အရင္အိမ္ေထာင္နဲ႔ကေလးေတြအေၾကာင္း ေျပာျပလာတဲ့ ၾကာစိ










5 stars အဖြဲ႕ဝင္ လူရႊင္ေတာ္ဟာသ သရုပ္ေဆာင္ၾကာစိက မၾကာခင္မွာ ခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္ေတာ့မယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္က လက္ထပ္ဖ႔ိုအတြက္ pre wedding ဓာတ္ပုံေတြကိိုဇူလိုင္လ (၁၆) ရက္ေန႔က ႐ိုက္ကူးခဲ့ပါတယ္။ ၾကာစိက ခ်စ္သူနဲ႔ပတ္သတ္ၿပီးေတာ့လည္း Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုေျပာျပခဲ့ပါတယ္။ ” ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္ေကာင္မေလးက ကၽြန္ေတာ္ တို႔ခ်စ္သူ သက္တမ္းကာလအတြင္းမွာ တစ္ေယာက္ကို တစ္ေယာက္ ေလ့လာခဲ့ၿပီးပါၿပီ။ တစ္ေယာက္နဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း နားလည္မူရွိၾကပါတယ္” လို႔ေျပာပါတယ္ ။
ကေလး ေတြနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ” ကၽြန္ေတာ္တို႔ေတြ အေကာင္းဆံုးျပဳစုပ်ိဴးေထာင္ ေစာင့္ေရွာက္သြားမွာပါ ” လက္တြဲဖို႔စၿပီးေတြးခဲ့တာကေတာ့ (၂) ႏွစ္ေက်ာ္ေလာက္ရွိပါၿပီ။ ကၽြန္ေတာ့္ရဲ႕ သားသမီးေတြ အေပၚလည္း ေႏြးေထြး၊ ၾကင္နာမွဳ၊ ေမတၱာေပးႏိုင္မယ့္သူျဖစ္လို႔ ဘ၀ရဲ႕လက္တြဲေဖာ္အျဖစ္ ေရြးလိုက္တာပါ။ အသက္က တစ္ေယာက္နဲ႔တစ္ေယာက္ (၉) ႏွစ္ေလာက္ကြာေပမယ့္ ေမာင္ႏွမေတြလိုပါပဲလို႔ေျပာပါတယ္။

တခ်ိဴ့ေဝဖန္ မူေတြနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ” လူဆိုတာကေတာ့အမ်ိဴးမ်ိဴး ေျပာေနၾကတာပါပဲ ကၽြန္ေတာ္တို႔ကေတာ့ ကၽြန္ေတာ္တို႔အေၾကာင္း ကိုယ့္ဟာကို အသိဆံုးပါပ။ဲ ၾကာစိက သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ ရင္ဆိုင္ၾကံဳေတြ႕ခဲရတဲ့ အခက္အခဲေတြကို ေျပာျပခဲ့ပါတယ္။“အိမ္ေထာင္ေရး ကံမေကာင္းခဲ့တာလည္း (၅) ႏွစ္ေက်ာ္ရွိပါၿပီ၊ ကၽြန္ေတာ့္ ရဲ႕“ကံေစရာ” သီခ်င္းေလးလည္း ေပၚလာခဲ့ပါတယ္။ အဲသီခ်င္းေလး ေရးထားတာလည္း (၃) ႏွစ္ေလာက္ရွိေပမယ့္ လြန္ခဲ့တဲ့ (၁) ႏွစ္ေလာက္ကမွ ထြက္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ေတြ ေသခ်ာအခ်ိန္ယူၿပီးမွ စဥ္းစားၿပီးလက္တြဲခဲ့တာပါ ” လို႔ေျပာပါတယ္ ။

Credit – ရန္ပိုင္စိုး (Myanmar Celebrities)

Unicode

5 stars အဖွဲ့ဝင် လူရွှင်တော်ဟာသ သရုပ်ဆောင်ကြာစိက မကြာခင်မှာ ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်က လက်ထပ်ဖို့အတွက် pre wedding ဓာတ်ပုံတွေကိုဇူလိုင်လ (၁၆) ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။ ကြာစိက ချစ်သူနဲ့ပတ်သတ်ပြီးတော့လည်း Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။ ” ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေးက ကျွန်တော် တို့ချစ်သူ သက်တမ်းကာလအတွင်းမှာ တစ်ယောက်ကို တစ်ယောက် လေ့လာခဲ့ပြီးပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက်လည်း နားလည်မူရှိကြပါတယ်” လို့ပြောပါတယ် ။

ကလေး တွေနဲ့ ပတ်သတ်ပြီးတော့လည်း ” ကျွန်တော်တို့တွေ အကောင်းဆုံးပြုစုပျိူးထောင် စောင့်ရှောက်သွားမှာပါ ” လက်တွဲဖို့စပြီးတွေးခဲ့တာကတော့ (၂) နှစ်ကျော်လောက်ရှိပါပြီ။ ကျွန်တော့်ရဲ့ သားသမီးတွေ အပေါ်လည်း နွေးထွေး၊ ကြင်နာမှု၊ မေတ္တာပေးနိုင်မယ့်သူဖြစ်လို့ ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးလိုက်တာပါ။ အသက်က တစ်ယောက်နဲ့တစ်ယောက် (၉) နှစ်လောက်ကွာပေမယ့် မောင်နှမတွေလိုပါပဲလို့ပြောပါတယ်။

တချိူ့ဝေဖန် မူတွေနဲ့ ပတ်သတ်ပြီးတော့လည်း ” လူဆိုတာကတော့အမျိူးမျိူး ပြောနေကြတာပါပဲ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အကြောင်း ကိုယ့်ဟာကို အသိဆုံးပါပ။ဲ ကြာစိက သူတို့ချစ်သူနှစ်ဦးရဲ့ ရင်ဆိုင်ကြုံတွေ့ခဲရတဲ့ အခက်အခဲတွေကို ပြောပြခဲ့ပါတယ်။“အိမ်ထောင်ရေး ကံမကောင်းခဲ့တာလည်း (၅) နှစ်ကျော်ရှိပါပြီ၊ ကျွန်တော့် ရဲ့“ကံစေရာ” သီချင်းလေးလည်း ပေါ်လာခဲ့ပါတယ်။ အဲသီချင်းလေး ရေးထားတာလည်း (၃) နှစ်လောက်ရှိပေမယ့် လွန်ခဲ့တဲ့ (၁) နှစ်လောက်ကမှ ထွက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ သေချာအချိန်ယူပြီးမှ စဉ်းစားပြီးလက်တွဲခဲ့တာပါ ” လို့ပြောပါတယ် ။

Credit – ရန်ပိုင်စိုး (Myanmar Celebrities)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...