စေတီတော်မျောပါသွားခဲ့သည့် ဒေသရှိကျေးရွာအား ရေလွတ်ရာသို့ ပြောင်းရွှေ့မည်


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆိပ်ခ၀ကျေးရွာအုပ်စု အနောက်သီရိကျေးရွာကို ဇူလိုင်(၂၁)ရက်မှာ မြစ်ရေနဲ့လွတ်ကင်းရာကို ပြောင်းရွှေ့မယ်လို့ ဒေသခံတွေရဲ့ပြောပြ ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်(၂၀)ရက်က ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုတဲ့ အထဲမှာ အဲဒီကျေးရွာအနီးက စေတီတော်ဟာ မြစ်ထဲမျောပါသွားခဲ့တယ်လို့သိရပါတယ်။

ပြောင်းရွှေ့မယ့် အိမ်ခြေစာရင်းနဲ့ လူဦးရေစာရင်းကို ရွာကလူတွေနဲ့ တိုင်ပင်ပြီး ရွာလူထုရဲ့ ပါဝင်မှုနဲ့ ပြောင်းရွှေ့ရမှာ ဖြစ်တဲ့အတွက် ပြောင်းရွှေ့မဲ့ ရက်ရောက်မှသာ အတိအကျသိနိုင် မယ်လို့ ပခုက္ကူမြို့ ဒေသခံကို ရဲထွဋ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ကမ်းပါးပြိုတဲ့ အထဲမျောပါသွားခဲ့တဲ့ စေတီရဲ့ အနောက်ဖက်ရှိ ညောင်ပင်နှစ်ပင်အထိ မြစ်ရေရောက်လာမယ်ဆိုရင် တစ်ရွာလုံးအတွက်တောင် စိုးရိမ်ရတယ်လို့ ကိုရဲထွဋ်က ပြောပါတယ်။

အနောက်သီရိကျေးရွာမှာ အိမ်ခြေ(၂၅၉)လုံးရှိပြီး လူဦးရေ (၉၀၀)ကျော်ရှိပါတယ်။ လက်ရှိမှာရွာရဲ့ အနိမ့်ပိုင်းတွေကို ရေဝင်နေပြီး တစ်ချို့အိမ်တွေဆိုရင် လူတစ်ရပ်မြုပ်တဲ့ အထိရေ၀င်နေတယ်လို့သိရပါတယ်။

မြစ်ထဲ မျောပါသွားခဲ့တဲ့ စေတီတော်ဟာ ဉာဏ်တော် ပေ(၄၀)၊ ပလ္လင်ခုံအကျယ် ပေ(၆၀)ရှိပြီး (၂၀၀၉)ခုနှစ်က ထီးတော်တင်လှူခဲ့တာဖြစ်ပါတယ်။

အနောက်သီရိကျေးရွာဟာ သွားလာရေးခက်ခဲပြီး မြစ်ခြေ- ကျွန်းကျောင်း- တန့်ကြည့်ရွာကနေ တစ်ဆင့် စက်လှေနဲ့ သွားရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို မုံရွာဗျူရိုက ဘုန်းနိုင်ဖြိုးနဲ့ မကွေးဗျူရိုက စိုးစိုးဦးတို့ ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/



Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...