံးတွေက ရိုင်းတယ်ကြမ်းတယ်ဆိုပြီးပြောကြတယ် အခုနောက်ပိုင်းတဖြည်းဖြည်းနဲ့ပျောက်လာပါပြီ။ ဘာလို့လဲဆိုတော့ ရှက်လို့ပါ။ တခါတလေကျရင် လိုအပ်တာ မျိုးဆိုရင်တော့ ဆင်ဆာ မဖြတ်စေချင်ဘူး။ ကာရိုတ်တာ နဲ့ ညှိနေတဲ့ စကားလုံး တွေကို တခါတလေ နားလည်ပေးစေချင်ပါတယ်" လို့ပြောပါတယ်။

ရန်ပိုင်စိုး (Myanmar Celebrities)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...